Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 20, 2015

ခရိုင္ေထြအုပ္အား တပ္မေတာ္အရာရွိက ပစ္ခတ္


ဂ်ႏၷဝါရီလ ၂၀ ရက္ ၂၀၁၄

သၽွမ္းျပည္ေတာင္ပိုင္း လင္းေခးခရိုင္ လင္းေခးၿမိဳ႕နယ္တြင္ ေရွ႕တန္းထြက္ တပ္မေတာ္ အရာရွိက ခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရး အရာရွိအား ေသနတ္ျဖင့္ ပစ္ခတ္သည့္ ျဖစ္ရပ္တခု ျဖစ္ပြါးခဲ့သည္။

ဂ်ႏၷဝါရီလ ၁၉ ရက္ ယမန္ေန႔ နံနက္ပိုင္းက ပစ္ခတ္မွုျဖစ္ပြါးခဲ့ သည္ဟု လင္းေခးေဒသခံမ်ား ေျပာျပခ်က္အရ သိရသည္။

“ခရိုင္ေထြအုပ္႐ုံးက ဒုဦးစီး ဦးဘိုဘိုေရႊတဲ့ အပစ္ခံရတာက။ သူ႔ကိုလင္းေခးမွာ ေမာင္ဘို လို႔ေခၚတယ္။ လင္းေခးေျပာင္း လာတာ ၃ ႏွစ္ေလာက္ဘဲရွိဦးမယ္။ လာပစ္တာက ခမရ ၅၁၄ ကစစ္သား။ လင္းေခးဘက္စစ္ေၾကာင္းလွည့္လာတာဆို ဘဲ။ သူတို႔ ၂ ေယာက္က မိုင္းကိုင္ကေန လင္းေခးကို ေျပာင္းလာတဲ့ ေကာင္မေလးနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတာ တဲ့။ ေမာင္ဘိုကို ေတာင္ႀကီး ပို႔ထားတယ္ ေဆးကုဖို႔။ ပါးနားမွာ ရွပ္သြားတာေလ။ ပစ္ခတ္တဲ့ စစ္တပ္အရာရွိကိုေတာ့ တခ်ိဳ႕ကလည္း ဖမ္းမိၿပီလို႔ ေျပာၾကတယ္။ ဒါေပမယ့္ အတိအက်ေတာ့ မသိရေသးဘူး” - ဟု ေစ်းပိုင္းရပ္ေန ေဒသခံ တဦးက သၽွမ္းသံေတာ္ဆင့္အား ေျပာျပသည္။

အဆိုပါပစ္ခတ္မွုျဖစ္စဥ္မွာ ျမန္ဆန္သျဖင့္ လင္းေခးၿမိဳ႕ခံတခ်ိဳ႕ ညေနပိုင္းမွပင္ သိရေၾကာင္း၊ သို႔ေသာ္ လုံျခဳံေရး အထူး ခ်ထားျခင္း မရွိေၾကာင္းလည္း ၿမိဳ႕လယ္ေက်ာင္းအနီးေနထိုင္သူ အမ်ိဳးသားတဦးက ဆိုပါသည္။

“အေျခအေနက စိုးရိမ္ေၾကာက္လန႔္ရတဲ့ အေျခအေနမဟုတ္ေတာ့ ေဒသခံေတြအေနနဲ႔ ေအးေဆးသြားလာလွုပ္ရွားေန တာပါဘဲ။ လုံျခဳံေရးအထူးခ်ထားတာေတြလည္း မရွိပါဘူး။ မေန႔ညေနပိုင္းေလာက္ဘဲ အဲဒီ႐ုံးနားမွာ ျပည္သူ႔စစ္နဲ႔ ရဲတခ်ိဳ႕ေလာက္ဘဲရွိတယ္။ ဒီေန႔လည္း ေအးေဆးဘဲ။ ခရိုင္ေထြအုပ္႐ုံးဆိုေတာ့ အဲဒီမွာ တျခားကလာတဲ့ ၀န္ထမ္းေတြ မ်ားတယ္။ ေဒသခံ (၀န္ထမ္း) ဆိုတာ မရွိသေလာက္နည္းပါတယ္” ဟု အသက္ ၄၀ ေက်ာ္ အဆိုပါအမ်ိဳးသားက ေျပာပါသည္။

၂၀၁၄ ႏွစ္ကုန္ပိုင္းကလည္း ခရိုင္သစ္ေတာဝန္ထမ္းမ်ား ပစ္ခတ္တိုက္ခိုက္ခံခဲ့ရကာ ၄ ဦး ေသဆုံးခဲ့သည္။ ယေန႔တိုင္ ပစ္ခတ္မွုလက္သည္ မဖမ္းမိေသးေၾကာင္း ၀န္ထမ္းမ်ား အသိုင္းအဝိုင္းက ေျပာဆိုပါသည္။

သၽွမ္းျပည္ေတာင္ပိုင္း လင္းေခးၿမိဳ႕သည္ ခရိုင္အဆင့္သို႔ ေျပာင္းလိုက္သည့္ေနာက္ပိုင္း ႐ုံးဝန္ထမ္းမ်ားမွာ နယ္ႏွင့္ တျခားေဒသမွ ေျပာင္းေရႊ႕လာၾကသူမ်ား ျဖစ္ၾကသည္။

သၽွမ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese

20 January 2015



ဂျန္နဝါရီလ ၂ဝ ရက် ၂၀၁၄

သှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ရှေ့တန်းထွက် တပ်မတော် အရာရှိက ခရိုင်အထွေထွေ အုပ်ချုပ်ရေး အရာရှိအား သေနတ်ဖြင့် ပစ်ခတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွါးခဲ့သည်။

ဂျန္နဝါရီလ ၁၉ ရက် ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ သည်ဟု လင်းခေးဒေသခံများ ပြောပြချက်အရ သိရသည်။

“ခရိုင်ထွေအုပ်ရုံးက ဒုဦးစီး ဦးဘိုဘိုရှေတဲ့ အပစ်ခံရတာက။ သူ့ကိုလင်းခေးမှာ မောင်ဘို လို့ခေါ်တယ်။ လင်းခေးပြောင်း လာတာ ၃ နှစ်လောက်ဘဲရှိဦးမယ်။ လာပစ်တာက ခမရ ၅၁၄ ကစစ်သား။ လင်းခေးဘက်စစ်ကြောင်းလှည့်လာတာဆို ဘဲ။ သူတို့ ၂ ယောက်က မိုင်းကိုင်ကနေ လင်းခေးကို ပြောင်းလာတဲ့ ကောင်မလေးနဲ့ပတ်သက်ပြီး ပြဿနာရှိနေတာ တဲ့။ မောင်ဘိုကို တောင်ကြီး ပို့ထားတယ် ဆေးကုဖို့။ ပါးနားမှာ ရှပ်သွားတာလေ။ ပစ်ခတ်တဲ့ စစ်တပ်အရာရှိကိုတော့ တချို့ကလည်း ဖမ်းမိပြီလို့ ပြောကြတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး” - ဟု စျေးပိုင်းရပ်နေ ဒေသခံ တဦးက သှမ်းသံတော်ဆင့်အား ပြောပြသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဥ်မှာ မြန်ဆန်သဖြင့် လင်းခေးမြို့ခံတချို့ ညနေပိုင်းမှပင် သိရကြောင်း၊ သို့သော် လုံခြုံရေး အထူး ချထားခြင်း မရှိကြောင်းလည်း မြို့လယ်ကျောင်းအနီးနေထိုင်သူ အမျိုးသားတဦးက ဆိုပါသည်။

“အခြေအနေက စိုးရိမ်ကြောက်လန့်ရတဲ့ အခြေအနေမဟုတ်တော့ ဒေသခံတွေအနေနဲ့ အေးဆေးသွားလာလှုပ်ရှားနေ တာပါဘဲ။ လုံခြုံရေးအထူးချထားတာတွေလည်း မရှိပါဘူး။ မနေ့ညနေပိုင်းလောက်ဘဲ အဲဒီရုံးနားမှာ ပြည်သူ့စစ်နဲ့ ရဲတချို့လောက်ဘဲရှိတယ်။ ဒီနေ့လည်း အေးဆေးဘဲ။ ခရိုင်ထွေအုပ်ရုံးဆိုတော့ အဲဒီမှာ တခြားကလာတဲ့ ဝန်ထမ်းတွေ များတယ်။ ဒေသခံ (ဝန်ထမ်း) ဆိုတာ မရှိသလောက်နည်းပါတယ်” ဟု အသက် ၄ဝ ကျော် အဆိုပါအမျိုးသားက ပြောပါသည်။

၂၀၁၄ နှစ်ကုန်ပိုင်းကလည်း ခရိုင်သစ်တောဝန်ထမ်းများ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ ၄ ဦး သေဆုံးခဲ့သည်။ ယနေ့တိုင် ပစ်ခတ်မှုလက်သည် မဖမ်းမိသေးကြောင်း ဝန်ထမ်းများ အသိုင်းအဝိုင်းက ပြောဆိုပါသည်။

သှမ်းပြည်တောင်ပိုင်း လင်းခေးမြို့သည် ခရိုင်အဆင့်သို့ ပြောင်းလိုက်သည့်နောက်ပိုင်း ရုံးဝန်ထမ်းများမှာ နယ်နှင့် တခြားဒေသမှ ပြောင်းရှေ့လာကြသူများ ဖြစ်ကြသည်။

သှမ်းသံတော်ဆင့်

No comments:

Post a Comment