Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

ဝန်ထမ်းလစာ၊ ကုန်ဈေးနှုန်းနှင့် သံသယကို မီးပြင်းတိုက်ခြင်း

ဓာတ်ပုံ - လှိုင်မျိုးထွန်း
ဒုက္ခလော၊ ပြဿနာလော

ဝန်ထမ်းတွေ လစာတိုးရင်တော့ ပြဿနာပဲဟုမိတ်ဆွေတစ်ယောက်ကပြော လာသဖြင့် ဘာပြဿနာလဲဟု ပြန်မေးမိ သည်။ သူက ''တကယ်တော့ ပြဿနာ ထက် ဒုက္ခမှဒုက္ခ၊ ဒုက္ခကိုပြောတာဗျ'' ဟု တုံ့ပြန်ဆိုလာသည်။ မေးလိုက်သည့် သူ စာရေးသူမှာ အစိုးရဝန်ထမ်းဖြစ်နေပြီး ပြန်ဖြေသည့် မိတ်ဆွေက ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းဖြစ်သည်။ အယူအဆတိုက်ပွဲငယ် ကစတော့မည်။ အစိုးရဝန်ထမ်းလစာ တိုး မြှင့်မှုကြောင့် ကုန်ဈေးနှုန်းများတက်မည်။ ထိုမြင့်မားလာသော ကုန်ဈေးနှုန်းများကို မြင့်မားလာသောလစာရရှိနေသည့် အစိုးရ ဝန်ထမ်းများသာရင်ဆိုင်နိုင်မည်ဖြစ်ပြီးပုဂ္ဂလိ ကလုပ်ငန်းများမှဝန်ထမ်းများနှင့် အများ ပြည်သူအားလုံးစားဝတ်နေရေးတွင် အခက် အခဲများရင်ဆိုင်လာရမည့်အခြေအနေသည် အားလုံးအတွက်ဖြေရှင်းစရာပြဿနာ၊ ဒုက္ခ များဟု မိတ်ဆွေက ဆိုလိုခဲ့ခြင်းဖြစ်လိမ့် မည်ထင်သည်။
စဉ်းစားဖို့ကောင်းသည့်အကြောင်း တစ်ရပ်ဖြစ်လာသည်။ မေးခွန်းများရှိလာ သည်။ မိတ်ဆွေထင်ထားသကဲ့သို့ ဝန်ထမ်း များကို လစာတိုးပေးခြင်းသည် ကုန်ဈေး နှုန်းတက်ခြင်းကိုဖြစ်စေသည့် အဓိက အကြောင်းအရင်းပေလော။ ဤအကြောင်း နှင့်ပတ်သက်၍ သီအိုရီမရှိ၊ ဖော်မြူလာမရှိ သဘောတရား မကြားဖူးပေ။ အစိုးရ ဝန်ထမ်းများလစာတိုးခြင်းသည် ဈေးနှုန်း တက်ခြင်းဖြစ်စေသည့် အဓိကအကြောင်း တရားမဟုတ်၊အကြောင်းများစွာထဲမှအဓိက မကျလှသော အကြောင်းတစ်ရပ်သာဖြစ် သည်ကို အကြောင်းအကျိုးဆက်စပ်စဉ်း စားရန်လိုသည်။ တရားဝင်ကိန်းဂဏန်း များအရ အစိုးရဝန်ထမ်းဦးရေမှာစီးပွားရေး အဆောက်အအုံထဲရှိ လူဦးရေ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းခန့်သာရှိပြီး အလုပ်လုပ်နိုင်သူ လူဦးရေ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းခန့် သာရှိသည်။ (စီမံဝန်ကြီး နိုဝင်ဘာလက လွှတ်တော်တွင်ရှင်းလင်းဖြေဆိုခဲ့သောအချက် အလက်များအရ)ဟု သတိထားမိသည်။ ထိုအခြေအနေမဖြစ်ခင် (သတင်းကြားရုံ) နှင့်ဖြစ်ပြီးနောက် ဈေးနှုန်းများတက်သည့် အခြေအနေကိုကြည့်သည့်အခါတွင်လည်း ဇိမ်ခံကုန်စည်များအပါအဝင်နှင့်လုပ်ငန်းသုံး ကုန်ပစ္စည်းများထက် နေ့စဉ်လိုအပ်သည့် အခြေခံစားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်း အတော်များများ၏ ဈေးနှုန်းများတက်နေ သည်ကိုတွေ့ရသည်။ ထိုကုန်စည်များသာ ကနဦးလှုပ်ခတ်မြင့်တက်နေသည်ကို တွေ့ နေရ၏။

လိုလျှင်အကြံရှိ နည်းလမ်းမိ

ကြုံတွေ့ခဲ့ရပြီးသော အတွေ့အကြုံ များအရဝယ်လိုအားများလာ၍ မဖြစ်နိုင် ပေ။ ဝယ်လိုအားများသလောက်လစာ ပမာဏမှာလည်း တိုးမြှင့်ထားခြင်းမဟုတ်။ တစ်နိုင်ငံလုံး စားသုံးသူဦးရေ၏ ၂ရာခိုင် နှုန်းမှ ၃ရာခိုင်နှုန်းသာရှိသည့် လူဦးရေ တစ်ဦးချင်းစီ ငွေစအနည်းငယ်ပိုရခြင်းသာ ဖြစ်သည်ကို စေ့စေ့တွေးကြည့်နိုင်ပါက ဈေးနှုန်းတက်ခြင်းဖြစ်စေသော အခြေခံ အကြောင်းအရင်းတချို့ကို သတိပြုမိနိုင် လိမ့်မည်။ စီးပွားရေးအဆောက်အအုံ၏ မူလအားနည်းချက်များဖြစ်သည့် ပြည်တွင်း ထုတ်လုပ်မှုအားနည်းခြင်း၊ တရားမဝင်ကုန် စည်များအဝင်အထွက်ရှိနေခြင်း၊ နယ်စပ် ဒေသများ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ကုန်စည်များ (ဖမ်းဆီး မှုများကြောင့်) စရိတ်စက ပိုမိုကုန်ကျလာ ခြင်းနှင့် ကဏ္ဍများအကြား ဆက်စပ်မှုအား နည်းသောေိ့ သခ မူဝါဒများပေါ်တွင် စဉ်းစားသုံးသပ်ရန်ရှိလာသည်။ ထို့အပြင် မကြာခဏဖြစ်တတ်သည့်အပြောင်းအလဲ များပေါ်တွင် လုပ်စားတတ်သူများနှင့်ဆုံးရှုံး နစ်နာနိုင်မှုများအတွက် ကြိုတင်အကာအရံ လုပ်တတ်သူများကိုလည်း လက်ညှိုးထိုး နိုင်သည်။ ပြောင်းလဲမှုအကြောင်းတစ်စုံ တစ်ရာ(ကြိုတင်)သိရသည်နှင့် (ကောလာ ဟလပင်လျှင်) အခြေခံစားကုန်ဈေးကွက်ရှိ ဈေးနှုန်းများအမြင့်ကိုဦးတည်သည့် လှုပ် လှုပ်ရှားရှားဖြစ်လာတတ်သည်ကို ကြုံတွေ့ ခဲ့ရပြီးဖြစ်၏။ လစာငွေအမှန်တကယ်ပင် မတိုးသေး။ တိုးမည်ဟု ကြားရုံမျှဖြင့် ရောင်းသူများက စိတ်ကူးဖြင့် ဈေးတက်ရန် ပြင်နေတတ်ကြသည်။ဝယ်သူများကလည်း ထပ်၍တက်နိုင်သည်ဟု စိတ်ကူးဖြင့်ပင် ဝယ်ယူတတ်ကြရာ အမှန်ပင်ဈေးနှုန်းများ တက်လာကြတော့သည်။ လစာငွေတိုးမြှင့် မှုက အရိပ်အယောင်ပင်မရှိသေးချိန်တွင် ဈေးကွက်ထဲတွင် ဈေးနှုန်းက တင်ကြို တက်ရိပ်ပြနေခြင်းဖြစ်သည်။စားသုံးသူတစ်ဦးချင်းနှင့် နီးနီးကပ် ကပ်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် များရှိ လက်လီဆိုင်များအနေဖြင့် ဈေးနှုန်း မြှင့်တင်နိုင်ခြင်းမပြုလုပ်နိုင်ပေ။ မြင့်တက် ထားလျှင် အချိန်တိုခဏသာ ဖြစ်နိုင်ပေ မည်။ ဈေးနှုန်းမြင့်တက်ခြင်းကို လက်ကား ကုန်သည်ကြီးများနှင့် လက်ကားဆိုင်ကြီး များကသာ စတင်နိုင်ပေလိမ့်မည်။ အများ ပြည်သူတို့ဖြစ်စေချင်သည့်အစိုးရက ဈေး နှုန်းများကျဆင်းစေရန် ဆောင်ရွက်ပေးရန် မှာလည်း ဈေးကွက်စီးပွားရေးစနစ်အတွင်း ရေရှည်ကာလအတွက် မည်သို့မျှဖြစ်နိုင် ခြေမရှိပေ။ ဈေးကွက်စနစ်တွင် အမိန့်များ၊ ညွှန်ကြားချက်များဖြင့် ဈေးနှုန်းလမ်း ကြောင်းကိုဟန့်တား၍မရ၊ ထိန်းချုပ်၍ မရပေ။ မှောင်ခိုဈေးကွက်ဖြစ်ထွန်းလာ ကာ ပိုမိုဆိုးရွားသွားနိုင်သည်ကို သတိပြု သင့်သည်။ သက်ဆိုင်ရာဌာနများမှလက်ကား ကုန်သည်ကြီးများကို ခေါ်ယူညှိနှိုင်းခြင်း ပြုလုပ်မှသာ ဖြစ်နိုင်ခြေရှိမည်ဟု ထင်ရ သည်။ ဤအခြေအနေသည်လည်းကာလ တိုအတွက် ဆေးမြီးတိုအဆင့်လောက်သာ အထောက်အကူရပေလိမ့်မည်။ ပြုပြင် ပြောင်းလဲရေးကာလအတွင်း ဈေးကွက် ပရမ်းပတာမဖြစ်စေရေးအတွက် သက်ဆိုင် ရာဌာနများမှ တာဝန်ရှိသူများနှင့်ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များ၊ ကုန်သည်ကြီး များညှိနှိုင်းလျက် ကုန်ဈေးနှုန်းအဆင့်ကို ထိန်းသိမ်းနိုင်ရေးဆောင်ရွက်နိုင်သည်။ ထိုအစီအစဉ်မျိုးဖြင့် ဆောင်ရွက်ပေးနိုင်ရန် ယူအမ်အက်ဖ်စီစီအိုင်(UMFCCI) အဖွဲ့ ကြီး၏အကူအညီအပြည့်အဝလိုအပ်သည်။ ယူအမ်အက်ဖ်စီစီအိုင် (UMFCCI) အဖွဲ့ ကြီးမှဦးဆောင်၍ တစ်နိုင်ငံလုံးရှိကုန်သည် ပွဲစား၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်း၍လည်းကောင်း၊ သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ၍လည်းကောင်း ဈေးကွက်နှင့်ဈေးနှုန်း အလှုပ်အခါကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထိုသို့ညှိနှိုင်းဈေးနှုန်းကိုထိန်းသိမ်းပေးနေစဉ် အခြေခံစားကုန်များ၊ လူသုံးကုန်များကို ပြည်တွင်းတွင်ထုတ်လုပ်မှုတိုးမြင့်လာနိုင် ရေးအတွက်လည်း ယူအမ်အက်ဖ်စီစီအိုင် (UMFCCI) အဖွဲ့ကြီးက အစိုးရဌာနများ ကို အကြံဥာဏ်ပေးခြင်း၊ အဖွဲ့ဝင်ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် လိုအပ်သည်များ ဝိုင်းဝန်းကူညီပေးခြင်းများကို ထိထိရောက် ရောက်ပြုလုပ်ပေးရန်လိုသည်။ သွင်းကုန် ပမာဏများစွာ ဝင်ရောက်နေသော ပြည် တွင်းရှိ အခြေခံစားကုန်များ၊ လူသုံးကုန် များဈေးကွက်ထဲတွင် မဖြစ်သင့်သည့်ဈေး နှုန်းမြင့်တက်မှုများမရှိလာစေရန် သက်ဆိုင် ရာဌာနများနှင့် ယူအမ်အက်ဖ်စီစီအိုင် (UMFCCI) အဖွဲ့ကြီး ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်နိုင်မှသာ ဖြစ်နိုင်ခြေရှိပေမည်။

မီးပြင်းတိုက်ခံရသောသံသယ

ပြည်သူ့ဝန်ထမ်းများသည် အစိုးရ ယန္တရားကြီးတွင်ပါဝင်သောကိရိယာအစိတ် အပိုင်းလေးများဖြစ်ကြသည်။ သွေးသားနှင့် တည် ဆောက်ထားသော သက်ရှိအစိတ် အပိုင်းလေးများဖြစ်သောကြောင့် အချိန်တန်လျှင် တောက်လောင် တတ်သောဝမ်းမီးရှိ၏။ ကြုံတွေ့ ရမည့် လူမှုအရေးအရာများရှိ၏။ ဝမ်းမီးကို ပုံမှန်ငြှိမ်းသတ်နိုင်မှဖြစ် မည်။ လူမှုသောကများကို အတိုင်း အတာတစ်ခုအထိ ငွေကြေးလုံ လောက်စွာဖြေရှင်းနိုင်စွမ်းရှိရန် ပုံမှန်လှုပ်ရှားနိုင်သည်။ သို့မှသာ အစိုးရယန္တရားကြီးအတွင်းကျရာ နေရာတွင် စွမ်းရည်ပြည့်လှုပ်ရှား နိုင်မည်ဖြစ်သည်။ ချမှတ်ထား သော စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ ပိုမိုစွမ်းဆောင်ရည်ရှိ သော၊ အကျင့်စာရိတ္တကောင်းမွန် သော ပြည့်ဝန်ထမ်းများအဖြစ် ရှင် သန်ရပ်တည်နိုင်မည်ဖြစ်သည်။ အိမ်တစ်အိမ်၊ မိသားစုတစ်စုဖြင့် ထပ်မံ၍ နမူနာပေးချင်သည်။ မိ သားစုဝင်ငွေမကောင်းသည်နှင့် ထမင်းလွတ်၊ ဟင်းလွတ်ထားနေ မရ၊ ဝင်ငွေမရှိ၍ ကလေးများ ကျောင်းမှထုတ်ပစ်၍မရ လက်ရှိ ဝမ်းမီးငြိမ်းနိုင်ရေး ဝင်ငွေရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေရှာဖွေဖန်တီးရယူ၍ ထမင်းနပ်မှန်အောင် စားကြရမည်။ သားသမီးများ၏ အနာဂတ်အကျိုးစီးပွားအတွက် ပညာတတ်မြောက်နိုင်ရေး ကျောင်းထားရန်လည်းအရေးကြီး သည်။ ရင်းနှီးမြှုပ်နှံမှုသဖွယ် သ ဘောထားရမည်သာ။ လက်ရှိအ ခက်အခဲများအတွက် စိတ်သောက ဖြစ်မနေဘဲ တစ်နည်းမဟုတ် တစ် နည်းအားဖြင့် ဖန်တီး၍ သုံးစွဲရ မည်သာဖြစ်သည်။ အသုံးနှင့်အ ဖြုန်းခွဲခြားသဘောပေါက်နားလည် ရင်း ဖြစ်ပေါ်လာနိုင်သည့် အခက် အခဲများကို သတိပြုကြိုတင်ပြင် ဆင်သင့်သည်။ နည်းလမ်းရှာဖွေ ရင်း ကုန်ဈေးနှုန်းမြင့်တက်မှု တပ် လှန့်သံများကိုလည်းနားပါးပါးဖြင့် နားထောင် ဝိုင်းဝန်းဖြေရှင်းရမည်။ ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်း များအတွက်လည်း အနည်းဆုံးလုပ် ခလစာသတ်မှတ်နိုင်ရေးအားထုတ် နေကြပြီဖြစ်သဖြင့် ပိုမိုဂရုစိုက်၍ အားထုတ်ဆောင်ရွက်ရန်လိုအပ် သည်။ ပြည်သူများကြား ဝန်ထမ်း များလစာတိုးခြင်းကြောင့် ကုန်ဈေး နှုန်းများတက်သည်ဟူသော ယူဆ ချက်အလွဲဖြင့် စိုးရိမ်နေကြသူများ ကိုလည်းကောင်းစွာသဘောပေါက် နားလည်မှုရှိလာစေရန်အတွက်လည်း နည်းလမ်းအမျိုးမျိုးသုံး၍ရှင်းလင်း မှုများ လိုအပ်မည်ထင်သည်။ ထို အချက်သည် မှန်ကန်သည့် 'ဤ' အက္ခရာအသံမှ အများလက်ခံသွား ရသည့် 'ကျွဲ'ဖြစ်သွားသော အခြေ အနေသာဖြစ်သည်။ မှားယွင်းစွာ ယုံကြည်ထားသော အယူအဆကို ကိုယ်ကျိုးစီးပွားအတွက် ချိန်ကိုက် အခွင့်ကောင်းယူသူများက လူအ များပို၍ခိုင်ခိုင်မာမာလက်ခံလာစေ ရန် အကြောင်းရှာဖန်တီးနေခဲ့ကြ သည်။ ထိုသူတို့သည် သံသယကို ပို၍ပြင်းထန်လာစေရန် သိသိသာ သာမီးပြင်းတိုက်နေကြခြင်းသာ ဖြစ်ပေသတည်း။

စောနိုင်(အသုံးချဘောဂဗေဒ)
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment