Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 24, 2015

မယ်စကြဝဠာ အကြိုပြိုင်ပွဲ အလှမယ်သျှားထွဋ်အိန္ဒြာ ယှဉ်ပြိုင်


(၆၃)ကြိမ်မြောက် မယ်စကြဝဠာ အကြိုပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်က အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဖလော်ရီဒါ တက္ကသိုလ်အတွင်းရှိ FIU ခန်းမ၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် သျှားထွဋ်အိန္ဒြာက ယှဉ်ပြိုင်ခဲ့သည်။

Miss Universe Myanmar မှ ကိုချမ်းလင်းသူက ''ဇန်နဝါရီ ၂၁ ရက်မှာ ပြုလုပ်တဲ့ နိုင်ငံကိုယ်စားပြုဝတ်စုံပြိုင်ပွဲကို ဆုတစ်ဆုအနေနဲ့ပေးမှာပါ။ အဲဒီဆု ကို ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးပွဲစဉ်မှာ ကြေညာပေးမှာပါ။ အကောင်းဆုံး နိုင်ငံကိုယ်စားပြု ဝတ်စုံဆု ရရှိဖို့အတွက် တွစ်တာမှတစ်ဆင့် မဲပေးနိုင်ပါပြီ'' ဟု ပြောကြားသည်။

ပြိုင်ပွဲဝင် သျှားထွဋ်အိန္ဒြာက ''အကြိုပွဲစဉ်တွေအနေနဲ့ နိုင်ငံကိုယ်စားပြုဝတ်စုံပြပွဲအပြင် မယ်စကြဝဠာအဖွဲ့ အစည်းက စီစဉ်ပေးတဲ့ ဖွင့်ပွဲဝတ်စုံ အတိုရယ်၊ရေကူး ဝတ်စုံရယ်ပြီးတော့ ညနေခင်းဝတ်စုံနဲ့ လျှောက်ခဲ့ပါတယ်။အတွေ့အကြုံများစွာရတဲ့အပြင် ပြိုင်ပွဲစဉ်တစ်လျှောက်လုံး အဆင်ပြေပြေလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကိုလံဘီယာ၊ အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ရဲ့ ပရိသတ်တွေကတော့ အင်အားအတောင့်တင်းဆုံးနဲ့ အပြိုင်အဆိုင် အားပေးကြတာတွေ့ရပါတယ်။မြန်မာပရိသတ်တွေလည်း ခရီးဝေးကနေ တကူးတက လာရောက်အားပေးကြတာ တွေ့ရတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။သျှားကို စိတ်ဓာတ်ခွန်အားပေးကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်'' ဟု Miss Universe Myanmar အင်တာ နက်စာမျက်နှာတွင် ဖော်ပြထားသည်။

၁၉၅၂ ခုနှစ် ကက်တလီနာကျွန်းတွင် ရေကူးဝတ်စုံ များဝတ်ဆင်၍ အလှမယ်များ လာရောက်ယှဉ်ပြိုင်ခဲ့ကြရာမှ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးငယ်များပါဝင်သော နိုင်ငံတကာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကို ကျင်းပလာနိုင်ခဲ့ ကြသည်။ ယခုအခါတွင်မူ ယင်းပြိုင်ပွဲကို တစ်ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသော ပရိသတ်များက စောင့်ကြည့် အားပေးမှုကိုရရှိခဲ့ပြီး ယင်းပြိုင်ပွဲမှ နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးငယ်များ၏နေ့စဉ်လူနေမှုဘဝများ၊ ¤င်းတို့၏သက်မွေး ပညာရပ်များ၊ ကိုယ်ရည်ကိုယ်သွေးနှင့် လူသားချင်းစာနာ ထောက်ထားမှုများကို တိုးမြှင့်စေမည့်အပြင် မိမိနိုင်ငံ ၏ယဉ်ကျေးမှု၊ အလှအပတရားများကို နိုင်ငံတကာက သိရှိစိတ်ဝင်စားလာအောင် ဖော်ပြခွင့်ရရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မယ်စကြဝဠာပြိုင်ပွဲများကို ယခင်က ဒီဇင်ဘာလ တွင် ပြုလုပ်ခဲ့သော်လည်း မယ်စကြဝဠာ ၂ဝ၁၄ ပြိုင်ပွဲ ကိုမူ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလသို့ ပြောင်းလဲကျင်းပခဲ့သည်။မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ၁၉၅၉ ခုနှစ်တွင် ဒေါ်သန်းသန်းအေးက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၅ဝကျော်အတွင်း ၂ဝ၁၃ ခုနှစ်တွင် ပထမအကြိမ် Miss Universe Myanmar Organization မှ အလှမယ် မိုးစက်ဝိုင်၊ ဒုတိယအကြိမ် အလှမယ် သျှားထွဋ်အိန္ဒြာတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

(ခင်ဇာလီနှင့် စန္ဒာဝင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment