Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 14, 2014

အကြမ်းဖက်သမားလေးဦးအနက် နှစ်ဦးကို ဖမ်းမိဟု ဆို

ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည့် အကြမ်းဖက် သမားလေးဦးအနက် သံသယရှိသူနှစ်ဦးကို ရှမ်းပြည်နယ်မြောက် ပိုင်း သိန်းနီမြို့တွင် နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

သိန်းနီမြို့အ၀င် အေးရှားဝေါလ်စစ်ဆေးရေးဂိတ်တွင် ခရီးသည် တင်ကားတစ်စီးကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှ အဆိုပါအမျိုးသားနှစ်ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိန်းနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှအမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီနေ့(နိုဝင်ဘာ ၁၄) မွန်းလွဲ၂ နာရီခွဲလောက်က ဖမ်းမိခဲ့တာ။ကျွန်တော်တို့ အခု စစ်ဆေးနေပါတယ်။အထက်ကိုလည်း အဆင့်ဆင့် သတင်းပို့ထားပါတယ်။ အကြမ်းဖက်သမားတွေ ဟုတ်/မဟုတ်ဆိုတာတော့ ကျွန်တော်တို့စစ်ဆေးနေဆဲမှာ မပြောလိုသေးပါဘူး’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

နေပြည်တော် ပြည်ထဲရေးရုံး သို့ စုံစမ်းရာအကြမ်းဖက်သမားဟု သံသယရှိသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း အ တည်ပြုသည်။ သို့သော် ဖမ်းမိချိန် နှင့် စစ်ဆေးနေချိန်မှာ နာရီပိုင်း သာရှိသေးသောကြောင့် အသေး စိတ်မပြောလိုကြောင်း အကြောင်း ပြန်သည်။

ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသို့ ၀င်လာသည့် အကြမ်းဖက်သမား များအဖြစ် သတိပေးထားသူများ မှာ ရိုဟင်ဂျာသွေးစည်းညီညွတ် ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် သန်းဝင်း (ပြည်တွင်းလှုပ်ရှားမှု တာဝန်ခံ) နှင့် နောက်လိုက်သုံးဦး ဖြစ်သည်။ အာဆီယံထိပ်သီးအ စည်းအဝေးကျင်းပရန် တစ်ရက် အလို နိုဝင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အ ကြမ်းဖက်သမားများ သတင်းတ ရားဝင်ကြေညာပြီးနောက် နိုဝင် ဘာ ၁၀ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ ဟိုတယ်တစ်လုံးကို ၎င်းတို့ တည်းခိုနေသည်ဟု သံသယဖြင့် ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့သည်။ သို့သော် အကြမ်းဖက်သမားများမဟုတ်ဘဲ ရုပ်ချင်းဆင်သူများသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သန်းဝင်းဆိုသူမှာ အကြမ်း ဖက်သမားအဖြစ် ထိုင်းရဲတပ်ဖွဲ့ ကလည်း ဖမ်းဝရမ်းထုတ်ပြန်ထား သူ ဖြစ်သည်။ အာဆီယံထိပ်သီး အစည်းအဝေးပြီးဆုံးသွားပြီး အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံမှ ပြန်သွားပြီဖြစ်၍ လုံခြုံရေးရဲတပ်ဖွဲ့အား တန်းဖြုတ်လိုက်ပြီဖြစ်သော်လည်း သတိပေးထားသည့် အကြမ်းဖက်သမားများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လုံခြုံရေးတင်းကျပ်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment