Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 25, 2015

မော်ဒယ် သီရိကိုကိုနိုင် ၁၁ ကြိမ်မြောက် ရုံးချိန်း

မော်ဒယ် သီရိကိုကိုနိုင် နေအိမ်တွင် ဖြစ်ပွားခဲ့သည့် အိမ်အကူ မိန်းကလေး နှိပ်စက်ခံရမှု ၁၁ ကြိမ်မြောက် ရုံးချိန်းကို ဇန်နဝါရီ ၂၉ ရက်တွင် စစ်ဆေးမည်ဟု သိရ

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၁၄ နှစ်အရွယ်ရှိ အိမ်အကူ မိန်းကလေးတစ်ဦး နှိပ်စက်ခံရ မှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် တရားရုံးက လာမည့် ဇန်နဝါရီလ ၂၉ တွင် ၁၁ ကြိမ်မြောက်ရုံးချိန်း၌ တရားလိုပြသက်သေတစ်ဦးကို ထပ် မံစစ်ဆေးသွား မည်ဖြစ်ကြောင်း သိရ သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း က ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်တွင်နေထိုင်သည့် ကို ကြည်လှမြင့်နှင့် မသီရိကိုကိုနိုင်တို့ လင်မယားနှစ်ဦးထံတွင် တစ်လလျှင် လစာငွေ ၂သောင်းခွဲ ကျပ်ဖြင့် အိမ်အကူ လာရောက်လုပ်ကိုင်နေသည့် အ သက် ၁၄ နှစ်အရွယ် မနော်ထက်ထက် ကိုနှိပ်စက်မှုဖြင့် ၎င်း၏မိခင်က ဗဟန်း မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

၎င်းအမှုနှင့်ပတ်သက်၍ ဇန်နဝါရီ လ ၂၀ ရက်က မနော်ထက်ထက် နှိပ်စက် ခံရမှုအတွက် တရားလိုပြ သက်သေတစ်ဦးအဖြစ် ပုသိမ်မြို့ နယ်၊ ပြည်သူ့ဆေးရုံကြီးမှ လက် ထောက်မှုခင်းဆရာဝန် ဒေါက်တာ လှိုင်မြင့်ကို ဗဟန်းမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာ တွင် ဒေါက်တာလှိုင်မြင့်က နှိပ်စက် ခံခဲ့ရသည့် မနော်ထက်ထက်၏ ရင် ဘတ်နှင့် ဆီးခုံတွင် အောင့်နေသည် ဆိုသော မှတ်ချက်သည် ကနဦးကြည့် ရှုသည့် မှုခင်းဆရာဝန်၏ မှတ်ချက် တွင် မတွေ့ရကြောင်း၊ မနော်ထက်ထက်၏ လက်တွင်ရရှိသည့် အပူ လောင်ဒဏ်ရာမှာ ဟင်းအိုးထဲတွင် ရှိသည့် ဆီ သို့မဟုတ် ရေပမာဏ နှင့် အပူချိန်အနည်းအများပေါ်တွင် မူတည်ကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ဗဟန်းမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၄၇၇/ ၁၄ ဖြင့် ၂၀၁၄ ခုနှစ် အောက်တို ဘာလ ၂၈ ရက်က စတင်စစ်ဆေးခဲ့ ကြောင်း သိရသည်။

MMK

The Ladies News Journal

No comments:

Post a Comment