ပြင်ဦးလွင် ဒီဇင်ဘာ ၎
ပြင်ဦးလွင်မြို့သည် တောင်ပေါ် အပန်းဖြေမြို့တော်အဖြစ် ထင်ရှား သည့် အလျောက် နှစ်စဉ်ကျင်းပပြုလုပ် ပြသမြဲဖြစ်သော ကန်တော်ကြီး အမျိုး သား ဥယျာဉ်အ တွင်းရှိ ပန်းပွဲတော် ကိုလည်း ပြည်တွင်း ဧည့်ပရိသတ် များသာမက နိုင်ငံခြားသား ခရီး သည် များကလည်း စိတ်ဝင်စား ကြသည်။
ယခုနှစ်တွင်လည်း ပန်းအစို (အစစ်) အပွင့်ပေါင်း တစ်သိန်း ခြောက်သောင်း၊ ပန်းအခြောက် (အတု) အပွင့်ပေါင်း ငါးသောင်းဖြင့် ဖန်တီးပုံဖော်ထားသော ပြကွက် အမျိုးမျိုးပါဝင်သည့် ပန်းပွဲတော်ကြီး ကို ဒီဇင်ဘာ ၁၅ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်၍ ဒီဇင်ဘာ ၃၁ ရက်အထိ ခင်းကျင်းပြသသွားမည် ဖြစ်သည်။ ပန်းပွဲတော်ရက်အဖြစ် ထိုကဲ့သို့ စီစဉ်ရက်သတ်မှတ်ထား သော်လည်း ရပ်နီးရပ်ဝေးရှိ ပွဲတော် လာ ဧည့်သည်များ မမြင်ရ၊ မကြုံရ မဖြစ်ရလေအောင် ပန်းများ သက် တမ်းရှိသရွေ့ ဖေဖော်ဝါရီ လကုန် အထိ ထားရှိပြသသွားမည်ဖြစ်သည်။
ပန်းပွင့်ပေါင်းများစွာဖြင့် ပုံဖော် ထားသော နိုင်ငံတော်အလံကို ပွဲ တော်အဝင်ဝတွင် ဂုဏ်ယူစရာ တွေ့ မြင်ရမည်ဖြစ်သကဲ့သို့ ချစ်စရာ ဟင်္သာရုပ်ပုံ၊ ကြီးကြီးမားမားခန့်ခန့် ထည်ထည် ပိရမစ်ပုံ၊ ပြင်ဦးလွင်မြို့၏ အထင်ကရဖြစ်သော ရထားလုံးပုံ၊ မြန်မာလူမျိုးတို့၏ သမိုင်းဝင်နန်းမြို့ ရိုးပုံ၊ ပြင်ဦးလွင်ကို လှပစွာပုံဖော်ထား သော ပန်းစာလုံးများ၊ နှစ်သက် ကြည်နူးဖွယ် အသည်းနှစ်ထပ်ပုံနှင့် အခြားစိတ်ဝင်စားဖွယ် ပြကွက်အစုံစုံ တို့ကို တွေ့မြင်ရမည်ဖြစ်သည်။
ထို့အပြင် ယခုနှစ်တွင် ထူးထူး ခြားခြားဖြင့် ရောင်စုံဖူးပွင့်ဝေဆာ လျက်ရှိနေသော ပန်းခင်းကြီးများ အတွင်းတွင် လှပသော အလှမယ် လေးများကို ပန်းပွင့်များဖြင့် သရုပ် ဖော်၍ မျက်စိပသာဒကျအောင် သူ့ နေရာနှင့်သူ ထည့်သွင်းဖော်ပြထား သည်မှာလည်း ဆွဲဆောင်မှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။
ယခုနှစ်ကျင်းပပြုလုပ်မည့် ပန်း ပွဲတော်ကြီးတွင် ဒီဇင်ဘာ ၂ဝ၊ ၂၁ ရက်များ၌ နိုင်ငံကျော်အဆိုတော် ၅ဝ ကျော်ပါဝင်သည့် ဂီတဖျော်ဖြေပွဲ ကြီးနှင့် မန္တလေးမြို့မတူရိယာအဖွဲ့တို့ မှလည်း လာရောက်တီးခတ်သီဆို ဖျော်ဖြေကြမည်ဖြစ်သောကြောင့် ပန်းကမ္ဘာမျှော်စင်ပေါ်မှ ပန်းပွဲသို့ အလည်တစ်ခေါက် လာရောက်ကြ ရန် ဖိတ်ခေါ်အပ်ပါသည်။
သက်နိုင်(ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 4, 2014
ခရီးသွားဧည့်သည်များ စိတ်ဝင်စားကြသည့် ပြင်ဦးလွင်ပန်းပွဲတော်
ခရီးသွားဧည့်သည်များ စိတ်ဝင်စားကြသည့် ပြင်ဦးလွင်ပန်းပွဲတော်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment