Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

ညာင်ဦးမြို့ ယမ်းဇမ်းကျေးရွာ၌ နွားရှစ်ကောင် သေဆုံးပြီး တစ်ပတ်အကြာ သုံးကောင် ထပ်မံ ရောဂါ ဖြစ်ပွား



ညောင်ဦး ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး ညောင် ဦးမြို့နယ် ယမ်းဇမ်းကျေးရွာ၌ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းမှစ၍ နွား ၁၁ ကောင် ရောဂါ ကျရောက်ပြီး ရှစ်ကောင် သေဆုံးခဲ့သည်။ သုံးကောင် ကို ဆက်လက် ဆေးကုသ ပေးနေဆဲ ဖြစ်သည်။ တစ်ပတ်ခန့်အကြာ ဇန်န ဝါရီ ၈ ရက် နံနက်ပိုင်းက နို့စို့နွား ငယ်လေးနှစ်ကောင်နှင့် သုံးနှစ်သား နွားတစ်ကောင် ဆက်လက်ရောဂါ ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားခဲ့ရာ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အဖွဲ့သည် ကာကွယ်ဆေး ထိုးပေးခြင်း နှင့် ကုသပေးခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် ကျေးရွာနေပြည်သူများက နောက်ထပ်နွားများ ဆက်လက်ရောဂါ ဖြစ်ပွားပြီး သေဆုံးမှုများ ဖြစ်ပေါ်မည် ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော့် နွားငယ်လေးက ညဦးပိုင်းမှာဆော့ကစားနေပြီး နွားမ ကြီးနို့ကိုလည်းစို့တယ်။ ညမအိပ်ခင် က အကောင်းပဲ။ နောက်နေ့ နံနက် ကျွန်တော်တို့အိပ်ရာထတော့ သေနေ တာကို တွေ့ရတယ်။ ကျွန်တော်တို့ လည်း ရောဂါနဲ့ သေတယ်ဆိုပြီး မြေမြှုပ်ပစ်တယ်။ ညဦးပိုင်းကတော့ အကောင်းပဲ။ ရောဂါရှိတဲ့ လက္ခဏာ ကိုမပြဘူး'' ဟု နွားပိုင်ရှင် ဦးသန်းစိုး ထံမှ သိရသည်။ ''ကျွန်တော်တို့ ကတော့ ဒီမနက်မှပဲသိတယ်။ အခု နေ့လယ်ပိုင်းမှာတော့ နွားလေးက ခေါင်းချလာတယ်။ အဲ့ဒါနဲ့ တိရစ္ဆာန် ဆရာဝန်ခေါ်ပြီး ဆေးထိုးပါတယ်။ ဆရာကတော့ ပေါင်ပုပ်လက်ပုပ် ရောဂါလက္ခဏာလို့ ပြောတယ်။ ဆရာကလည်း ပေါင်ပုပ်လက်ပုပ် ပိုးသေဆေး ထိုးပေးထားတယ်လို့ ပြောတယ်။ အခုတော့ နွားလေးက ခေါင်းပြန်ထောင်ပြီး နေကောင်း လာပါပြီ။ ကျွန်တော့်နွားလေးက နှစ်လသား ရှိပါပြီ။ ဆေးဒဏ်ခံ ရင်တော့ ပျောက်ပါလိမ့်မယ်လို့ တိရစ္ဆာန်ဆရာဝန်က ပြောပါတယ်'' ဟု နွားငယ်လေးပိုင်ရှင် ဦးကျော်တင့် ထံမှ သိရသည်။ ''ကျွန်မနွားက တော့ အခုမနက်ပိုင်းမှ သေတာ။ ခြေထောက်ကြီး ဒရွတ်ဆွဲနေတယ်။ ကျွန်မနွားက သုံးနှစ်သားရှိပြီ။ ခါတိုင်းဆိုရင် မောင်းလိုက်ရင် တောက်တောက်နဲ့ သွားတယ်။ ကနေ့တော့ အဲ့ဒီလို မသွားနိုင်ဘူး''ဟု နွားပိုင်ရှင် မခင်ပိုထံမှ သိရသည်။ ထိုသို့ နွားများ အဆက် မပြတ် ရောဂါဖြစ်ပွားနေမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်လျက် ရှိကြောင်း ကျေးရွာနေပြည်သူများထံ မှ သိရသည်။

ကျော်ဌေး(ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment