ဗြိတိန်နိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က စက်ဆုပ်ကြောက် လန့် စရာ
လူသတ်ဘီလူးလင်မယား နှစ်ဦးစလုံးကို လူသတ်ဖြတ်မုဒိန်း ကျင့်မှုဖြင့်
ထောင်ဒဏ်ဆယ်နဲ့ချီ အနှစ်သုံးဆယ်ကျော်ကျခံစေရန် တောင်ဝေလပြည်နယ်
တရားရုံးတော်က အမိန့်ချမှတ်ခဲ့ကြောင်းသိ ရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့
၁၉၇၂ ခုနှစ်နဲ့ ၁၉၇၅ ခုနှစ်က လူသတ်တရားခံ စုံတွဲ ယခု အသက် ၆၅ နှစ်အရွယ်
အမျိုးသား အယ်လ် ဘတ်နဲ့ အ သက် ၆၄ နှစ်အရွယ် အမျိုးသမီး
ကာရိုလင်းဟတ်မန်းတို့က အ သက် ၁၁ နှစ်အရွယ် ကျောင်းသူမိန်းကလေးတစ်ဦးကို
မုဒိန်းကျင့် သတ်ဖြတ် ပစ်ခဲ့မှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး
အမျိုးသားဖြစ်သူကို မု ဒိန်းကျင့်မှု ဖြင့် ဦးစွာ ထောင်ဒဏ် ၁၇
နှစ်ကျခံစေခဲ့ပါတယ်။
ဇနီးသည်ဖြစ်သူရဲ့အားပေးအားမြောက်စေခိုင်းမှုဖြင့် အမျိုးသားက
မိန်းကလေးငယ်ကို အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်စော်ကားခဲ့ပြီး ဇနီးသည်က
မိန်းကလေးငယ်ကို ရက်ရက်စက် ညှင်းပန်းနှိပ်စက်ခဲ့ပါ တယ်။
ခြိမ်းခြောက်မှု၊ညှင်းပန်းနှိပ်စက်မှုမျိုးစုံတို့နဲ့မိန်းကလေးငယ်ကိုနှစ်နဲ့ချီဖမ်းဆီးထားခဲ့တယ်လို့လည်းဆိုပါတယ်။
မိန်းက လေးရဲ့ခြေလက်တွေကိုဓါးနဲ့လှီးဖြတ်ပြီး ထွက်လာတဲ့ သွေးတွေကို
လင်မယား နှစ်ဦးစလုံးသောက်သုံးကြပြီး နောက်ဆုံးသတ်ပစ်လိုက် တဲ့
အထိကိုရောက်ရှိသွားခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
Phothutaw.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 23, 2015
မုဒိန်းကျင့်လူသတ်မှု ပူးပေါင်းကျူးလွန်တဲ့ သက်ကြီးစုံတွဲထောင်ဒဏ် အနှစ် ၃၀ ကျော်ကျခဲ့
မုဒိန်းကျင့်လူသတ်မှု ပူးပေါင်းကျူးလွန်တဲ့ သက်ကြီးစုံတွဲထောင်ဒဏ် အနှစ် ၃၀ ကျော်ကျခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment