Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 29, 2015

မိုင်းဖြတ်၌ အရှိန်လွန်ယာဉ်တိုက်မိရာမှ နေအိမ်မီးဖို ဆောင်အတွင်း အိပ်နေသော မိသားစု လေးဦးအနက် တစ်ဦးသေဆုံး


မိုင်းဖြတ် ဇန်နဝါရီ ၂၉

ဇန်နဝါရီ ၂၆ ရက် ည ၁ဝ နာရီခွဲက မိုင်းဖြတ်မြို့မရဲစခန်း ဒုရဲအုပ် ဇော်မောင်သန်း တာဝန်မှူး တာဝန် ဆောင်ရွက်စဉ် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ငြိမ်းလေးပိုင် တစ်ဦးတည်း မောင်းနှင်လာသည့် ယာဉ်အမှတ် ထ/-----(RTC) အပြာရောင်ယာဉ်သည် KM၅၅/ ၅၆ ကြား၊ စွပ်ပလောင်းရွာ မိုင်းဖြတ် ကျေးရွာအုပ်စု၊ မိုင်းဖြတ်မြို့နယ် လမ်းကွေ့နေရာသို့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ သွပ်မိုး၊ ဝါးထရံကာ ဦးမာကုနေအိမ်ကို ဝင်ရောက်တိုက်မိရာ နေအိမ်မီးဖိုဆောင်အတွင်း အိပ်နေသော ဒေါ်အီရှယ်မိန်း (၃၈ နှစ်)၊ သမီးမခင်စိန်(ကိုးနှစ်)၊ မခင်(၆နှစ်) နှင့် သားဖီလစ်(သုံးနှစ်)တို့အနက် ဒေါ်အီရှယ်မိန်း စွပ်ပလောင်းရွာနေသူတွင် ဒဏ်ရာများရရှိသဖြင့် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ည ၁ဝ နာရီ ၅၅ မိနစ်တွင် သေဆုံးသွားကြောင်း သိရသည်၊

အမှုမှယာဉ်ကို ပေါ့ဆစွာ မောင်းနှင်သူ ငြိမ်းလေးပိုင်(၂၃ နှစ်)နောင်တုံရွာ ကျိုင်းတုံမြို့နေသူကို မိုင်းဖြတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment