Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 30, 2015

ဘင်္ဂလားဒေ့ရှ် ကမ်းလွန်၌ လူအများအပြား တင်ဆောင်လာသည့် ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်ရာ ခရီးသည် ၂၄ ဦးပျောက်ဆုံး


ဒါကာ ၊ ၃၀-၁-၂၀၁၅

မလေးရှား နိုင်ငံသို့ တရားမဝင် သွားရောက်မည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အများအပြားကို တင်ဆောင် လာသည့် ငါးဖမ်းစက်လှေ တစ်စီးသည် ယမန်နေ့တွင် ဘင်္ဂလားဒေ့ရှ် ကမ်းလွန်၌ နစ်မြုပ်သွား ခဲ့ရာ ခရီးသည် ၂၄ ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ငါးဖမ်း စက်လှေသည် ခရီးသည် ဦးရေ ၆ဝ ခန့်ကို တင်ဆောင် လာခြင်းဖြစ်ပြီး ကူတွတ်ဒီယာ ကမ်းလွန်မှ နှစ်မိုင်ခွဲ အကွာတွင် ရေစီး ကြမ်းတမ်း မှုကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့ က ထုတ်ပြန် ခဲ့သည်။

ကယ်ဆယ်ရေး အဖွဲ့များသည် ယခုအချိန် တွင် ခရီးသည် ၃၂ ဦးကို ဘင်္ဂလား ပင်လယ်အော် အတွင်းမှ ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပြီး စက်လှေပေါ်တွင် လိုက်ပါလာသူ အားလုံးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှဖြစ်ပြီး မလေးရှား နိုင်ငံသို့ တရားမဝင် သွားရောက်ရန် ကြိုးပမ်းခဲ့ သူများ ဖြစ်သည်။

သို့ရာတွင် ဒေသတွင်းရှိ ပုဂ္ဂလိက ရုပ်သံတစ်ခု၏ ထုတ်ပြန်ချက် အရ အဆိုပါ ငါးဖမ်းစက်လှေ ပေါ်တွင် ခရီးသည် ဦးရေ ၁ဝဝ ဦးခန့် လိုက်ပါ သွားခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။ ယင်း စက်လှေသည် စစ်တကောင်း မြို့ရှိ ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့ အကြီးအကဲ မာဆွတ်အလမ် က ပြောကြားခဲ့သည်။

ယခုအခါ ကယ်ဆယ်ရေး အဖွဲ့များသည် ပျောက်ဆုံး နေသူများကို ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_774.html

No comments:

Post a Comment