CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 5, 2015
၁၄ နှစ်အရွယ် မြန်မာ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည် မြန်မာ လင်မယားအား ထိုင်းတရားရုံး စီရင်ချက်ချ
ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသတွင် အသက် ၁၄ နှစ်အရွယ် မြန်မာ မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့မှုဖြင့် အ
ပြစ်ရှိကြောင်း ၀န်ခံထားသည့် တရားခံ မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။
ပြစ်မှုကျူး လွန်ရာတွင် ကူညီပေးခဲ့သည့် တရားခံ၏ ဇနီးဖြစ်သူ မရီ ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ သည်။ ကိုနိုင်နှင့် မရီဟု ရဲတပ်ဖွဲ့က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ်ရှိကြောင်း ဖန်ငါရှိ တာကူပါ စီရင်စု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ခူခက်ရဲစခန်းမှ အရာရှိ ပလီတာ ကန်ဆင်း က အတည်ပြုခဲ့သည်။
မရီသည် အဓမ္မပြုကျင့်မှုကို အားပေးကူညီမှုဖြင့် ထိုင်းရာဇ၀တ်မှုဥပဒေပုဒ်မ ၂၇၇ အရ အပြစ်ရှိကြောင်း
တွေ့ရှိရသည်ဟု အရာရှိ ပလီတာက ဖူးခတ်ဂေဇတ် သတင်းဌာနသို့ ပြောကြားသည်။ “မရီက စွဲဆိုမှု ကို
ငြင်းဆိုခဲ့တဲ့အတွက် သီးခြား စစ်ဆေးခဲ့ရပါတယ်” ဟု အရာရှိကဆိုသည်။ ကိုနိုင်က မိန်းကလေးငယ်နှင့် မိသားစုအား လျော်ကြေးပေးကာ အမှုမှလွတ်မြောက်ရန် ကြိုးစားခဲ့သည်။ သို့သော် မိန်းကလေးက အဓမ္မပြု ကျင့်မှုမှာ ခွင့်လွှတ်ျနိုင်စရာမရှိဟုဆိုကာ တရားစွဲဆိုခဲ့သည်။
၂၀၁၄ ခုနှစ် သြဂုတ် ၂၂ တွင် ဖြစ်ပွားခဲ့သည့် အဓမ္မမှုအတွက် ကိုနိုင်က ၀န်ခံ ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆို သည်။ တရားလို မိန်းကလေး၏ အဆိုအရ ကိုနိုင်နှင့် ဇနီး တို့သည် သူမအား ၎င်းတို့အားလုံး အလုပ်လုပ် ရာနှင့် နေထိုင်ရာ ဆောက် လုပ်ရေး လုပ်ငန်းခွင် အနီးရှိ ဈေးတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆို သည်။ဈေးမှ အပြန်တွင် မိန်းကလေးအား ကိုနိုင် က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
မိန်းကလေး က “ဈေးကပြန်လာချိန်မှာ သူ့မိန်းမက အိမ်သာဝင်ချင်တယ်ဆိုပြီး ဘယ်သူမှမရှိတဲ့ အဆောက် အအုံဟောင်းတစ်ခုထဲကို ၀င်သွားပါတယ်။ ခနနေတော့ ကိုနိုင်က ကျွန်မကို သူ့မိန်းမအနောက်လိုက်ခိုင်းပါ တယ်။ ကျွန်မ က ငြင်းတော့ အဲသည်အိမ်အိုထဲကို အတင်းဆွဲခေါ်ပြီး အဓမ္မကျင့်ဖို့ ကြိုးစား ပါတယ်။ သူ့မိန်း မက ကျွန်မကို ကူချုပ်ထားပေးပြီး အဓမ္မကျင့်ခဲ့ပါတယ်။ ကျွန်မ က လွှတ်အောင်ရုန်းကန်ရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့ အား ပြောကြား ခဲ့သည်။
မုဒိမ်းမှု ဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကိုနိုင်၏ ဇနီးက မိန်းကလေးအား မိုဘိုင်းလ်ဖုန်း အသစ်တစ်လုံးနှင့် ဘတ် ၅၀၀၀ ပေးခဲ့ပြီး အဖြစ်အပျက် အား မည်သူ့ကိုမျှ ပြန်မပြောရန် ပြောခဲ့သည် ဟု ရဲအရာရှိ ပါလီတာ က ပြောကြား ခဲ့သည်။ မိန်းကလေး၏ မိသားစုက FED နှင့် ဦးစွာတိုင်ပင်ပြီးမှ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ရာ တရားစွဲဆို ခြင်းမပြုရန်အတွက် ကိုနိုင်က လျော်ကြေး ထိုင်းဘတ်ငွေ ကိုးသောင်း ပေးရန် သဘောတူပြီး အဆိုပါ လျော်ကြေးငွေကို မိန်းကလေး၏ ဖခင်က လက်ခံလိုသော်လည်း မိန်းကလေးက သဘောမတူခဲ့ပေ။
အမှုဖြစ်ပွားပြီးချိန်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား ဖန်ဝါရှိ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေး ရှင်းက စောင့်ရှောက်ထားခဲ့သည်။ ယခုအခါ မိန်းကလေးမှာ မိဘများထံ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
The Ladies News Journal
၁၄ နှစ်အရွယ် မြန်မာ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည် မြန်မာ လင်မယားအား ထိုင်းတရားရုံး စီရင်ချက်ချ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment