Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 10, 2014

ပျံသန်းစဉ် ငှက်နှင့်တိုက်မိ၍ MAI လေယာဉ် ဦးထိပ်ပိုင်း ပေါက်ပြဲမှုဖြစ်ဟုဆို


အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI) ပိုင် လေယာဉ် အမျိုးအစား A-319 လေယာဉ်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ထွက်ခွာလာစဉ် ရန်ကုန် လေဆိပ် သို့မရောက်မီ ၁၀ မိနစ်ခန့်အလို ပဲခူးမြို့ပေါ် ပေ ၄၀၀၀ ခန့် အမြင့်မှ ပျံသန်းနေစဉ် ငှက်များနှင့်တိုက်မိ၍ လေယာဉ်၏ဦးထိပ်ပိုင်း၌ ၁ ပေ ပတ်လည်ခန့် အပေါက်ဖြစ်သွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်း ၈ ဦးနှင့် ခရီးသည် ၁၂၀ ဦး လိုက်ပါလာကြောင်း၊ ယင်းသို့ဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့ ကြောင်းနှင့် ခရီးသည်များအန္တရာယ်တစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ-Yangon Police

No comments:

Post a Comment