တောင်ဥက္ကလာပ မြို့နယ်၊ (၄) ရပ်ကွက်ရှိ သုတ ခြောက်လမ်းတွင် (၁၂) နှစ် အရွယ်
ကလေး တစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ခဲ့ပြီး၊ ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍
လျှပ်စစ်ဌာနမှ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိပါက တရား စွဲဆို သွားမည်
ဖြစ်ကြောင်း သေဆုံးခဲ့သည့် ကလေး၏ ဖခင် ဖြစ်သူ ဦးအောင်ဇံက ပြောသည်။
မောင်ရဲနိုင် (အသက် ၁၂ နှစ်)သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့
ညနေပိုင်းက ဘောလုံး ကစားနေစဉ် ဘောလုံး ရေမြောင်းထဲ ပြုတ်ကျသွား သောကြောင့်
ဆင်းကောက်ပြီး ဘေးတွင် ရှိသည့် သံဇကာအား ကိုင်မိရာမှ ဓာတ်လိုက်ခံ ရပြီး
အသက် သေဆုံးခဲ့ ရကြောင်း ယင်းရပ်ကွက် တွင် နေသူများထံက စုံစမ်းသိရှိ ရသည်။
ဖြစ်တာက ဓာတ်တိုင်မှာ သွယ်ထားတဲ့ ကြိုးက ပေါက်ပြီး ဖြစ်တာကို အိမ်က
ဖြစ်တာ။ အီးပီစီနဲ့ မဆိုင်ဘူး ဆိုပြီးတော့ ဥပက္ခာ ပြုပြီး ပြော တယ်။
ဒါမဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒီလိုမျိုး ကိစ္စတွေ ထပ်မဖြစ်အောင်လို့
ကျွန်တော်တို့ တိုင်မယ်။ အဆင့်ဆင့် တက်ပြီးတော့ တိုင်မယ် ဟု ဓာတ်လိုက်
သေဆုံးသူ မောင်ရဲနိုင်၏ ဘကြီး တော်စပ်သူ ဦးသန်းဝင်းက ပြောသည်။ အဆိုပါ
ကိစ္စနှင့် ပတ်သက်ပြီး တောင်ဥက္ကလာပ မြို့နယ် လျှပ်စစ် ဓာတ်အား
ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိ သူထံ The Messenger Media မှ ဆက်သွယ်
မေးမြန်းခဲ့ရာ ခရီးသွား နေသည့် အတွက် နောက်မှ ဖြေကြား နိုင်မည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ဓာတ်လိုက် သေဆုံးခဲ့သည့် (၁၂) နှစ် အရွယ်
မောင်ရဲနိုင်သည် အလက (၆) တောင်ဥက္ကလာပ ကျောင်းတွင် ဆဋ္ဌမတန်း တက်ရောက် သင်ယူ
နေသော ကျောင်းသား တစ်ဦး ဖြစ်ပြီး ၎င်းင်း၏ ရုပ်အလောင်းအား ယမန်နေ့ မနက်(၁၀)
နာရီတွင် ရေဝေး သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ် ခဲ့ကြောင်း သိရသည်။
Messenger News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 8, 2014
ကလေး တစ်ဦး ဓာတ်လိုက် သေဆုံးမှုအား တာဝန်မယူပါက လျှပ်စစ်ဌာနကို တရားစွဲဆိုမည်
ကလေး တစ်ဦး ဓာတ်လိုက် သေဆုံးမှုအား တာဝန်မယူပါက လျှပ်စစ်ဌာနကို တရားစွဲဆိုမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment