Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 21, 2015

တကၠသိုလ္ေက်ာင္းသားမွ ဘီလ်ံနာ ဘ၀သို႔



ယေန႕ဗမာျပည္မွာ တိုင္းျပည္တိုးတက္ဖို့ ပညာေရးလြတ္လပ္မႈ ႏိုင္ငံေရးလြတ္လပ္မႈ ေတြဘယ္ေလာက္ အေရးတၾကီးလိုအပ္သလဲဆိုတာသိသင့္ဖို့အတြက္ စာဖတ္သူမ်ားသိေစရန္ လိုက္လံရွာေဖြတင္ျပအပ္ပါတယ္
-----------------------------------------------
တကၠသိုလ္ေက်ာင္းသားမွ ဘီလ်ံနာ ဘ၀သို႔
--------------------------------------------------------
တကၠသိုလ္တို႔၊ ေကာလိပ္တို႔ဆိုတာ ေက်ာင္းသားအမ်ားစု အတြက္ေတာ႔ မိတ္ေဆြသစ္ဖြဲ႔ဖို႔၊ ဘြဲ႔လက္မွတ္ အတြက္ ၾကိဳးကုတ္ဖို႔၊ ခ်စ္သူ႔နယ္ေျမ ထူေထာင္ဖို႔၊ ကဗ်ာရူးစာရူး စတင္ဖို႔၊ ဘြဲ႔လက္မွတ္ရဖို႔၊သူပုန္ထဖို႔ စတဲ႔ ေနရာေတြေပါ႔။

သို႔ေသာ္ အေမရိကန္ တကၠသိုလ္ေတြက အခ်ဳိ႕ေသာ ေက်ာင္းသားမ်ားက်ေတာ႔ ရည္းစားနဲ႔ အခ်ိန္ျဖဳန္း မေနအားဘဲ သူတို႔ တကၠသိုလ္ အေဆာင္မွာ ေနၾကစဥ္မွာပဲ မီလ်ံနာေတြ ျဖစ္ေအာင္ စလုပ္ခဲ႔ပါတယ္။

မခ္ ဇာခါဘဂ္ ဆိုရင္ ဟားဗတ္တကၠသိုလ္ တက္ေနတုန္း facebook အတြက္ အိုင္ဒီယာ ရျပီး ေန႔မအား ညမအား အခန္းေအာင္း ၾကိဳးကုတ္ခဲ႔သူပါ။ အခု သူ႔ရဲ႕ လူမွႈကြန္ယက္ ၀ဘ္ဆိုဒ္ကို ေန႔စဥ္ လူသန္း ၄၀ ေက်ာ္ ၾကည့္ေနျပီး၊ ေဒၚလာ ၅ ဘီလ်ံနီးပါး ခ်မ္းသာတဲ႔ ေဇာတိကေလး ျဖစ္ေနပါျပီ။

ဘီလ္ ဂိတ္စ္ ကလည္း တကၠသိုလ္ ေက်ာင္းမျပီးဘဲ ေဇာတိကၾကီး ျဖစ္လာသူပါ။ ဘြဲ႔မရခဲ႔ေပမဲ႔ ေငြဘယ္လို ရွာရမလဲ၊ ဘယ္လို သံုးရမလဲ သိထားသူပါ။ ဟားဗတ္ ေက်ာင္းသားဘ၀ကတည္းက မိုက္ခရိုေဆာ႔ဖ္ ကို ထူေထာင္ခဲ႔ျပီး၊ ယခု ေဒၚလာ ၅၃ ဘီလီယံ ပိုင္ဆိုင္မွႈနဲ႔ ကမၻာ႔ ဒုတိယ အခ်မ္းသာဆံုး ျဖစ္ေနေလရဲ႕။

မိုက္ကယ္လ္ ဒဲလ္ ဆုိရင္ ၁၉၈၄ ခုႏွစ္မွာ တကၠဆပ္ တကၠသိုလ္ သူ႔အေဆာင္ခန္းတြင္းကေန ကြန္ပ်ဴတာေတြ စထုတ္ ေရာင္းခ်ခဲ႔သူပါ။ ေက်ာင္းတက္ရင္း လုပ္ငန္းကို ေဒၚလာ ၁၀၀၀ နဲ႔ စတင္ခဲ႔ပါတယ္။ သူ႔ကြန္ပ်ဴတာေတြ အ၀ယ္လိုက္လာလြန္းလို႔ ေက်ာင္းျပီးေအာင္ မတက္ေတာ႔ဘဲ တကမၻာလံုးကို Dell ကြန္ပ်ဴတာေတြ ပံုေအာ ထုတ္လုပ္ ေရာင္းခ်ခဲ႔ပါတယ္။ ယခု သူ႔ၾကြယ္၀မွႈက ေဒၚလာ ၁၇ ဘီလီယံေက်ာ္ ရွိပါတယ္။

Tripod က ကိုယ္ပိုင္ ၀ဘ္ဆိုဒ္ ဖြင္႔ခ်င္သူမ်ားအတြက္ ၀န္ေဆာင္မွႈေပးတဲ႔ web hosting service လုပ္ငန္း ျဖစ္ပါတယ္။ ၀ီလ်ံစ္ ေကာလိပ္ ေက်ာင္းသားႏွစ္ဦးျဖစ္တဲ႔ Bo Peabody နဲ႔ Brett Hershey တို႔က Tripod ကုမၸဏီကို ထူေထာင္ခဲ႔တာပါ။ ေနာက္ပိုင္း Lycos ကုမၸဏီက ေဒၚလာ ၅၈ သန္းနဲ႔ သူတို႔ ႏွစ္ဦးဆီကေန ၀ယ္ယူခဲ႔ပါတယ္။

Fred Smith က ၁၉၆၂ ခုႏွစ္ ေယးလ္တကၠသိုလ္ ေက်ာင္းသားဘ၀မွာ စာတမ္းတစ္ေစာင္ (term paper) ေရးခဲ႔ပါတယ္။ ကမၻာ႔အႏွံ႔ ပစၥည္းထုပ္ပိုး သယ္ပို႔မွႈ ၀န္ေဆာင္လုပ္ငန္းေတြဟာ ကြန္ပ်ဴတာ စနစ္အေပၚ လံုး၀ အမွီျပဳရေတာ႔မယ္ဆိုတာ သူစာတမ္းမွာ တင္ျပေဆြးေႏြးထားပါတယ္။ ဒီစာတမ္းေၾကာင္႔ ကမၻာအႏွံ႔ ထုပ္ပိုး အျမန္ေခ်ာပို႔တဲ႔ FedEx ကုမၸဏီကို ေန႔ခ်င္းညခ်င္း ၾကီးထြားလာေစခဲ႔ပါတယ္။ Fred Smith ကလည္း ေကာ္ပိုေရးရွင္းရဲ႕ စီအီးအို ျဖစ္ျပီး၊ အခု FedEx ရဲ႕ အသားတင္ အျမတ္ေငြက ေဒၚလာ ၆၆ ဘီလီယံ ရွိေနပါျပီ။

ေနာက္ ေကာလိပ္ေက်ာင္းသား ဘ၀ကေန နာမည္ေက်ာ္ ကုေဋၾကြယ္ ႏွစ္ဦး ျဖစ္လာသူကေတာ႔ Sergey Brain နဲ႔ Larry Page တို႔ပါ။ စတန္းဖိုဒ္႔ တကၠသိုလ္ စာသင္ခန္းတြင္းကေန Google လုပ္ငန္းကို စတင္ခဲ႔ၾကတယ္။ သူတို႔ႏွစ္ဦး တကၠသိုလ္ကို တစ္ႏွစ္ထဲ ေရာက္ခဲ႔ျပီး၊ PhD ဘြဲ႔အတြက္ စာတမ္းေရးေနခ်ိန္မွာပဲ ကမၻာ႔ ေပၚျပဴလာ အျဖစ္ဆံုး အြန္လိုင္း search engine ကို ဖြံ႔ျဖိဳးေအာင္ လုပ္ႏို္င္ခဲ႔ၾကတယ္။ အခု သူတို႔ တစ္ဦးခ်င္းရဲ႕ ခ်မ္းသာမွႈက ေဒၚလာ ၁၇.၅ ဘီလီယံ ရွိပါတယ္။

