Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 24, 2014

ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခြင်းခံလိုက်ရတဲ့ Jackie Chan ရဲ့ သား

တရုတ် ကွန်ဖူးမင်းသားကြီး Jackie Chan ရဲ့ သားဖြစ်သူ အသက် ၃၂ နှစ် အရွယ် Jaycee Chan ဟာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ တရုတ်အာဏာပိုင်တွေရဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ် ခြင်းကို ခံခဲ့ရပါတယ်။

Jaycee Chan နဲ့ ထိုင်ဝမ် သရုပ်ဆောင် Ko Kai တို့ဟာ သြဂုတ်လက ဆေးခြောက် လက်ဝယ် တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရပြီး သူတို့ ၂ ဦးလုံးကို ဆေးခြောက်သုံးစွဲမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး သုံးစွဲခဲ့ကြောင်း ထင်ရှားခဲ့တဲ့အတွက် ထောင်ဒဏ် ၃ နှစ် ကျခံဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သားဖြစ်သူ Jaycee Chanရဲ့ လုပ်ရပ်ဟာ ၂၀၀၉ ခုနှစ်က ဘေဂျင်းမှာ မူးယစ်ဆေးဝါးပပျောက်ရေး သံတမန်ခန့်အပ်ခံခဲ့ရတဲ့ ဖခင်ဖြစ်သူ Jackie Chan ကို များစွာထိခိုက်စေခဲ့ပါတယ်။

ထိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး Jackie Chan က သူ့သားအတွက် အရမ်းကို အရှက်ရမိကြောင်း၊ လူငယ်တွေအနေနဲ့ Jaycee Chan ကိုဥပမာထားပြီး မူးယစ်ဆေးဝါး မသုံးကြဖို့ ပြောကြားထားပါတယ်။

trend myanmar

No comments:

Post a Comment