Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 31, 2015

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေသော်လည်း ဖမ်းဆီးအရေးယူခြင်း မရှိသေး


Eleven Media Group

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှု တွင်ကျယ်နေသော်လည်း ဖမ်းဆီးအရေးယူခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခြင်း မရှိသေးကြောင်း အဆိုပါ အသိုင်းအ၀ိုင်းနှင့် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

အမျိုးသား အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှုများကို ရန်ကုန်မြို့အတွင်း လွန်ခဲ့သော နှစ်နှစ်ဝန်းကျင်ခန့်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာကြောင်း စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အမျိုးသား အနှိပ်ခန်းများကို အလုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်း၊ ရန်ကင်း စသည့်မြို့နယ်များအပြင် အခြားမြို့နယ်များတွင်လည်း ကျယ်ပြန့်စွာ လုပ်ကိုင်နေကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အမျိုးသားသီးသန့် Spa အမည်ဖြင့် လည်းကောင်း၊ Health & beauty Spa အမည်ဖြင့် လည်းကောင်း ဖွင့်လှစ်လုပ်ကိုင်နေကြကြောင်း သိရသည်။

အဆိုပါ အမျိုးသားသီးသန့် အနှိပ်ခန်းများကို လာရောက်သူ အများစုမှာ မိန်းမလျာများဖြစ်ပြီး သီးသန့်အခန်းများအတွင်း ဆက်ဆံပျော်ပါးမှုများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

ယင်းလုပ်ငန်းများကို ရန်ကုန်မြို့အတွင်း ဖွင့်လှစ်လုပ်ကိုင်နေမှုများ များပြားလာမှုကြောင့် ယခုရက်ပိုင်းအတွင်း ၀န်ထမ်းများကိုလည်း ထပ်မံခေါ်ယူနေမှုများလည်း ရှိနေကြောင်း သိရသည်။

“အွန်လိုင်းမှာ ကြေညာထားတာတွေ့လို့ ကျွန်တော်တို့ဆိုင်ရှိတဲ့ အလုံမြို့နယ်ကို သွားပြီး စုံစမ်းခဲ့တယ်။ လစာကတော့ ၄၀၀၀၀ လောက်ရမယ် ပြောတယ်။ ၀င်ရတဲ့ Section ကြေးပေါ် မူတည်ပြီးတော့ ၁၅ ရာခိုင်နှုန်း ထပ်ရမယ်လို့ပြောတယ်။ အတွေ့အကြုံရှိစရာ မလိုဘူး။ ပညာအရည်အချင်း မလိုဘူး။ အဓိကကတော့ အရပ်အနိမ့်အမြင့်၊ ခန္ဓာကိုယ် အချိုးအစား၊ ရုပ်ရည်ချောမော ပြေပြစ်ဖို့ပဲ လိုတယ်လို့ ပြောတယ်။ ဆိုင်ကိုလာတဲ့ သူတွေကတော့ သူတို့ စိတ်တိုင်းကျ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်တာတွေကို ခံနိုင်ရမယ်။ ဆက်ဆံပေးနိုင်ရမယ်လို့ ပြောတယ်” ဟု ရန်ကုန်မြို့ အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အမျိုးသားအနှိပ်ခန်း တစ်ခုအား သွားရောက်စုံစမ်းခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ပြန်လည်ပြောကြားသည်။

ဆက်လက်၍ “ဒီအလုပ်ကို စိတ်ဝင်စားပြီး CV Form တင်တဲ့နေ့မှာ အလုပ်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ပေးရမယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြပေးသွားမယ်လို့ ပြောပါတယ်။ ဒီအလုပ်က ပင်ပင်ပန်းပန်း မလုပ်ရဘဲနဲ့ ပိုက်ဆံအလွယ်တကူရတဲ့ အလုပ်ပါ။ အလုပ်က ကောင်းပါတယ်။ လာရောက်တဲ့ ဧည့်သည်တွေက ဟိုထိဒီထိ လုပ်တာကိုတော့ သည်းခံပြီး လုပ်ရင်တော့ အဆင်ပြေပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူများ များလာသည့် အချိန်တွင် အမျိုးသားသီးသန့် အနှိပ်ခန်းများလည်း တဖြည်းဖြည်း များပြားလာခဲ့ပြီး ထိုအမျိုးသားသီးသန့် အနှိပ်ခန်းများတွင် အမျိုးသားက အမျိုးသားကို နှိပ်ပေးရခြင်းကြောင့် မိန်းမလျာများ လာရောက်မှု အများဆုံးဖြစ်သည်။ ထို့ကြောင့် အချို့အနှိပ်ခန်းများသည် အနှိပ်သီးသန့်အပြင် အခြားမိန်းမလျာများ အကြိုက်တွေ့စေမည့် လိင်ဝန်ဆောင်မှု လုပ်ငန်းများလည်း ပါဝင်လာခဲ့သည်။

ထို့အပြင် အမျိုးသား အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေသည့် သူများမှာ လူမှုကွန်ရက် စာမျက်နှာတွင် Facebook Page များ ပြုလုပ်ထားပြီး ထိုမှတစ်ဆင့် ဆက်သွယ်လာသည့် အမျိုးသမီးများနှင့် မိန်းမလျာများကို ၎င်းတို့ဆိုင်ရှိ အမျိုးသားဝန်ထမ်းများနှင့် ချိတ်ဆက်ပေးပြီး လိင်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း အဆိုပါ အသိုင်းအ၀ိုင်းနှင့် လူမှုကွန်ရက် စာမျက်နှာများမှ သိရသည်။

အမျိုးသား ပြည့်တန်ဆာများမှာ အဆိုပါ အမျိုးသား အနှိပ်ခန်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့်အပြင် ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး၊ ပန်းဆိုးတန်း စသည့်နေရာများတွင် ညဥ့်နက်အချိန်၌ စုရပ်သဖွယ် ရှိနေပြီး မိန်းမလျာများနှင့် အမျိုးသမီးကြီး အချို့က လာရောက်ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ပျမ်းမျှ အသက် ၁၈ နှစ်ခန့်မှ ၃၀ အထိရှိသော ယောက်ျားပြည့်တန်ဆာများသည် ညနေပိုင်းတွင် အဆိုပါ ခုံးတံတားများပေါ်တွင် လမ်းလျှောက်နေကြပြီး ညဥ့်နက်အချိန်အထိ ဈေးကွက်ရှာဖွေလျက် ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် အမျိုးသမီး အနှိပ်ခန်းများနှင့် ပြည့်တန်ဆာ အမျိုးသမီးများကိုသာ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများ၊ သတင်းထုတ်ပြန်မှုများ ပြုလုပ်နေသော်လည်း အမျိုးသား ပြည့်တန်ဆာများနှင့် အမျိုးသား အနှိပ်ခန်းများကို ဖမ်းဆီးခြင်းနှင့် စစ်ဆေးအရေးယူသည့် သတင်းများကိုမူ ထုတ်ပြန်တင်ပြခြင်း မရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ အနေဖြင့် အမျိုးသမီး ပြည့်တန်ဆာများကို ပြည့်တန်ဆာ အက်ဥပဒေ ၃(ခ) အရသော် လည်းကောင်း၊ မှောင်ရိပ်ခိုသည့် အမျိုးသမီးများကို ရဲအက်ဥပဒေ ၃၀(ဃ)အရသော် လည်းကောင်း၊ အမျိုးသမီး အနှိပ်ခန်းများကို မြို့နယ်ထွေအုပ်မှ ထုတ်ပြန်ထားသည့် တားမြစ်အမိန့် စာဖောက်ဖျက်မှု ဥပဒေပုဒ်မ ၁၈၈ ဖြင့် စုံစမ်းစစ်ဆေး ၀င်ရောက်ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မြို့ထဲဈေးကွက်ပေါ့။ အဲဒီ ခုံးတံတားတွေပေါ် တက်ကြည့်လိုက်၊ အထူးသဖြင့် သိမ်ကြီးဈေးခုံးတံတားမှာဆို ၁၀ ယောက်၊ ၁၅ ယောက်လောက်တော့ ရှိတယ်။ ဂေးပုံစံတွေနဲ့လည်း ရှိတယ်။ သာမန်ယောက်ျားလို ပုံစံမျိုးတွေလည်း ရှိတယ်။ သတိထားမကြည့်ရင်တော့ မသိသာဘူး။ သတိထားကြည့်ရင်တော့ လာခေါ်တဲ့ ယောက်ျားတွေနဲ့ ခေါ်စေချင်တဲ့ ယောက်ျားတွေ၊ ကြားပွဲစားတွေနဲ့ တိုးတိုးစကားပြောနေတာတွေ တွေ့ရလိမ့်မယ်” ဟု မြို့ထဲအနီးတစ်ဝိုက်တွင် နေထိုင်သည့် တက္ကစီသမားတစ်ဦးက ဇန်န၀ါရီ ၂၁ ရက်ညပိုင်းက ပြောကြားသည်။

ထို့အပြင် လူမှုကွန်ရက်များမှ တစ်ဆင့်ချိတ်ဆက်ခြင်း၊ အသိမိတ်ဆွေ အချင်းချင်း ချိတ်ဆက်ခေါ်ယူ ပေးခြင်းများဖြင့်လည်း လုပ်ကိုင်ဆောင်ရွက်ပေးလျက် ရှိသည်။

“အရင်တုန်းက သိမ်ကြီးဈေး ခုံးတံတားနဲ့ ပန်းဆိုးတန်း ကားဂိတ်တွေမှာ ကောင်လေးတွေက စတစ်ကော်လာနဲ့ နှင်းဆီပန်းထိုးပြီးနေတာတွေ ရှိတယ်။ အဲဒီလိုဆိုရင် အမျိုးသမီးတွေက ကားနဲ့လာခေါ်ပြီးတော့ ဟိုတယ်တို့ အိမ်တို့ကို ခေါ်သွားပြီးတော့ ပိုက်ဆံပေး ပျော်ပါးကြတယ်။ အဲဒီလို လာခေါ်တဲ့ အမျိုးသမီးတွေ အများစုကလည်း တစ်ခုလတ် အမျိုးသမီးတွေ၊ ယောက်ျားက အဝေးရောက်နေတဲ့ အမျိုးသမီးတွေ၊ သင်္ဘောသားကတော်တွေ ဖြစ်တယ်။ ဒါပေမဲ့ ခုနောက်ပိုင်းကျတော့ အဲဒါမျိုးတွေ သိပ်မတွေ့ရတော့ဘူး။ အင်တာနက်တွေ ပေါ်လာတယ်။ ဖုန်းတွေ ရှိလာတယ်။ အဲဒီတော့ အင်တာနက်တွေ၊ ဖုန်းတွေပေါ်ကပဲ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေတာတွေ ရှိပဲတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ဆိုသည်။

ထို့အပြင် လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် လူမှုကွန်ရက်စာမျက်နှာများ၌ မိန်းမလျာများနှင့် အမျိုးသမီးများအား ဆွဲဆောင်နိုင်သည့် အမျိုးသားများ၏ ရုပ်ပုံများကို အသုံးပြု၍ ကျယ်ပြန့်စွာ ကြော်ငြာနေကြောင်းနှင့် လူမှုကွန်ရက်ကို အဓိက အသုံးပြုကာ ၎င်းတို့၏ လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အမျိုးသားအနှိပ်ခန်းတွေ၊ အမျိုးသားပြည့်တန်ဆာ လုပ်တဲ့သူတွေကို ဖမ်းဆီးအရေးယူခြင်း မရှိသေးပါဘူး။ ဒီလို လုပ်ကိုင်မှုတွေ ရှိတယ်ဆိုတာလည်း မကြားမိသေးပါဘူး။ အမျိုးသမီး ပြည့်တန်ဆာတွေနဲ့ အမျိုးသမီး အနှိပ်ခန်းတွေကိုပဲ ဖမ်းဆီးအရေးယူတာတွေပဲ ရှိပါတယ်” ဟု ဇန်န၀ါရီ ၂၂ ရက်က ပြောကြားသည်။

“ဒီလိုလုပ်နေတဲ့ လူတန်းစားထဲက အရင်ကထက် ပိုပြီးများလာတယ်လို့ ပြောလို့ရတယ်။ ဒီလိုကိစ္စတွေက HIV ရောဂါပိုး ကူးစက်မှု အများဆုံးဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခု အနေနဲ့ ပါဝင်ပါတယ်” ဟု မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ကျန်းမာရေးပညာပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် MSI မှ ဒေါက်တာစစ်နိုင်က ပြောကြားသည်။

“ပြည့်တန်ဆာတွေနဲ့ ပတ်သက်လို့ကတော့ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေဆိုပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတယ်။ ဒါပေမဲ့ အဲဒါက မိန်းမပြည့်တန်ဆာတွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေ။ ရာဇသတ်ကြီးမှာကတော့ ဓမ္မတာမဟုတ်တဲ့ လိင်ဆက်ဆံမှု (ဥပမာ-ယောက်ျားချင်းတို့၊ တိရစ္ဆာန်နဲ့တို့၊ အခြားအခြားသော ပုံစံတွေ)ပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်လာခဲ့ရင် အရေးယူလို့ရတဲ့ ပုဒ်မ ရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ဆိုသည်။

ယခုအခါတွင် ရန်ကုန်မြို့အတွင်း ကျယ်ပြန့်စွာ ဖွင့်လှစ်လာသည့် အမျိုးသားအနှိပ်ခန်းများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖွင့်လှစ်လုပ်ကိုင်နေကြသော်လည်း မိန်းမလျာများအား လိင်ဝန်ဆောင်မှုပေးခြင်း၊ အမျိုးသားများအား လိင်ဝန်ဆောင်မှုပေးခြင်း စသည့်လုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည့်အပြင် ၎င်းဆိုင်များမှ အမျိုးသားများနှင့်အတူ ပျော်ပါးလို၍ ဆက်သွယ်လာသည့် အမျိုးသမီးများကိုလည်း လိင်ဝန်ဆောင်မှုများ ပေးနေကြောင်း အဆိုပါ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

ဒဂုံမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦးက “ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အင်တာနက်တွေကနေ ကြော်ငြာလာတာ တွေ့ရတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို သွားနေပေမယ့် စည်းကမ်းကျမှုတွေ မရှိသေးဘူး။ ဒီလိုလုပ်ငန်းတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ထိန်းချုပ်သင့်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေအနေနဲ့ အတုယူမှားသွားမှာလည်း တော်တော်လေးကို စိုးရိမ်ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုလုပ်ကိုင်မှုတွေ လုံးဝမရှိသင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ဇန်န၀ါရီ ၂၂ ရက်က ပြောကြားသည်။

“အမျိုးသမီး အနှိပ်ခန်းတွေကို ၀င်ရောက်ဖမ်းဆီးမှုတွေ မကြာခဏ ပြုလုပ်ကြတယ်။ ရဲတပ်ဖွဲ့တွေက ၀င်ဖမ်းရင် လာရောက်တဲ့ ဧည့်သည်တွေလို အသွင်ယူပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်တယ်။ ဒါပေမဲ့ အမျိုးသား အနှိပ်ခန်းတွေနဲ့ အမျိုးသား ပြည့်တန်ဆာတွေကိုလည်း ဖမ်းဆီးမှုတွေ ပြုလုပ်တယ်လို့ မကြားမိဘူး။ ကျွန်တော်တို့ ဆိုင်တွေကို တိုင်ကြားမှု မရှိရင်လည်း အသွင်ယူပြီးတော့ ဖမ်းဆီးသလို အမျိုးသားအနှိပ်ခန်းတွေကိုလည်း အဲဒီလိုပဲ အသွင်ယူပြီးတော့ စုံစမ်းဖမ်းဆီးသင့်ပါတယ်” ဟု တာမွေမြို့နယ်တွင် အမျိုးသမီး အနှိပ်ခန်း ဖွင့်လှစ်ထားသည့် အမည်မဖော်လိုသူ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆိုပါလုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ရန်ကုန်မှာ ဒီလိုလုပ်ငန်းတွေ ကျယ်ပြန့်နေတာတွေက မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီလုပ်ငန်းတွေကို ထိရောက်စွာ နှိမ်နင်းထိန်းချုပ်ပေးဖို့အတွက် လွှတ်တော်မှာ မေးခွန်းတွေကို မေးသွားပါမယ်” ဟု ဇန်န၀ါရီ ၂၂ ရက်ညနေပိုင်းက ပြောကြားခဲ့သည်။

http://www.news-eleven.com/…/%E1%80%9B%E1%80%94%E1%80%B9%E1…


(အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အမျိုးသားအနှိပ်ခန်း တစ်ခုကို ဇန်န၀ါရီ ၂၁ ရက် ညပိုင်းက တွေ့ရစဉ် )

(အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အမျိုးသားအနှိပ်ခန်းတစ်ခု (ပုံကြီး)၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုကာ အမြင်မသင့်သည့် ကြော်ငြာထားမှုကို တွေ့ရစဉ် (ပုံသေး) )
Sakura Sakuraflower
Like ·
· Share · 9
World Myanmar
7 hrs ·

ဘတ်ချာရတ် ။ ။ရိုမေးနီးယားနိုင်ငံတွင်အဖော်အချွတ် ပလေးဘွိုင်း မဂ္ဂဇင်းတွင်သမီးဖြစ်သူ၏ ဓာတ်ပုံများကို မြင်တွေ့ လိုက်ရသည့် ဖခင်တစ်ဦးသည် စိတ်ကြေ ကွဲဝမ်းနည်းမှု ကာလရှည် ခံစားရာ မှနောက်ဆုံးတွင် ကြိုးဆွဲချသေ ဆုံးသွားသည်။

လော်ရီဒါနာဆိုသူ ဘတ်ချာရတ်မြို့သူသည် ပလေးဘွိုင်းမဂ္ဂဇင်းတွင် အသက် ၁၈နှစ်အရွယ်က မိမွေးတိုင်း ဖမွေးတိုင်း ဓာတ်ပုံရိုက်ခံ ခဲ့ခြင်းဖြစ်သည်။ ထိုပုံများ ကို ဖခင်ဖြစ် သူတွေ့ ပြီးနောက်လော်ရီကို ပြင်းပြင်း ထန်ထန် စိတ်ဆိုးဒေါသ ထွက်တော့သည်။

"အဖေက ကျွန်မကို စကားမပြောတော့ဘူး။ တော်တေ...
See More
သမီးဖြစ်သူကို ပလေးဘွိုင်း မဂ္ဂဇင်းတွင် တွေ့ လိုက်၍ ဖခင်ဖြစ်သူ ကိုယ်ကိုကို ကြိုးဆွဲချ

Written by...
world-myanmar.com
Sakura Sakuraflower
Like ·
· Share · 181
World Myanmar
7 hrs ·

ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာကျော်ဘုရားကျောင်း တစ်ခုဖြစ်သည့် အန်ကောဝပ်ဘုရား ကျောင်းဝင်းထဲတွင် ဝတ်လစ်စလစ်ဓာတ်ပုံများ ရိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသား သုံးဦးကို လုံခြုံရေး အရာရှိများက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၂၉ ရက်က အန်ကောဝပ်ဘုရားကျောင်းဝင်း ရှိ ''ဘန်တေကိတ်ဒ်'' ဘုရားထဲတွင် အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးကို တွေ့ရှိခဲ့ကြောင်း အန်ကောဝပ်ဘုရား ကျောင်းထိန်းသိမ်း စောင့်ရှောက်ရေး အစိုးရအေဂျင်စီ အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

''အန်ကောဝပ်ဟာ ဘာသာ...
See More
အန်ကောဝပ်ဘုရားကျောင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံများ ရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံ သာ�

World-Myanmar
world-myanmar.com
Sakura Sakuraflower
Like ·

No comments:

Post a Comment