Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 30, 2014

(4) Going to the Zoo - တိရိစ္ဆာန်ဥယျာဉ် လည်လည်သွားမယ်

ဒီဗီဒီယိုမှာတော့ တိရိစ္ဆာန်ဥယျာဉ်ကို ကြေးမုံလင်းနဲ့ တူမလေး လင်းတို့ အလည်သွားရင်း ဆက်စပ်ပတ်သက်တဲ့ idiom စကားလုံးတွဲတစ်ချို့ကို ပြောပြသွားတာပါ။ မြို့တော် ဝါရှင်တန်ဒီစီမှာ ရှိတဲ့ Woodly Park Zoo တိရိစ္ဆာန်ဥယျာဉ်ကြီးကို ကြည့်ရတာလည်း ဗဟုသုတ တစ်မျိုးပေါ့။ ပြီးတော့ ဒီဥယျာဉ်ကြီးဟာ ပြည်သူတွေ ဗဟုသုတ ပညာရစေဖို့ ဝင်ကြေးမရှိ အခမဲ့ ဖြစ်ပါတယ်။
ဒီဗီဒီယိုမှာ ကြေးမုံ သင်ပေးတဲ့ စကားလုံးတွေအကြောင်း ရှင်းပြပေးပါမယ်။
1.    Zoo ဆိုတာ တိရိစ္ဆာန်ရုံဆိုတဲ့ မူရင်းအဓိပ္ပာယ်အပြင် ‘ရှုပ်ပွ ဆူညံတယ်’ ဆိုတဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။
2.    Monkey ကို မျောက်ဆိုပေမယ့်၊ မဟုတ်တရုတ်လုပ်တာ၊ ရွှတ်နောက်ပြောင်ချော်တယ် ဆိုတာမျိုးမှာလည်း သုံးနိုင်ပါတယ်။
3.    Monkey Business ရဲ့ အဓိပ္ပာယ်ကတော့ မမှန်ကန်တဲ့အလုပ်၊ ရူးမိုက်တဲ့အလုပ်၊ မကောင်းတဲ့အလုပ်၊ တရားဥပဒေနဲ့ မညီတဲ့အလုပ်မျိုးကိုလည်း ခေါ်ပါတယ်။
4.    Smell Fishy ဆိုတာ တိုက်ရိုက်အဓိပ္ပာယ်ကတော့ ငါးညှီနံ့ရတယ်ပေါ့။ ဒါပေမယ့်၊ စိတ်ထဲမှာ တစ်ခုခု မသင်္ကာစရာ၊ သံသယဖြစ်စရာ ခံစားရတယ်ဆိုရင်လည်း smell fishy လို့ ပြောနိုင်ပါတယ်။
သူတို့ ပြောတာ နားထောင်ရင်း မေ့မသွားအောင် လိုက်ပြောကြည့်လိုက်ပါဦး။ ဝါရှင်တန်ဒီစီရဲ့ တိရိစ္ဆာန်ဥယျာဉ်ကြီးထဲမှာ ကိုယ်တိုင်သွားလာလည်ပတ်ရသလိုမို့ ပျော်စရာလည်း ကောင်းပါတယ်။
http://kabarthit.com/index.php?option=com_content&view=article&id=428:4-going-to-the-zoo-smithsonian-washington-dc-woodley-park-zoo&catid=39&Itemid=355

No comments:

Post a Comment