ပင္ဆဲလ္ေဗးနီးယား ျပည္နယ္ရွိ Lehigh တကၠသိုလ္မွ Pat Clasen (၀ဲဘက္) ႏွင္႔ Tim Marks (ယာဘက္) ေက်ာင္းသားႏွစ္ဦးက ၂၀၀၃ ခုႏွစ္မွာ ေကာလိပ္ စပြန္ဆာ ပေရာ႔ဂ်က္နဲ႔ ငါးေမြးျမဴေရး အေထာက္အကူျပဳ ပစၥည္း ကုမၸဏီအတြက္ အိုင္ဒီယာေတြ ဖြံ႔ျဖိဳးေအာင္ လုပ္ခဲ႔ၾကပါတယ္။ အခု သူတို႔ရဲ႕ Eco Tech Marine ကုမၸဏီက ေရပန္႔ နည္းပညာမွာ ေအာင္ျမင္လာျပီး၊ အိုကလာဟိုးမား တကၠသိုလ္မွ Justin Lawer (အလယ္) ႏွင္႔ အတူ ပူးတြဲ ေဆာင္ရြက္ခဲ႔ၾကပါတယ္။ ယခုႏွစ္ အတိုးတက္ဆံုး ကုမၸဏီ ၅၀၀ စာရင္းမွာ Eco Tech Marine ပါ၀င္ေနျပီး၊ ၂၀၁၀ မွာ အျမတ္ ေဒၚလာ ၄ သန္း ရခဲ႔ပါတယ္။

ဟားဗတ္ တကၠသိုလ္ အေဆာင္ေန ေက်ာင္းသားဘ၀ ကတည္းက Kenneth Griffin ဟာ ေငြေၾကးေစ်းကြက္ လုပ္ငန္းႏွစ္ခုကို စလုပ္ေနျပီး၊ ေနာက္ပိုင္းမွာ ကမၻာ႔အေအာင္ျမင္ဆံုး Citadel ေငြေစ်းကြက္ လုပ္ငန္းကို ထူေထာင္ခဲ႔ပါတယ္။ ယခု သူ႔ၾကြယ္၀မွႈက ေဒၚလာ ၃ ဘီလီယံ ရွိပါတယ္။

Zaw Win

Admin...MZS

ေမာင္(စြယ္စံုက်မ္း)

20 January 2015




တက္ကသိုလ်ကျောင်းသားမှ ဘီလျံနာ ဘဝသို့
--------------------------------------------------------
တက္ကသိုလ်တို့၊ ကောလိပ်တို့ဆိုတာ ကျောင်းသားအများစု အတွက်တော့ မိတ်ဆွေသစ်ဖွဲ့ဖို့၊ ဘွဲ့လက်မှတ် အတွက် ကြိုးကုတ်ဖို့၊ ချစ်သူ့နယ်မြေ ထူထောင်ဖို့၊ ကဗျာရူးစာရူး စတင်ဖို့၊ ဘွဲ့လက်မှတ်ရဖို့၊သူပုန်ထဖို့ စတဲ့ နေရာတွေပေါ့။

သို့သော် အမေရိကန် တက္ကသိုလ်တွေက အချို့သော ကျောင်းသားများကျတော့ ရည်းစားနဲ့ အချိန်ဖြုန်း မနေအားဘဲ သူတို့ တက္ကသိုလ် အဆောင်မှာ နေကြစဥ်မှာပဲ မီလျံနာတွေ ဖြစ်အောင် စလုပ်ခဲ့ပါတယ်။

မခ် ဇာခါဘဂ် ဆိုရင် ဟားဗတ်တက္ကသိုလ် တက်နေတုန်း facebook အတွက် အိုင်ဒီယာ ရပြီး နေ့မအား ညမအား အခန်းအောင်း ကြိုးကုတ်ခဲ့သူပါ။ အခု သူ့ရဲ့ လူမှုကွန်ယက် ဝဘ်ဆိုဒ်ကို နေ့စဥ် လူသန်း ၄ဝ ကျော် ကြည့်နေပြီး၊ ဒေါ်လာ ၅ ဘီလျံနီးပါး ချမ်းသာတဲ့ ဇောတိကလေး ဖြစ်နေပါပြီ။

ဘီလ် ဂိတ်စ် ကလည်း တက္ကသိုလ် ကျောင်းမပြီးဘဲ ဇောတိကကြီး ဖြစ်လာသူပါ။ ဘွဲ့မရခဲ့ပေမဲ့ ငွေဘယ်လို ရှာရမလဲ၊ ဘယ်လို သုံးရမလဲ သိထားသူပါ။ ဟားဗတ် ကျောင်းသားဘဝကတည်းက မိုက်ခရိုဆော့ဖ် ကို ထူထောင်ခဲ့ပြီး၊ ယခု ဒေါ်လာ ၅၃ ဘီလီယံ ပိုင်ဆိုင်မှုနဲ့ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ဖြစ်နေလေရဲ့။

မိုက်ကယ်လ် ဒဲလ် ဆိုရင် ၁၉၈၄ ခုနှစ်မှာ တက္ကဆပ် တက္ကသိုလ် သူ့အဆောင်ခန်းတွင်းကနေ ကွန်ပျူတာတွေ စထုတ် ရောင်းချခဲ့သူပါ။ ကျောင်းတက်ရင်း လုပ်ငန်းကို ဒေါ်လာ ၁၀၀ဝ နဲ့ စတင်ခဲ့ပါတယ်။ သူ့ကွန်ပျူတာတွေ အဝယ်လိုက်လာလွန်းလို့ ကျောင်းပြီးအောင် မတက်တော့ဘဲ တကမ္ဘာလုံးကို Dell ကွန်ပျူတာတွေ ပုံအော ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ယခု သူ့ကွယ်ဝမှုက ဒေါ်လာ ၁၇ ဘီလီယံကျော် ရှိပါတယ်။

Tripod က ကိုယ်ပိုင် ဝဘ်ဆိုဒ် ဖွင့်ချင်သူများအတွက် ဝန်ဆောင်မှုပေးတဲ့ web hosting service လုပ်ငန်း ဖြစ်ပါတယ်။ ဝီလျံစ် ကောလိပ် ကျောင်းသားနှစ်ဦးဖြစ်တဲ့ Bo Peabody နဲ့ Brett Hershey တို့က Tripod ကုမ္ပဏီကို ထူထောင်ခဲ့တာပါ။ နောက်ပိုင်း Lycos ကုမ္ပဏီက ဒေါ်လာ ၅၈ သန်းနဲ့ သူတို့ နှစ်ဦးဆီကနေ ဝယ်ယူခဲ့ပါတယ်။

Fred Smith က ၁၉၆၂ ခုနှစ် ယေးလ်တက္ကသိုလ် ကျောင်းသားဘဝမှာ စာတမ်းတစ်စောင် (term paper) ရေးခဲ့ပါတယ်။ ကမ္ဘာ့အနှံ့ ပစ္စည်းထုပ်ပိုး သယ်ပို့မှု ဝန်ဆောင်လုပ်ငန်းတွေဟာ ကွန်ပျူတာ စနစ်အပေါ် လုံးဝ အမှီပြုရတော့မယ်ဆိုတာ သူစာတမ်းမှာ တင်ပြဆွေးနွေးထားပါတယ်။ ဒီစာတမ်းကြောင့် ကမ္ဘာအနှံ့ ထုပ်ပိုး အမြန်ချောပို့တဲ့ FedEx ကုမ္ပဏီကို နေ့ချင်းညချင်း ကြီးထွားလာစေခဲ့ပါတယ်။ Fred Smith ကလည်း ကော်ပိုရေးရှင်းရဲ့ စီအီးအို ဖြစ်ပြီး၊ အခု FedEx ရဲ့ အသားတင် အမြတ်ငွေက ဒေါ်လာ ၆၆ ဘီလီယံ ရှိနေပါပြီ။

နောက် ကောလိပ်ကျောင်းသား ဘဝကနေ နာမည်ကျော် ကုဋေကွယ် နှစ်ဦး ဖြစ်လာသူကတော့ Sergey Brain နဲ့ Larry Page တို့ပါ။ စတန်းဖိုဒ့် တက္ကသိုလ် စာသင်ခန်းတွင်းကနေ Google လုပ်ငန်းကို စတင်ခဲ့ကြတယ်။ သူတို့နှစ်ဦး တက္ကသိုလ်ကို တစ်နှစ်ထဲ ရောက်ခဲ့ပြီး၊ PhD ဘွဲ့အတွက် စာတမ်းရေးနေချိန်မှာပဲ ကမ္ဘာ့ ပေါ်ပြူလာ အဖြစ်ဆုံး အွန်လိုင်း search engine ကို ဖွံ့ဖြိုးအောင် လုပ်နို်င်ခဲ့ကြတယ်။ အခု သူတို့ တစ်ဦးချင်းရဲ့ ချမ်းသာမှုက ဒေါ်လာ ၁၇.၅ ဘီလီယံ ရှိပါတယ်။

ပင်ဆဲလ်ဗေးနီးယား ပြည်နယ်ရှိ Lehigh တက္ကသိုလ်မှ Pat Clasen (ဝဲဘက်) နှင့် Tim Marks (ယာဘက်) ကျောင်းသားနှစ်ဦးက ၂၀၀၃ ခုနှစ်မှာ ကောလိပ် စပွန်ဆာ ပရော့ဂျက်နဲ့ ငါးမွေးမြူရေး အထောက်အကူပြု ပစ္စည်း ကုမ္ပဏီအတွက် အိုင်ဒီယာတွေ ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြပါတယ်။ အခု သူတို့ရဲ့ Eco Tech Marine ကုမ္ပဏီက ရေပန့် နည်းပညာမှာ အောင်မြင်လာပြီး၊ အိုကလာဟိုးမား တက္ကသိုလ်မှ Justin Lawer (အလယ်) နှင့် အတူ ပူးတွဲ ဆောင်ရွက်ခဲ့ကြပါတယ်။ ယခုနှစ် အတိုးတက်ဆုံး ကုမ္ပဏီ ၅၀ဝ စာရင်းမှာ Eco Tech Marine ပါဝင်နေပြီး၊ ၂၀၁ဝ မှာ အမြတ် ဒေါ်လာ ၄ သန်း ရခဲ့ပါတယ်။

ဟားဗတ် တက္ကသိုလ် အဆောင်နေ ကျောင်းသားဘဝ ကတည်းက Kenneth Griffin ဟာ ငွေကြေးစျေးကွက် လုပ်ငန်းနှစ်ခုကို စလုပ်နေပြီး၊ နောက်ပိုင်းမှာ ကမ္ဘာ့အအောင်မြင်ဆုံး Citadel ငွေစျေးကွက် လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။ ယခု သူ့ကွယ်ဝမှုက ဒေါ်လာ ၃ ဘီလီယံ ရှိပါတယ်။

Zaw Win

Admin...MZS 

No comments:

Post a Comment