Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 26, 2015

ယေးလ်တက္ကသိုလ် မြန်မာလူငယ်များအစီအစဉ် လျှောက်နိုင်

အမေရိကန်နိုင်ငံရှိ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်သည် မြန်မာကျောင်းသားလူငယ်များအတွက် ၂၀၁၅ ခုနှစ် နွေရာသီ အထူးအစီအစဉ် လျှောက်လွှာများကို လက်ခံနေပြီဖြစ်ရာ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့ကို နောက်ဆုံးထား၍ အင်တာနက်အွန်လိုင်းမှ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။ယေးလ်လူငယ်ကမ္ဘာ့ပညာသင်အစီအစဉ် (Yale Young Global Scholars Program) သည် မြန်မာကျောင်းသားများကို ဇွန်လမှ ဩဂုတ်အထိ နွေရာသီကာလအတွင်း ယေးလ်တက္ကသိုလ်တွင် ရက်သတ္တနှစ်ပတ်ကြာ တက္ကသိုလ်ဘွဲ့ကြိုအဆင့် ပညာသင်ပေးမည် ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တခု ဖြစ်သော ယေးလ်တက္ကသိုလ်သည် ကွန်နက်တီကတ်ပြည်နယ်၊ နယူးဟဲဗင်တွင် တည်ရှိသည်။
ရွေးချယ်ခံရသော ကျောင်းသားအတွက် လေယာဉ်စရိတ်၊ ပညာသင်စရိတ်နှင့် အခြားစရိတ်စကများကို YYGS အစီအစဉ်က ကျခံမည်ဖြစ်သည်။
ယေးလ်တက္ကသိုလ် ဆရာများသည် သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဥပဒေ၊ နိုင်ငံတကာရေးရာ၊ လူထုကျန်းမာရေးနှင့် ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ စသော ဘာသာရပ်များကို သင်ရိုးညွှန်းတမ်း သုံးခုခွဲခြား၍ သင်ကြားပေးပါမည်။ မိမိနှစ်သက်ရာ သင်ရိုးညွှန်းတမ်း တခုကို လျှောက်ထားနိုင်သည်။လျှောက်ထားမည့် ကျောင်းသားသည် မြန်မာနိုင်ငံသား ဖြစ်ရမည်၊ ကျောင်းသားဘဝ အများစုကို မြန်မာနိုင်ငံရှိ ကျောင်းများတွင် ပညာသင်ကြားခဲ့သူ ဖြစ်ရမည်၊ အင်တာနက်အွန်လိုင်းပေါ်တွင် လျှောက်လွှာကို ငွေကြေးကိစ္စအပါအဝင် ဖြည့်စွက် တင်သွင်းရမည်ဟု စည်းမျဉ်းကန့်သတ်ထားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင်နေသူလည်း ဖြစ်ရပါမည်။
လျှောက်ထားရမည့် အင်တာနက် ဝက်ဘ်ဆိုက်ကို သွားရန်- 2015 YYGS Scholarship: Myanmar
http://kabarthit.com/index.php?option=com_content&view=article&id=584:2015-01-26-03-01-34&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment