ဟာသကားများ
ရိုက်ဖြစ် နေသည့် သရုပ်ဆောင် ဟိန်းဝေယံက ဟာသ ဖန်စီရိုးမန့် ကားများ
ရိုက်ကူးရန် အားသန်ပြီး ကာရိုက်တာ အစုံ ရိုက်ကူး သွားမည် ဖြစ်ကြောင်း
လက်ရှိ အနုပညာ လောကတွင် စက်မှုပိုင်း အားနည်းနေ သော်လည်း သရုပ်ဆောင်သည့်
အတတ်ပညာကို နိုင်ငံတကာ နှင့် ယှဉ်နိုင်ကြောင်း ပြောသည်။
လက်ရှိ ကျွန်တော်တို့ဆီမှာ ရိုက်ကွင်း နေရာတွေ နည်းနည်းထပ်နေတယ် ပေါ့နော်။
သဘောက ရန်ကုန်မှာ ဆိုရင် ရိုက်ရတဲ့ အိမ်က နည်းတယ် ဆိုတော့ နေရာက
ထပ်သွားတယ်။ နောက်ပိုင်း မှာတော့ နေရာတွေ မထပ်အောင် လို့တော့ လုပ်သွားကြ
မှာပါ။ ဒါကတော့ ကျွန်တော်တို့ သိပြီးသား ဖြစ်မှာပါ။ ဟောလီးဝုဒ်၊ ဘောလီးဝုဒ်
တို့နဲ့ ယှဉ်ရင်တော့ စက်မှုဘက်မှာ အများကြီးကွာ နေတာ တွေ့ရတယ်။ ကျွန်တော့်
အထင်ဆို သရုပ်ဆောင်တာ ကိုတော့ ယှဉ်လို့ရ ပါတယ်။ ဘယ်နိုင်ငံက
သရုပ်ဆောင်နဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ကွာချင်းကွာ စက်မှု ပညာပါပဲ။ စက်မှု ကတော့
အရမ်း ထွန်းကား တယ်လေ။ နောက်ပြီး ကုန်ကျစရိတ်တွေ၊ ထုတ်လုပ်သူတွေ၊ နည်း
ပညာတွေ အချိန်ယူမှု တွေကြောင့်ပဲ ထင်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင် လောက အရင်ကထက်
စာရင် ပိုပြီး တိုးတက် လာတယ်လို့ မြင်ရ ပါတယ်။ ကျွန်တော် ကိုယ်တိုင် ကလည်း
မလုပ်ဖူးသေးတဲ့ ကာရိုက်တာ တွေလည်း ရှိပါတယ်။ ကျွန်တော်က လူငယ် ဆိုတော့
ရိုးမန့်လေးတွေ၊ ဖန်စီလေးတွေကို သဘောကျ ပါတယ်။ ဘယ် ကာရိုက်တာ မဆို
ကျွန်တော် တတ်နိုင် သလောက် လုပ်သွား မှာပါ ဟု ဟိန်းဝေယံက ပြောသည်။
ဟိန်းဝေယံသည် ယခုနှစ် အတွင်း ရုပ်ရှင်ကားကြီး ရိုက်ကူးရန် ရှိကြောင်းနှင့်
လက်ရှိတွင် ဗီဒီယိုကားများ ကိုလည်း ရိုက်ကူး နေကြောင်း ပြောသည်။
messenger journal
http://www.messengernewsjournal.com/entertainment/detail.php?id=29506
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 9, 2015
သရုပ်ဆောင် တာချင်း ယှဉ်လို့ရတယ် ဆိုတဲ့ ဟိန်းဝေယံ
သရုပ်ဆောင် တာချင်း ယှဉ်လို့ရတယ် ဆိုတဲ့ ဟိန်းဝေယံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment