ဒီလို အဖြစ်မျိုး ဘယ်သူမှ ကြုံချင်ကြမှ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
အညစ်အကြေးတွေ သယ်ဆောင်လာတဲ့ မိလ္လာယာဉ်ဟာ မတန် တဆ တင်လာခြင်း
အကျိုးဆက်ကြောင့် ပေါက်ကွဲမှု ဖြစ်သွားပြီး လမ်းသွား
လမ်းလာတွေနဲ့ဆိုင်တချို့ ဒုက္ခရောက်သွားခဲ့ တာမို့ ဖြစ်ပါတယ်။ မိလ္လာယာဉ် ဟာ
သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမို သယ်ဆောင်လာတာ ဖြစ်ပြီး လူစည်ကားရာ နေရာမှာ
ပေါက်ကွဲ ထွက်သွားတာ ဖြစ်ပါတယ်။ အနီးအနား မှာ ရှိ တဲ့လူတွေဟာ မစင်တွေ
ပေကျံခဲ့ တာကြောင့် စိတ်ဆိုးခဲ့ကြပြီး ၀ရုန်းသုန်းကား ဖြစ်သွား ခဲ့ပါတယ်။
အထူးသဖြင့် ဆိုင်ဖွင့်ထားတဲ့သူဟာ ဒီဖြစ်ရပ်ကို မယုံကြည်နိုင်အောင်
ဖြစ်သွားပြီး သူ့ဆိုင်ကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ ဆိုတာ မတွေး
တတ်အောင် ဖြစ်သွားပါတယ်။ မျက်မြင် သက်သေ တစ်ဦးက မိမိအနေဖြင့် ယာဉ် မတော်တဆ
ဖြစ်ခဲ့တယ်လို့ ထင်ခဲ့ကြောင်း၊ သို့သော်လည်း မိလ္လာယာဉ် ပေါက်ကွဲခြင်းသာ
ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာတွင် အားလုံး စိတ်မချမ်းမသာ ဖြစ်ခဲ့ကြောင်း၊
အနံ့အသက် ကလည်း အလွန်ဆိုးရွားကြောင်း၊ မိမိလည်း အမြန်ဆုံး
ပြန်ထွက်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ မိလ္လာယာဉ်ကို ပြုပြင် ထိန်းသိမ်းမှု
မပြုလုပ် တာကြောင့် ယခု ဖြစ်ရပ်နဲ့ ကြုံခဲ့ ရကြောင်း ရဲတပ်ဖွဲ့က သုံးသပ်
ခဲ့ပါတယ်။ တာဝန်ရှိသူ တစ်ဦးက ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ပေမယ့် ဆိုးရွားတဲ့
အညစ်အကြေး တွေကြောင့် ရောဂါဘယတွေ မ၀င်ရေး သန့်ရှင်းရေးကို ထိရောက်စွာ
ပြုလုပ်သွား ရမည် ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ မိလ္လာယာဉ် ကိုင်တွယ်
အသုံးပြုရာမှာ စနစ်မကျခဲ့ တာကြောင့် ပေါက်ကွဲ ထွက်သွားခြင်းဖြစ်
နိုင်တယ်လို့လည်း သုံးသပ်နေကြ ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=28986
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 31, 2014
မိလ္လာယာဉ် ပေါက်ကွဲမှုကြောင့် အားလုံး ဒုက္ခရောက်ခဲ့
မိလ္လာယာဉ် ပေါက်ကွဲမှုကြောင့် အားလုံး ဒုက္ခရောက်ခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 31, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 31, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment