မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ ခိုင်ခိုင်မာမာ
ချပြသွားမည်ဟု ရခိုင်ပြည်နယ်ဝန် ကြီးချုပ်ဦးမောင်မောင်အုန်းက ထုတ်ဖော်
ပြောကြား လိုက်သည်။
နိုဝင်ဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်
အစိုးရအဖွဲ့ရုံးအ စည်းအဝေးခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ဝန်ကြီးချုပ်က အထက်ပါ အတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် စဉ်းစားနေပါတယ်။ ဒေါက်တာအေးချမ်းတို့နဲ့ တိုင်ပင်ပြီးတော့
စာအုပ်တစ်အုပ်ပြုစု မယ်။ ကျွန်တော်တို့ ပြုစုထားတဲ့ စာအုပ်ကို
သမိုင်းသုတေသီတွေ၊ ပညာရှင်တွေ၊ ကမ္ဘာက အသိအမှတ် ပြုထားတဲ့သူတွေနဲ့ reforming
ယူပြီးတော့မှ ကမ္ဘာတစ်ခုလုံးကို ပို့ရမယ်။ ခိုင်ခိုင်မာမာကို ပြောရမယ်။
သူတို့ဘက်က ရှိပါတယ်ဆိုတာကို ကျွန်တော်တို့ဘက်ကလည်း
မဟုတ်ဘူးဆိုတာကိုပြောရမယ်”ဟု ဝန်ကြီးချုပ်ကဆိုသည်။
မြန်မာသမ္မတဦးသိန်းစိန်ကိုယ်တိုင်က မြန်မာနိုင်ငံတွင်
ရိုဟင်ဂျာလူမျိုးမရှိဟုထုတ်ဖော်ပြော ကြားထားပြီးဖြစ်သော်လည်း
အဆိုပါပြောဆိုချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းသို့ချပြပြောဆိုထား
ခြင်းမဟုတ်သေးသည့်အတွက် နိုင်ငံတကာကလည်း
ထိုလူမျိုးအမှန်တကယ်ရှိသည်ဟုယူဆနေကြ ခြင်းဖြစ်သည်။
ယင်းသို့ယူဆနေကြသည့်အတွက် ကမ္ဘာပေါ်ရှိ နိုင်ငံ့ခေါင်းဆောင်ကြီးများပါဝင်သော
နိုင်ငံတ ကာအသိုင်းအဝိုင်းတွင် ယနေ့ထက်တိုင်
ထိုအသုံးအနှုန်းကိုစွဲမြဲစွာလက်ခံသုံးစွဲနေကြခြင်းလည်းဖြစ် သည်။
ယင်းတို့ကိုချေဖျကနိုင်ရန် မြန်မာသာမက ကမ္ဘာတွင်
ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာသို့ချပြ မည့် စာအုပ်တစ်အုပ်ကို
စနစ်တကျပြုစုရန်လိုအပ်လာပြီဖြစ်သည့်အတွက် သမိုင်းပညာရှင်များ၊ အသိ ပညာ၊
အတတ်ပညာများနှင့် ဆွေးနွေးတိုင်ပင်ရန်လိုအပ်လာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က
ထောက်ပြ ပြောဆိုသွားခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ဒေသခံ ဦးသာကျော်က “ဒီလိုမျိုး
ကမ္ဘာကိုချပြလိုက်မယ်ဆိုရင် တော့ နိုင်ငံတကာကအနေနဲ့ကလည်း
ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို တစ်မျိုးတစ်ဖုံပြောင်းလဲပြီး
သုံးစွဲကောင်း သုံးစွဲလာနိုင်တယ်”ဟု သုံးသပ်ပြောသည်။
သို့သော် ယင်းအသုံးအနှုန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာသို့ချပြမည့်စာအုပ်ကို
မည်သည့်အချိန် တွင်စတင်ပြုစု၍ ကမ္ဘာသို့မည်သို့မည်ပုံချပြသွားမည်ဆိုသည်ကို
ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသည့်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ
ဘင်္ဂါလီများကို ရိုဟင်ဂျာဟူ
သောအသုံးအနှုန်းကိုအစားထိုးသုံးနှုန်းသွားခဲ့သည့်အတွက် ယင်းအပေါ်
မြန်မာ့လူအသိုင်းအဝိုင်းတစ် ခုလုံးက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
အလားတူ ၂ဝ၁၂ ခုနှစ်အတွင်းက အမေရိကန်သမ္မတဘားရတ်အိုဘားမား၏မြန်မာနိုင်ငံခရီး
စဉ်အတွင်းတွင်လည်း ထိုအသုံးအနှုန်းကို ထည့်သွင်း သုံးစွဲခဲ့ရာ
မြန်မာ့လူအဖွဲ့အစည်းများက ကန့်ကွက် ရှုတ်ချခဲ့ကြသည်။
မြန်မာသာမက ကမ္ဘာပေါ်တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို မြန်မာအစိုးရက
ကမ္ဘာသို့ ချပြ ပြောဆိုထားခြင်းမရှိသေးသည့်အတွက်
နိုင်ငံတကာစာမျက်နှာများတွင် ထိုအသုံးအနှုန်းကို လက်ခံသုံး
စွဲနေရခြင်းဖြစ်သည်ဟု
စစ်တွေမြို့တွင်လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံတကာ NGO
တစ်ခုမှအကြီးအကဲတစ်ဦးက ၂ဝ၁၂ ခုနှစ်အတွင်းက
ဒေသတွင်းမီဒီယာသမားများနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့ဖူးသည်။
( နိရဉ္စရာ – ၁၅ နိုဝင်ဘာ ၂ဝ၁၄) / မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=12758
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 16, 2014
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ချပြမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဝန်ကြီးချုပ်ဆို
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ချပြမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဝန်ကြီးချုပ်ဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 16, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 16, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment