CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 7, 2015
လွယ်သလားခက်သလား သမ္မတ
Byဗညားလှိုင်ဦး
အရှေ့တိုင်းသား ဗုဒ္ဓ ဘာသာဝင်ပီပီ ကိုယ့် ထက်အသက်အရွယ် ကြီးတဲ့သူ၊ အတွေ့အကြုံပိုများတဲ့သူ တွေ ကိုပခုံးချင်းမယှဉ်ဝံ့သလို၊ထိပ်ပုတ်ခေါင်းပုတ်လည်းမလုပ် ချင်ပါဘူး။ သမ္မတလို့အမည်တွင် တဲ့ နိုင်ငံတော်ဦးသျှောင်ကို နိုင်ငံ သားတစ်ယောက်အနေနဲ့ ဝေဖန် အကြံပြုချင်တဲ့စိတ်ပေါ်လာပြန် တော့လည်း လက်ကအလိုလို ကလောင်ကိုင်မိလျက်သားဖြစ် သွားပြီး ဒီခေါင်းစဉ်ကြီးကိုတပ်မိ လျက်သားဖြစ်သွားတာပါ။
တစ်ခါက စာရေးသူဟာ သူ တို့မို့သမ္မတဖြစ်ချင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ သမ္မတဖြစ်ချင် တဲ့သူတွေ သမ္မတဖြစ်ခဲ့၊ ဖြစ်နေတဲ့ သူတွေကို စာနာစိတ်နဲ့ရေးခဲ့တာ ပါ။ လက်ရှိသမ္မတကြီးကိုဆို ပိုလို့ တောင်စာနာမိပါတယ်။ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကတစ်မျိုး၊ အခြေခံဥပဒေပြင် ဆင်ရေးကတစ်ဖုံ၊ မြေသိမ်း၊ ယာ သိမ်းပြဿနာကတစ်နည်းဆို တော့ နိုင်ငံသစ်၊ စနစ်သစ်ကို ထူ ထောင်ရာဝယ် သူ့ခမျာ တစ်နေ့မှ အိပ်ကောင်းခြင်း၊ စားကောင်းခြင်းနေရမယ်တောင် မထင်မိပါဘူး။
အဲသလို ခေတ်အဆက်ဆက်ပြည်သူ့ဆီက အမှတ်ကောင်းတစ်မှတ်မှမရခဲ့တဲ့ သမ္မတတွေကို ပြန်ကြည့်ရင်း ကိုယ့်ကိုယ် ကိုယ် သမ္မတလုပ်ချင်သလားလို့ စိတ်ကူးထဲတောင်မထည့်မိပေ မယ့် တစ်လောက နေပြည်တော် တစ်ခွင် ပြဲပြဲစင်အောင်လျှောက် ကြည့်ရင်း လွှတ်တော်နဲ့သမ္မတ အိမ်တွေကိုမြင်ရ၊ ကျပ်သန်း ၆,၄၀၀ ကျော်တန်တဲ့ ဗိုလ်ရှုခံ မဏ္ဍပ်ကြီးကိုတွေ့ရ ဒီအထိလည်း စိတ်ကသိပ်မဝင်စားသေးပါဘူး။ ဒါပေမဲ့ နေပြည်တော်ဥတ္တရသီရိ မြို့နယ်ထဲက ရာဇသင်္ဂဟအိမ်ရာ ဆိုတာကို တွေ့ရတဲ့အခါမှာတော့ စိတ်နည်းနည်းယိုင်လာပါတယ်။ မင်းတရားကြီးရဲ့ ဆွေတော်မျိုး တော်များအိမ်တော်ရာလို့ အဓိပ္ပာယ်ကောက်ရမပေါ့။
အဲဒီအိမ်ရာဟာ ဒုဝန်ကြီး အဆင့်ထက်မနိမ့်တဲ့ဝန်ကြီးတွေ၊ စစ်တိုင်းမှူးတွေကိုပေးတဲ့ မြေ ကွက်ကြီးတွေဖြစ်ပြီး ကိုယ့်စိတ် တိုင်းကျ တိုက်တာတွေကို ပုံစံ အမျိုးမျိုးနဲ့ ဆောက်လုပ်ထားကာ လက်ရှိနေထိုင်ကြတဲ့သူတွေရှိ သလို တချို့ကလည်း နိုင်ငံ့တာဝန် က အငြိမ်းစားယူပြီးရင် နေထိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားကြတာ ပါ။ အဲဒီအိမ်ရာကိုကြည့်ပြီး သူ တို့လစာတွေနဲ့ ဘယ်လိုများစု ဆောင်းဆောက်ကြသလဲလို့ တွေး မိသလို အစိုးရဝန်ထမ်းများလစာ စုဆောင်းပြီး အိမ်ရာဝယ်နိုင်မယ့် နိုင်ငံတော်ရဲ့ အစီအစဉ်ကိုလည်း ပြေးပြီးမြင်ယောင်မိလိုက်ပါရဲ့။
ဟုတ်ပါတယ်။ နေပြည် တော်မှာရှိတဲ့ Capital, Junction စတဲ့စူပါမားကက်တွေမှာလည်း လူကြီးတွေကို ကန်တော့တဲ့ခြင်းကြီး၊ ခြင်းလတ်စတဲ့ ဂါရဝပြုပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေတော်တော်များများကိုလည်း တွေ့ခဲ့ပါ ရဲ့။ မြို့မဈေးကုန်းပေါ်နဲ့ ပျဉ်း မနားကစားသောက်ဆိုင်တွေမှာ တော့ သူငယ်ချင်းတစ်ယောက် ပြောတဲ့ ညနေခင်းအရောင်း အဝယ်တွေနဲ့ ညစဉ်စည်ကားနေ လေ့ရှိပါတယ်။ လက်မှတ်ကလေး တစ်ချက်ထိုးဖို့၊ တင်ဒါအောင်ဖို့၊ ပါမစ်ရဖို့၊ ဝန်ကြီးနဲ့တွေ့ရဖို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ရောင်း သူကရောင်းပြီး ဝယ်သူက ဝယ် နေကြတာပါ။
ကုမ္ပဏီတစ်ခုမှာ မန်နေဂျာ တာဝန်ယူထားသူတစ်ဦးက ဝန် ကြီးရုံးတွေကိုသွားရင် ဝင်ခွင့်၊ တွေ့ခွင့်တွေ အဆင်ပြေစေဖို့ ညွှန်မှူး ကအစ PSO တွေကို စကော့ဝီစကီအနီ၊ အနက်နဲ့ လမ်းခင်းထား ရသလိုသိန်းငါးထောင်လောက် တန်ဖိုးရှိတဲ့ ကန်ထရိုက်လုပ်ငန်း ပြီးစီးသွားလို့ ငွေထုတ်တဲ့အခါမှာ နေ့ရွှေ့ညရွှေ့နဲ့ အလီလီထုတ် ပေးနေတာကို မြန်မြန်ရချင်ရင် သိန်းတစ်ထောင်ပေးရမယ်လို့ မညှာမတာ တောင်းတဲ့အရာရှိ မင်းတွေလည်းရှိပါသတဲ့။ ဒီသတင်းကြားရတော့ မကြာခင်က သိန်းတစ်ရာလောက် အလွဲသုံး စားလုပ်လို့ဆိုပြီး ထောင်ဒဏ် ကျခံလိုက်ရတဲ့ ပြည်ထောင်စုဝန် ကြီးကိုတောင် သနားမိပါရဲ့။
ဒါတင်လားဆိုတော့ အရပ် ဘက်ဌာနဆိုင်ရာရုံးတွေထက်ပို ဆိုးတဲ့ နေရာရှိပါသေးသတဲ့။ နေပြည်တော်စစ်ရုံးချုပ်ကို အကြောင်းကိစ္စတစ်ခုခုနဲ့ဝင်မယ် ဆိုရင် ဂိတ်ပေါက်စောင့်တဲ့ အရာ ခံအကြပ်တပ်သားတွေကို ရေ လောင်း၊ ရေပက်ရပါတယ်တဲ့။ ဧည့်သည်ဆိုရင် အရပ်သားမပြော နဲ့ တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်း၊ တပ်မအသီးသီးကလာတဲ့ အရာ ရှိ၊ အရာခံတွေကိုတောင် မညှာပါ ဘူး။ ဥပမာပြောရရင် စစ်ဗိုလ်၊ စစ်သားတစ်ယောက်ဟာ စစ်ရုံး ချုပ်ကိုသွားလို့ ဂိတ်ပေါက်မှာ ကိုယ်ပိုင်နံပါတ်ပြ၊ သွားလိုတဲ့ ဌာနကတွေ့မယ့်သူအမည်ပြော၊ အထဲကအတွေ့ခံမယ့်လူကို စကားပြောစက်နဲ့လှမ်းမေးပြီး အတည်ပြုချက်ရမှ ဝင်ခွင့်ရပါ တယ်။ နောက်တစ်ချက်က ဧည့် သည်စစ်ဗိုလ်၊ စစ်သားရဲ့ ယူနီ ဖောင်းနဲ့ စစ်ဝတ်တန်ဆာပြည့်စုံ မှုကိုလည်း စစ်ဆေးပါသတဲ့။ အကယ်၍ ဦးထုပ်၊ ခါးပတ်မပါ ရင် ဝင်ခွင့်မပြုပါဘူးတဲ့။ အဲဒီ အတွက် ဂိတ်စောင့်ရုံထဲမှာ ယူနီ ဖောင်းအပိုတွေကို အခကြေးငွေပေးပြီးငှားရမ်းနိုင်ပါသတဲ့။ အဲဒီလို ဇာတ်တူသားတောင် မထားကြတာပါ။ ရွှေတိဂုံ၊ ကျိုက် ထီးရိုးဘုရားဖူးသွားလို့ မိန်း ကလေးတွေ စကတ်၊ ဘောင်းဘီဝတ်လာရင် လုံချည်အခမဲ့ငှားရမ်း နိုင်ပေမယ့် စစ်ရုံးချုပ်အဝင်မှာ တော့ အဲသလိုမရနိုင်ပါဘူးတဲ့။
ရာဇဌာနီလမ်းမ၊ ရာဇသင်္ဂ ဟအိမ်ရာ၊ ရာဇပလ္လင်ပါရှိတဲ့အိမ် တော်။ မှူးကြီးမတ်ရာတွေစည်း ဝေးတိုင်ပင်ကြတဲ့ လွှတ်တော်၊ သေနာပတိနဲ့ စစ်သူကြီး စစ်ကဲ တွေနေထိုင်တဲ့ နေပြည်တော် အရပ်မှာတောင် လာဘ်ပေး လာဘ်ယူနဲ့ ခြစားမှုတွေကြီးထွား နေလေတော့ အာဏာစက်လက် လှမ်းမမီတဲ့နေရာတွေမှာဆို မတွေးဝံ့စရာပါပဲ။ ဒီလိုအခြေအနေမှာ ဘယ်ပုဂ္ဂိုလ်က အာဏာကိုလက်လွှတ်ခံချင်ပါ့မလဲဆိုတာဟာလည်း အဖြေရှိပြီးသား မေးခွန်းပါ။
(၆၇)နှစ်မြောက် လွတ်လပ် ရေးနေ့အလံတင်အခမ်းအနားနဲ့ ဗိုလ်ရှုသဘင်မှာ သမ္မတဦးသိန်း စိန်က ဒီမိုကရေစီစနစ်အမြစ် တွယ်ခိုင်မာဖို့၊ နိုင်ငံရေးဆွေးနွေး ပွဲတွေပေါ်ပေါက်လာဖို့နဲ့ လွတ် လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ဖို့ဆိုတဲ့ အချက်များဟာ ကျော်လွှားရမယ့်စိန်ခေါ်မှုများဖြစ်ပြီး ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်သင့်ပြင်ထိုက်သည်များကို ဥပဒေနဲ့အညီ ပြင်ဆင်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
အဲသလို ပြောကြားအပြီး နောက်တစ်နေ့မှာပဲ သမ္မတဟာ ဗိုလ်ရှုသဘင်အခမ်းအနားကို တက်ရောက်လာတဲ့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးစာချုပ်ကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စု)နေ့မှာ လက် မှတ်ရေးထိုးနိုင်ရန် တိုက်တွန်းခဲ့ပါ တယ်။ ဒါဟာ သမ္မတကြီးအနေနဲ့ သူပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ပထမဆုံးအချက်ဖြစ်တဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်အဆင့်ဆင့်ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းတာပါ။
၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးကံကြမ္မာအပြောင်း အလဲဖြစ်နိုင်တဲ့နှစ်လို့ ဗေဒင် နက္ခတ်ပညာရှင်တွေပြောကြား ထားတဲ့အတိုင်း အကောင်းဘက် ကိုပြောင်းလဲဖို့အတွက် ပြည်သူ ပြည်သားတိုင်းမှာ တာဝန်ရှိနေပြီ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ် ယူမှုတွေ၊ ခြစားမှုတွေနဲ့ အသား ကျနေတဲ့ အုပ်ချုပ်ရေးယန္တရားထဲ က အာဏာစည်းစိမ်ကို လက် မလွှတ်ချင်သူတွေနဲ့ အပြောင်း အလဲလိုလားသော ပြည်သူတွေ ရဲ့အားပြိုင်ပွဲကြီးပါ။
မငြိမ်းသေးတဲ့ လူမျိုးရေး ပဋိပက္ခမီးတွေ၊ ဖြေရှင်းလို့မဆုံး နိုင်သေးတဲ့ မြေသိမ်းယာသိမ်းမှု တွေနဲ့ ဆန္ဒပြပွဲအမျိုးမျိုးတွေကြား မှာ လေးနှစ်လုံးလုံးညှိနှိုင်းဆွေး နွေးလို့မဆုံးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဖေဖော်ဝါရီ ၁၂ ရက်အမီ ဖုတ်ပူ မီးတိုက်ချုပ်မယ်ဆိုတာဟာ မလွယ်ရေးချ မလွယ်သလို နိုင်ငံ ရေးအခြေအနေပေါ်မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ထိုက်သည်များကို ပြင်ဆင်မယ် ဆိုတာဟာလည်း တပ်မတော်ရဲ့ဆန္ဒမပါဘဲ ဘာမှလုပ်လို့ရတာမဟုတ်လို့ ခက်ခက်ကိုမှ လိုချင်သူပါကွယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။
ဒါရိုက်တာရွှေဒုံးဘီအောင် ရိုက်ကူးတဲ့ ဗိုလ်အောင်ဒင်ရုပ်ရှင် ထဲမှာ လူဆိုးဗိုလ် ဗိုလ်အောင်ဒင် က တပည့်ဖြစ်သူရာမကိုပြောခဲ့တဲ့ ဒိုင်ယာလော့ခ်တစ်ခုကို သတိရမိ ပါတယ်။ ဗိုလ်အောင်ဒင်က သူ့ကို ပခုံးချင်းယှဉ်ချင်တဲ့၊ သူ့စကားနား မထောင်တဲ့တပည့်တွေကို သတိ ပေးတဲ့စကားပါ။ ‘‘လွယ်သလား ခက်သလားရာမ ဗိုလ်လုပ်ချင်တဲ့ လူဆိုတာ သေနတ်ကို ဒီလိုပစ်ရ တယ်ကွ’’လို့ ဆိုခဲ့ပါတယ်။ အခု လည်း တိုင်းပြည်ဦးသျှောင်ဖြစ်တဲ့၊ ဗိုလ်ရှုခံမဏ္ဍပ်မှာ ပူပူနွေးနွေးဗိုလ် ပါအပေါင်းရဲ့ အလေးပြုခြင်းခံယူ ပြီးဖြစ်တဲ့ သမ္မတကြီးအနေနဲ့ သူ့ ရဲ့မိန့်ခွန်းထဲကလို ဒီမိုကရေစီ စနစ်အမြစ်တွယ်ခိုင်မာဖို့၊ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာကျင်းပနိုင်ဖို့ဆိုရင် ဒီမိုကရေစီစနစ်ကို အဟန့်အတား ပြုသူတွေကို လွယ်သလား၊ ခက် သလားလို့ ပြတ်ပြတ်သားသား မေးခွန်း ထုတ်သင့်ပြီဖြစ်ပါ ကြောင်း အကြံပြုလိုက်ရပါတယ်။
http://www.7daydaily.com/story/28869#.VK30X3s9THQ
လွယ်သလားခက်သလား သမ္မတ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 07, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 07, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment