CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 16, 2015
ရာဇာမင်းကား ဓားပြတိုက်သူ ငါးဦးအား သေဒဏ်ချမှတ်ပြီး တစ်ဦးကို တစ်ကျွန်းချ
Byငြိမ်းချမ်း
လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သော ရာဇာမင်းကားကို ဓားပြတိုက် ခဲ့သည့် တရားခံခြောက်ဦးအနက် သထုံမြို့နယ်တရားရုံးက ငါးဦးအား သေဒဏ်ချမှတ်လိုက်ပြီး တစ်ဦးကို ထောင်တစ်သက်တစ်ကျွန်းချမှတ် လိုက်သည်။‘‘ငါးယောက်က သေဒဏ်၊ တစ်ယောက်က တစ်သက်တစ် ကျွန်းချတာဟုတ်ပါတယ်။ သူတို့ အမှုက ၂၀၁၃ခုနှစ်က ဖြစ်တဲ့အမှု ပါ’’ဟု သထုံမြို့ရဲတပ်ဖွဲ့စခန်း မှူးဒုရဲမှူးသန်းနိုင်ကပြောသည်။
ဇန်န၀ါရီ ၁၆ရက်တွင် ရာ ဇာမင်းကား ဓားပြတိုက်မှုဖြစ်စဉ် ကျူးလွန်သော ပုဒ်မ ၃၉၆ဖြင့် တ ရားစွဲဆိုခံထားရသည့် တရားခံ ဇော်ဝိတ်၊ မောင်ငယ်၊ ၀င်းဘို၊ အောင်ထူးနှင့် စောဂလေတို့ကို သထုံတရားရုံးက သေဒဏ်ချမှတ် လိုက်ပြီး ပုဒ်မ ၃၉၅၊ ပုဒ်မ ၁၉၀ တို့ဖြင့် တရားစွဲဆိုထားသောလင်း အောင်ကို ထောင်တစ်သက်တစ် ကျွန်းချမှတ်လိုက်ခြင်းဖြစ်သည်။
‘‘ရာဇာမင်းကားဓားပြတိုက် ခဲ့တဲ့ တရားခံငါးယောက်ကို သေ ဒဏ်ချပါတယ်။ တစ်ယောက်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်ပါတယ်။ အခုသူတို့ကို မော်လမြိုင်ထောင်ကို ချက်ချင်း ပို့လိုက်ပါပြီ’’ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၃ ဇွန် ၈ရက်တွင် ကျိုက္ခမီ မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်းခရီးသည်တင်ယာဉ်ကို သထုံမြို့ တောင်စွန်းကျေးရွာအနီး ရှိ မိုင်တိုင်အမှတ်(၁၅၄/၄)နှင့် (၁၅၄/၅)အကြားတွင် ကားပေါ်၌ လိုက်ပါလာသော ခရီးသည်တစ်စုက လက်နက်များထုတ်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
ဓားပြတိုက်မှုကြောင့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ခရီးသည်များထံမှ ကျပ် ၄၈ သိန်းကျော်ယူဆောင်ခံခဲ့ရကြောင်း သ တင်းရရှိသည်။
ဓားပြတိုက်သူများသည် ယာဉ်နောက်လိုက် နိုင်လင်းထွန်း ကို ကားမီးရှို့ရန် ဓာတ်ဆီတိုင် ကီဖွင့်ခိုင်းရာ ကားပစ္စည်းထည့် သည့် ဘောက်စ်နှင့်မှားဖွင့်သည့် အတွက် ဦးခေါင်းကိုသေနတ် ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ဓားပြများက ယာဉ်မောင်ဦးဇော် လင်းထူးကို ဆက်လက်ပစ်ခတ် ရာ ဒဏ်ရာရရှိသွားပြီး မော်လမြိုင်ဆေးရုံတွင်သေဆုံးသွားခြင်းဖြစ်သည်။
‘‘ရာဇာမင်းဓားပြတိုက်ခံရ တဲ့ နေရာအနီးတစ်ဝိုက်မှာ ယခင် ကလည်း ဓားပြတိုက်မှုနှစ်ခါဖြစ် ဖူးပါတယ်။ ရာဇာမင်းကား ဓားပြ တိုက်ခံရတာတော့ လူလည်းသေ ပြီးနာမည်ကြီးသွားတော့ လူပိုသိ သွားတာပါ’’ဟု သထုံမြို့နေ ဦးဇင် အောင်ကပြောသည်။
http://7daydaily.com/story/29583#.VLnYlHs9THQ
ရာဇာမင်းကား ဓားပြတိုက်သူ ငါးဦးအား သေဒဏ်ချမှတ်ပြီး တစ်ဦးကို တစ်ကျွန်းချ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 16, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment