မြစ်ကြီးနား ၊ ၃၀-၁-၂၀၁၅
ကချင်ပြည်နယ်၊ မံဝိန်း၊ မံတောင်၊ လောခွန်ယန် နှင့် ဆဒုံးဒေသ အတွင်း လေကြောင်း ကင်းထောက်မှု အရ တရားမဝင် သစ်များအား တစ်ဖက်နိုင်ငံ သို့ ပို့ဆောင်ရန် စုပုံ ထားရှိမှုများကို သိရှိရသဖြင့် တပ်မတော် စစ်ကြောင်း များက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ တရားမဝင် သစ်လုံး အရွယ်မျိုးစုံ ၆၈၇၅ လုံးနှင့် တရားမဝင်သစ် ထုတ်ရာတွင် အသုံးပြုသော လုပ်ဒါ/ဘက်ဟိုး ရှစ်စီး၊ ပါဂျဲရိုး ယာဉ်နှစ်စီး၊ ပီကင်းဂျစ် ယာဉ်တစ်စီး၊ ဝင့်ကားယာဉ် တစ်စီး၊ ကရိန်းယာဉ် သုံးစီး တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ကချင်ပြည်နယ် အတွင်း ဇန်နဝါရီ ၂ ရက် မှ ၂၈ ရက်အထိ ဖမ်းဆီး ရမိသော
တရားမဝင်သစ် နှင့် သစ်ထုတ်ရာတွင် အသုံးပြု သောယာဉ်၊ မူးယစ်ဆေးဝါး နှင့်
တရားခံများ စုစုပေါင်း အနေဖြင့် သစ်လုံး အရွယ်မျိုးစုံ ၁၂၃၂၈ လုံး၊
ယာဉ်မျိုးစုံ ၅၁၉ စီး၊ ဆိုင်ကယ်ကိုးစီး၊ တရားခံ ၁၅၇ ဦးနှင့် ပစ္စည်း
မျိုးစုံများ၊ စိတ်ကြွဆေးပြား ၈၆၈ဝ၊ ဘိန်းမည်း ခြောက်ထုပ်၊ ဘိန်းစိမ်း ၂ဝ
ကျပ်သား တို့ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း
အပ်နှံနို င်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
Themyawadydaily
Themyawadydaily



No comments:
Post a Comment