Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 18, 2015

ျမန္မာမႈ အေငြ႕အသက္ျဖစ္ေသာ ဆီဆံုျဖင့္ ႏုိင္ငံျခားသား မ်ားကုိဆဲြေဆာင္


ျမန္မာႏိုင္ငံသို႔ ျပည္ပႏုိင္ငံ မ်ားမွ ဧည့္သည္မ်ား လာေရာက္ လည္ပတ္လ်က္ ရွိရာ အခ်ဳိ႕ေသာ ေနရာမ်ားတြင္ ျမန္မာမႈ နည္းပညာမ်ား၊ အႏုပညာ လက္ရာမ်ား ႏွင့္ အျခားေသာ ျမန္မာ့ ယဥ္ေက်းမႈ အေမြအႏွစ္ မ်ား၏ ျမန္မာမႈ အေငြ႕အသက္မ်ား ျဖင့္ ႏိုင္ငံျခားသား မ်ားကို ဆဲြေဆာင္မႈမ်ား ျပဳလုပ္လ်က္ ရွိသည္။ ျမန္မာႏိုင္ငံ၏ အထင္ကရ ေနရာမ်ားျဖစ္ၿပီး ယဥ္ေက်းမႈ နယ္ေျမမ်ား ျဖစ္သည့္ ပုဂံ၊ ေညာင္ဦးေဒသ သို႔ သြားရာ လမ္းတြင္ တိမ္ျမဳပ္ ေပ်ာက္ကြယ္ လာၿပီျဖစ္သည့္ ျမန္မာမႈ အေငြ႕အသက္ ျဖစ္ေသာ ဆီဆံုသည္လည္း ႏိုင္ငံျခားသား မ်ားကို ဆဲြေဆာင္မႈမ်ား ျပဳလုပ္ရာတြင္ အပါအဝင္ ျဖစ္ေၾကာင္း ကြင္းဆင္း ေလ့လာခ်က္မ်ား အရ သိရသည္။

ဆီဆံုမ်ားမွာ အထက္အညာ ေဒသ၏ သေကၤတ တစ္ခုပင္ ျဖစ္သည္။ ဆီဆံုမ်ားႏွင့္ ဆီႀကိတ္ခဲြမႈကို ေညာင္ဦးၿမိဳ႕နယ္ ေက်းရြာမ်ားတြင္ ေတြ႕ျမင္ ေနရဆဲပင္ ျဖစ္သည္။ ယခုအခါ ျမန္မာႏုိင္ငံသည္ အရွိန္အဟုန္ ႏွင့္ ဖံြ႕ၿဖိဳးတိုးတက္ ေနၿပီျဖစ္သည္။ ယခင္က ျမန္မာ့ေက်းလက္ ေဒသမ်ားတြင္ ကြၽဲ၊ ႏြား မရွိလွ်င္ အလုပ္မျဖစ္၊ လယ္ယာ ကိုင္းကြၽန္း လုပ္ငန္းမ်ားတြင္ ကြၽဲ၊ ႏြားအင္အား၊ လူလုပ္အား မ်ားႏွင့္ ပင္ပင္ပန္းပန္း ထြန္ယက္ စိုက္ပ်ဳိး ေျခြေလွ႕ လုပ္ကိုင္ခဲ့ ၾကသည္။ ကြၽဲ၊ ႏြား အားကိုးႏွင့္ ဆီဆံုမ်ားျဖင့္ ပဲ၊ ႏွမ္းမ်ား ႀကိတ္ခဲြကာ ဆီထုတ္ ခဲ့ၾကသည္။ ယခုအခါ ထိုသို႔ မဟုတ္ေတာ့။ ထြန္စက္၊ စိုက္စက္၊ ရိတ္သိမ္း ေျခြေလွ႔စက္ ေတြႏွင့္ အဆင္ေျပစြာ လုပ္ကိုင္ ေဆာင္ရြက္ ေနၾကၿပီ ျဖစ္သည္။

ကြၽဲ၊ ႏြားႏွင့္ ထြန္ယက္ စိုက္ပ်ဳိးျခင္း၊ ကြၽဲ၊ ႏြား အသံုးျပဳ၍ ဆီဆံုမ်ားျဖင့္ ပဲ၊ ႏွမ္းမ်ားကို ဆီႀကိတ္ခဲြ ျခင္းသည္ ျမန္မာမႈ စစ္စစ္မ်ားလည္း ျဖစ္သည္။ ယခုအခါ အဆိုပါ ျမန္မာမႈမ်ားသည္ ဖံြ႕ၿဖိဳး တိုးတက္မႈ ျဖစ္စဥ္မ်ားကို မယွဥ္ႏိုင္သျဖင့္ တျဖည္းျဖည္း ေပ်ာက္ကြယ္ ေနၿပီ ျဖစ္သည္။ သို႔ေသာ္ အထက္အညာ ေဒသ၏ အခ်ဳိ႕ေသာ အရပ္ေဒသ မ်ားတြင္ အဆုိပါ ျမန္မာမႈ အေငြ႕အသက္ အခ်ဳိ႕ကို ယေန႔တိုင္ က်န္ရွိ ေနေသးသည္ကို ေလ့လာေတြ႕ရွိ ေနရသည္။

