Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 21, 2015

ဆိုင်ကယ်စီးသင်ရာမှ စကားများပြီးလူသတ်မှုဖြစ်ပွား


ကသာ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် မြို့မရဲစခန်း၏ အရှေ့တောင်ဘက် မိုင် ၃ဝ ခန့်အကွာ အင်ခုံကျေးရွာအနီး သစ်ထုတ်လုပ်ရေး ကားလမ်းမပေါ်တွင် ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခန့်က ဓားဖြင့်ခုတ်၍ လူတစ်ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကောလင်းမြို့နယ် အင်ခုံ ကျေးရွာနေ မပု(၄၄နှစ်)သည် သမီးဖြစ်သူ မဝင်းဝင်းခိုင်(၁၆နှစ်)နှင့်အတူ ရွာ၏အရှေ့သစ်ထုတ်လုပ်ရေး ကားလမ်းမပေါ်သို့ ဆိုင်ကယ်စီးသင် သွားခဲ့ရာ တစ်ရွာတည်းနေ ရှမ်းလေး(ခ)မျိုးသန့်၏ တဲရှေ့လမ်းပေါ်အရောက် တွင်ရှမ်းလေးက ''ငါ့တဲရှေ့ဆိုင်ကယ်စီး လာမသင်နဲ့''ဟုပြောရာ မပုက ''ခင်ဗျား ပိုင်တဲ့လမ်းမဟုတ်ဘူး ကုမ္ပဏီလမ်း သင်တော့ဘာဖြစ်လဲ''ဟု ပြောရာ ရှမ်းလေးက အရိုးတစ်ပေ အသွား၁၄ လက်မခန့်ရှိ ဓားမတစ်ချောင်းကိုင်၍ ထွက်ခဲ့သဖြင့် ''ခင်ဗျားခုတ်ရဲလို့လား'' ဟု မပုကပြောဆိုစဉ် ရှမ်းလေးက ကိုင်လာသည့် ဓားဖြင့်ခုတ်လိုက်ရာ မပု၏ဦးခေါင်း ဒဏ်ရာများရရှိပြီး သေဆုံးခဲ့သဖြင့် သေဆုံးသူ မပု၏ ခင်ပွန်း ဦးညိုဝင်း (၄၄)နှစ် အင်ခုံ ကျေးရွာ ကောလင်းမြို့နယ်နေသူက ဥပဒေအရအရေးယူပေးရန် တရားလို ပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရ သည်။

လူသတ်မှုကျူးလွန်ခဲ့သူ ရှမ်းလေး (ခ)မျိုးသန့်(၄၉နှစ်) အင်ခုံကျေးရွာ တောင်ပုံအုပ်စု ကောလင်းမြို့နယ်နေသူ ကို ကောလင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူခဲ့ပြီး အမှုစစ်အဖြစ် ဒုရဲမှူး တင်ယုက စစ်ဆေးလျက်ရှိနေရာ ပြစ်မှု ကျူးလွန်သူ ရှမ်းလေးကို ဇန်နဝါရီ ၂ဝရက်က ဖမ်းဆီးရမိခဲ့ပြီး ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး အမြန်ဆုံးတရားစွဲတင်ပို့နိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဦးရဲ(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment