Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 31, 2015

အချိန်မှန် အိပ်စက်ခြင်းသည် သင်ကြားမှု အတွက် အကောင်းဆုံး သော့ချက်ဖြစ်



သက်အောင်
လန်ဒန် ၊ ဇန်န၀ါရီ ၁၆
            ကလေး သူငယ်များ အနေဖြင့် ကောင်းမွန်စွာ အချိန်ကြာကြာ အိပ်စက် ရခြင်းသည် နောင်တစ်ချိန်တွင် သင်ယူမှုနှင့် မှတ်ဉာဏ် ဖွံ့ဖြိုးဖို့ အတွက် အကောင်းဆုံး သော့ချက် ဖြစ်ကြောင်း သိပ္ပံ ပညာရှင်တို့က ပြောသည်။
            အသက် (၁၂) လ အရွယ်ရှိသော ကလေးငယ် (၂၁၆) ယောက်ကို စမ်းသပ် ကြည့်ရာတွင် အိပ်ရေးကောင်းစွာ မ၀ဘဲ နိုးထခဲ့ရပါက အဆိုပါ ကလေးငယ်များ အနေဖြင့် ပုံမှန် လုပ်ငန်း ဆောင်တာများကို မှတ်မိခြင်း မရှိကြောင်း သိရသည်။ ရှဖီးတက္ကသိုလ်မှ ပါမောက္ခများက ကလေးများကို အိပ်ရာ မ၀င်ခင် သို့မဟုတ် အိပ်စက်ခြင်း မပြုခင် သင်ကြား ရသည်မှာ ပိုမိုတတ်လွယ်ပြီး အကောင်းဆုံး ဖြစ်ကြောင်းနှင့် ကလေးများ အိပ်ရာဝင်ချိန်မှာလည်း စာဖတ်ပြဖို့ လိုကြောင်း၊ စာဖတ်ရာတွင်လည်း ဂရုသံ ပေါက်အောင် ဌာန်ကရိုဏ်း ကျကျ ဖတ်ပြသင့်ကြောင်း အကြံ ပေးထားသည်။
            ကလေး အထူးကု ဆရာဝန်များက အကြံပေးရာတွင် ကလေးများ အနေဖြင့် အသက်အရွယ် ငယ်ရွယ်ချိန်တွင် ကောင်းမွန်စွာ အိပ်စက်သင့်ကြောင်း ထိုအရွယ်တွင် အိပ်ရေး ကောင်းစွာဝဖို့လိုပြီးကျန်သည် အသက်အရွယ်ထက် ပိုမို အရေးကြီးကြောင်း ပြောသည်။ လူအများ အနေဖြင့် အိပ်စက်ခြင်းဖြင့် အချိန်ကုန်လေ့ရှိပြီး ကလေးများ အနေဖြင့် ထိုထက်ပိုမို အိပ်စက် သင့်ကြောင်းလည်း အကြံ ပေးထားကြသည်။
              ထို့ကြောင့် ကလေးနှင့် ပတ်သက်သည့် ပညာရှင်များက ကလေးများ၏ ပထမဆုံးနှစ် အတွင်း အိပ်စက်ခြင်းဟာ အရေးကြီးဆုံး ဖြစ်ကြောင်း ထုတ်ဖော် ပြောခဲ့သည်။ ထို့ကြောင့် အင်္ဂလန် အမျိုးသား သိပ္ပံ အကယ်ဒမီက ကလေးများကဲ့သို့ အိပ်စက်ခြင်းသည် သင်ယူမှုအား အကောင်းဆုံး ရရှိစေကြောင်း ထုတ်ပြန်ခဲ့သည်။ ရှဖီးလ် တက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာဂျိန်း ဟာဘတ်ကလည်း ““ အကောင်းဆုံး အိပ်စက်တဲ့ သူတွေက အကောင်းဆုံး သင်ယူနိုင်ပြီး ကောင်းကောင်း မအိပ်ရသူတွေ ကတော့ ဘယ်တော့မှ သင်ယူလို့ အဆင်ပြေနိုင်မှာ မဟုတ်ဘူး”” ဟု ပြောသည်။
            သူမက အိပ်ရေးဝခြင်းဟာ အကောင်းဆုံး ပါပဲဟုလည်း ပြောသည်။ နောက်ဆုံး လေ့လာတွေ့ရှိချက်များ အရ ကောင်းမွန်စွာ အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ် စီးဆင်းမှုနှင့် ဦးနှောက် ဆဲလ်များနှင့် ချိတ်ဆက်မှုအား ပိုကောင်းစေကြောင်းလည်း သိရသည်။ အထူးသဖြင့် ကလေးများ အိပ်ရေး ကောင်းမွန်စွာဝဖို့ လိုအပ်ပြီး အိပ်ရေး မ၀ပါက အာရုံစုစည်းမှုအား မကောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။      
 Source: BBC

No comments:

Post a Comment