Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 26, 2015

ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် မြန်မာအလုပ်သမားတစ်ဦး ဆင်နင်းခံရ


ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ မြန်မာ အလုပ်သမတစ်ဦး ဆင်နင်းခံရပြီး ခြေထောက် ကျိုးသွားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြ သွားပါတယ်။

ထောင်းန်ဖာဖူးမြို့နယ် အမျိုးသားသစ်တောဥယျာဉ် ဦးစီးမှူး နိုင်းကျလွန်း ကျိုင်းချွန်းက –   ဇန်န၀ါရီလ ၂၆ ရက် မနက် ၆ နာရီအချိန်  ဟွေ့ခယိုင့်ကျေးရွာ အုပ်စု ဟွေ့ပါခေါက်ရွာမှာ ဆင်နင်းခံရတဲ့သူရှိကြောင်း သတင်းရရှိတဲ့အတွက်  ချက်ချင်းဘဲ  ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ  အခင်းဖြစ်တဲ့နေရာကို သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ အဲဒီနေရာမှာ  ဒဏ်ရာမချိမဆန့်နဲ့ အော်ဟစ်နေတဲ့ အသက် ၆၀ ရွယ်အမျိုးသမီး ကို တွေ့ရှိလို့ ရှေးဦး သူနာပြုစုပြီး ထောင်းန်ဖာ ဖူးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထောက်တွေ ကို ပြောပါတယ်။

ဆက်လက်စစ်ဆေးမေးမြန်းချက်အရ အဲဒီအမျိုးသမီးဟာ မြန်မာအလုပ်သမား ဒေါ်တင်မေ ဆိုသူဖြစ်ပြီး ဒီကနေ့မနက်က အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါ အိမ်ရှေ့မှာ ဆင်ကြီးတကောင်ကို တွေ့တာနဲ့ လန့်ဖြတ် ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

သူထွက်ပြေးတဲ့အခါ အဲဒီဆင်ကလည်း  အနောက်ကလိုက်လာခဲ့ပြီး၊ တနေရာမှာ ချော်လဲသွားတော့ ဆင်က သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကို နင်းပြီး တောထဲပြန်ထွက်ပြေးသွားတယ်လို့ ဒေါ်တင်မေက တာဝန်ရှိသူတွေ ကို ပြော ခဲ့ပါတယ်။

အမျိုးသားဥယျာဉ်တာဝန်ရှိသူတဦး ပြောပြချက်အရ ဒေါ်တင်မေကို နင်းခဲ့တဲ့ဆင်ဟာ အသက် ၂၀ ရွယ်ရှိ ဆင်ထီး တကောင်ဖြစ်ပြီး အဲဒီအနီးက သစ် တောထဲမှာ နေထိုင်ကြောင်း ၊ အဲဒီသစ်တောထဲမှာ တောဆင်တွေ စုစုပေါင်း အကောင် ၈၀ လောက်ရှိပြီး အခုချိန်ဟာ ခြောက်သွေ့ရာသီဖြစ်တဲ့အတွက် အစာရေစာရှားပါးလို့ အပြင်ကို ထွက်လာတာဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုပါတယ်။

ဒါကြောင့် အနီးနားပတ်ဝန်းကျင်နေထိုင်သူတွေအနေနဲ့ သတိထားပြီးနေထိုင်ဖို့နဲ့ သစ်တောထိန်းသိန်းသူများ ကလည်း ဆင်တွေထွက်လာရင် တောအုပ်ထဲပြန်မောင်းသွင်းဖို့  သစ်တောဦးစီးဌာနက ညွှန်ကြားထားတယ် လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/78793

No comments:

Post a Comment