ျမန္မာႏိုင္ငံသို႔ ျပည္ပႏုိင္ငံ မ်ားက ဧည့္သည္မ်ား လာေရာက္ လည္ပတ္ရာတြင္ ျမန္မာႏိုင္ငံ၏ ျမန္မာမႈ အေငြ႕အသက္ မ်ားကို ေလ့လာ ႏုိင္သလို ျမန္မာမႈ အေငြ႕အသက္ မ်ားကို ယေန႔တုိင္ ထိန္းသိမ္း ထားႏိုင္မႈမွာ အံ့ၾသဖြယ္၊ ဝမ္းသာဖြယ္၊ ၾကည္ႏူးဖြယ္၊ ေလးစားဖြယ္ ျမင္ကြင္းမ်ား ဟုပင္ ဆိုရမည္ ျဖစ္သည္။

ဇာညီသစၥာ

Themyawadydaily
ျမ၀တီေန႔စဥ္
http://themyawadydaily.blogspot.com/2015/01/blog-post_344.html?spref=tw
.........................................................................
 မြန်မာမှု အငွေ့အသက်ဖြစ်သော ဆီဆုံဖြင့် နိုင်ငံခြားသား များကိုဆွဲဆောင်
By Mel Pot On 7:46 PM

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များမှ ဧည့်သည်များ လာရောက် လည်ပတ်လျက် ရှိရာ အချို့သော နေရာများတွင် မြန်မာမှု နည်းပညာများ၊ အနုပညာ လက်ရာများ နှင့် အခြားသော မြန်မာ့ ယဥ်ကျေးမှု အမွေအနှစ် များ၏ မြန်မာမှု အငွေ့အသက်များ ဖြင့် နိုင်ငံခြားသား များကို ဆွဲဆောင်မှုများ ပြုလုပ်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ အထင်ကရ နေရာများဖြစ်ပြီး ယဥ်ကျေးမှု နယ်မြေများ ဖြစ်သည့် ပုဂံ၊ ညောင်ဦးဒေသ သို့ သွားရာ လမ်းတွင် တိမ်မြုပ် ပျောက်ကွယ် လာပြီဖြစ်သည့် မြန်မာမှု အငွေ့အသက် ဖြစ်သော ဆီဆုံသည်လည်း နိုင်ငံခြားသား များကို ဆွဲဆောင်မှုများ ပြုလုပ်ရာတွင် အပါအဝင် ဖြစ်ကြောင်း ကွင်းဆင်း လေ့လာချက်များ အရ သိရသည်။

ဆီဆုံများမှာ အထက်အညာ ဒေသ၏ သင်္ကေတ တစ်ခုပင် ဖြစ်သည်။ ဆီဆုံများနှင့် ဆီကြိတ်ခွဲမှုကို ညောင်ဦးမြို့နယ် ကျေးရွာများတွင် တွေ့မြင် နေရဆဲပင် ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် အရှိန်အဟုန် နှင့် ဖွံ့ဖြိုးတိုးတက် နေပြီဖြစ်သည်။ ယခင်က မြန်မာ့ကျေးလက် ဒေသများတွင် ကျဲ၊ နွား မရှိလျင် အလုပ်မဖြစ်၊ လယ်ယာ ကိုင်းကျန်း လုပ်ငန်းများတွင် ကျဲ၊ နွားအင်အား၊ လူလုပ်အား များနှင့် ပင်ပင်ပန်းပန်း ထွန်ယက် စိုက်ပျိုး ခွေလှေ့ လုပ်ကိုင်ခဲ့ ကြသည်။ ကျဲ၊ နွား အားကိုးနှင့် ဆီဆုံများဖြင့် ပဲ၊ နှမ်းများ ကြိတ်ခွဲကာ ဆီထုတ် ခဲ့ကြသည်။ ယခုအခါ ထိုသို့ မဟုတ်တော့။ ထွန်စက်၊ စိုက်စက်၊ ရိတ်သိမ်း ခွေလှေ့စက် တွေနှင့် အဆင်ပြေစွာ လုပ်ကိုင် ဆောင်ရွက် နေကြပြီ ဖြစ်သည်။

ကျဲ၊ နွားနှင့် ထွန်ယက် စိုက်ပျိုးခြင်း၊ ကျဲ၊ နွား အသုံးပြု၍ ဆီဆုံများဖြင့် ပဲ၊ နှမ်းများကို ဆီကြိတ်ခွဲ ခြင်းသည် မြန်မာမှု စစ်စစ်များလည်း ဖြစ်သည်။ ယခုအခါ အဆိုပါ မြန်မာမှုများသည် ဖွံ့ဖြိုး တိုးတက်မှု ဖြစ်စဥ်များကို မယှဥ်နိုင်သဖြင့် တဖြည်းဖြည်း ပျောက်ကွယ် နေပြီ ဖြစ်သည်။ သို့သော် အထက်အညာ ဒေသ၏ အချို့သော အရပ်ဒေသ များတွင် အဆိုပါ မြန်မာမှု အငွေ့အသက် အချို့ကို ယနေ့တိုင် ကျန်ရှိ နေသေးသည်ကို လေ့လာတွေ့ရှိ နေရသည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များက ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် မြန်မာနိုင်ငံ၏ မြန်မာမှု အငွေ့အသက် များကို လေ့လာ နိုင်သလို မြန်မာမှု အငွေ့အသက် များကို ယနေ့တိုင် ထိန်းသိမ်း ထားနိုင်မှုမှာ အ့သြဖွယ်၊ ဝမ်းသာဖွယ်၊ ကြည်နူးဖွယ်၊ လေးစားဖွယ် မြင်ကွင်းများ ဟုပင် ဆိုရမည် ဖြစ်သည်။

ဇာညီသစ္စာ

Themyawadydaily
မြဝတီနေ့စဥ်

No comments:

Post a Comment