Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 13, 2014

လူလား...နတ်လား.... အိုဘားမား....ရယ်။









 ဟီလာရီကလင်တန်ထက် လုံခြုံရေးအဆင့်အဆင့်ထူပြောလှတယ့် အမေရိကန် သမ္မတ အိုဘားမား..... အိုဘားမားတို့ ဇနီးမောင်နှံနဲ့အဖွဲ့ဟာ အင်္ဂလန်ကိုလာလည်တော့ 
လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမောဖြစ်ခဲ့ရပါတယ်။
**********************************************************************************
လူ ၅၀၀ ကျော်ပါတယ့် အိုဘားမား အဖွဲ့ထဲမှာ အိမ်ဖြူ တော်အရာရှိတွေ၊ သမ္မတကို
အရေးပေါ် ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတယ့် ၂၀၀ ကျော် ရှိတယ့် သမ္မတကိုယ်ရံတော်စုံထောက်
တွေ ပါဝင်ပါတယ်။ အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်
လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။  ဥပဒေ ကိုလေးစားပါ
အိုဘားမားကားကိုတစ်ခြားမော်တော်ယာဉ်အစီး၂၀ကခြံရံပြီးဒီကားတန်းကိုမှ ရှေ့ပြေး
မော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။ အိုဘားမားရဲ့ အခြံရံတွေထဲ မှာ ဒုံးပျံတွေပစ်
လွှတ်ဖို့ လျှို့ဝှက်ကုတ်နံပါတ်တွေပါတယ့် လက်ဆွဲအိတ်ကိုင် အရာရှိတစ်ဦးအပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံဌာနကြီး ၆ခုရဲ့ ကိုယ်စားလှယ်တွေ
လည်း ပါဝင်ပါတယ်။
အိုဘားမားစီးတယ့် Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ၊ ခွဲစိတ်ခန်းတွေပါဝင်တယ့် မိုးပျံဟိုတယ်ကြီး အသွင်ဆောင်နေပါတယ်။ ဒါ့အပြင် ညူ ကလီးယား ပေါက်ကွဲမှုဖြစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည်ကာကွယ်တဲ့စနစ်
လည်း တပ်ဆင်ထားပါတယ်။
တည်ကြက်လေယာဉ်တစ်စီးခြံရံထားပြီး ဇိမ်ခံဟိုတယ်ကြီးအသွင် အိုဘားမားစီးတော်မူ
တယ့် Air Force One လေယာဉ်ကြီးဟာ တစ်နာရီပျံသန်းတိုင်း အမေရိကန်ဒေါ်လာ ၂ သိန်းနီးပါးရှိပါသတယ့်။အိုဘားမားစီးတဲ့မရင်းဝမ်းရဟတ်ယာဉ်ကလည်းဒုံးကျည်ရန်ကို
ရှောင်လွဲတယ့် မီးကျည်တွေ တပ်ဆင်ထားပါတယ်။.
ဒုံးကျည်ကို လမ်းလွှဲခေါ်နိုင်တယ့် မီးကျည်စနစ်ပါတဲ့ အိုဘားမားစီးမဲ့ ရဟတ်ယာဉ်နဲ့
တည်ကြက် ယာဉ်တွေအပါအ၀င် ယာဉ်မျိုး စုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီးစဉ်မ
တိုင်ခင် C-17 ဂျက်လေယာဉ်ကြီးနဲ့ ကြိုတင်ပို့ထားရပါတယ်။
အရင်ကဆိုရင်သတင်းစာသမားတွေ၊ တီဗီသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစ်စီးနဲ့ SWAT ကွန်မန်ဒိုတွေ အတွက် ကားတစ်စီးပါလေ့
ရှိပါတယ်။ သမ္မတအိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတ မိန့်ခွန်းရေးပေးသူ ၄ ဦးပါလာပါတယ်။ အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ဟမ် ဘုရင်မနန်းတော်ကို အိုဘားမားညအိပ်လာရောက်ခဲ့ပါတယ်။ ဘာကင်ဟမ်နန်းတော်ဆိုတာ အင်္ဂလန်ပြည့်ရှင် အင်မတန်ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစအရာရာ ဘယ်လောက်ပြည့်စုံမလဲ၊
ဧည့်ဝတ်ကျေပွန်မလည်းဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အိုဘားမားဇနီးမောင်နှံ
ထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မင်ဒဲလား၊ အမေရိကန် သမ္မတ ကနေဒီ
တို့လာတုန်းကတည်းခိုခဲ့တယ့်သမိုင်းဝင်အခန်းလည်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေ ကပြည့်စုံအောင်လုပ်ထားပစေ အမေရိကန်သမ္မတရဲ့ လုံခြုံရေးအရာရှိတွေကတော့ မပြည့်စုံဘူးလို့ယူဆပါတယ်။
ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော်လုံခြုံရေးစုံထောက်တွေ သယ်လာ
တဲ့ ဗုံးဒဏ်ကာကွယ်နိုင်တယ့် မှန်နှစ်ထပ်ပုံစံ အလွှာတစ်ခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိတွေအံ့အားသင့်ဖြစ်ကုန်ပါသတယ့်...ဒီကြားထဲသမ္မတကိုယ်ရံတော်
ထောက်လှမ်းအဖွဲ့က နန်းတော် မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ ကိုယ်ပိုင်စက်သွယ်ရေး ကိရိယာတွေတပ်ဆင်ထားပါတယ်။
အိုဘားမားလုံခြုံရေးစုံထောက်တွေ သေနတ်တွေတကားကား နဲ့ အင်္ဂလန်ဘုရင်မနန်း
တော်ထဲမှာ သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ နာရီ တီဗီ
ဇာတ်လမ်းကြည့်နေရသလိုပါဘဲ။အိုဘားမားကိုယ်ရံတော်တွေဟာသမ္မတကိုအရေးပေါ်
သွေးသွင်းနိုင်ဖို့ပစ္စည်းတွေအပါအ၀င် ဆေးခန်းအသေးစားလေးတစ်ခုကို ဆေးရုံသုံးကိ
ရိယာတွေနဲ့ နန်းတော်ထဲ မှာတပ်ဆင်ထားပါတယ်။
နောက်ဆုံးအိုဘားမားကိုအင်္ဂလန်ဘုရင်မအတွက်သီးသန့်ထုတ်လုပ်ထားတယ့် သောက်
ရေသန့်ကိုတောင် သောက်ခွင့်မပေးနိုင်၊သူတို့အမေရိကန်ကသယ်လာတဲ့သမ္မတအိုဘား
မား သောက်နေကျ သောက်ရေသန့်ကိုသာတိုက်မယ်လို့အိုဘားမားကိုယ်ရံတော် ထောက်
လှမ်းရေးအရာရှိတွေပြောတော့ နန်းတော်အရာရှိတွေ အံ့သြ သွားပါတယ်။
ဘာကြောင့်လဲလို့မေးတော့...........ကျွန်တော်တို့ သမ္မတ ရေပြောင်း ရေလွဲမှာ ဗိုက်နာတာမျိုးအဖြစ်မခံနိုင်လို့ပါလို့ သမ္မတကိုယ်ရံတော်က ပြောသတဲ့။
ဘာပြောပြောအိုဘားမားအတွက် ခုလိုနန်းတော်လုံခြုံရေး လုပ်နေတာတွေဟာ
၂၀၀၃ ခုနှစ်က လာသွားတယ့် အမေရိကန်သမ္မတ ဂျော့ဒတ်ဗလူဘွတ်လာတုန်းက
ထက်စာရင် အများကြီးတော်ပါသေးတယ်လို့ နန်းတော်သတင်းရပ်ကွက်ကပြောပါတယ်။
သမ္မတဘွတ်လာတုန်းကများဆိုရင် သမ္မတလုံခြုံရေး အဖွဲ့က ဘာကင်ဟမ်နန်းတော်ပြ
တင်းပေါက် ၇၆၀ လုံးကို လဲပေးရမယ်တောင်းဆိုခဲ့သလို၊ မစ္စတာ ဘွတ်စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီးမားလွန်းတယ့်အတွက် နန်းတော်က သစ်ပင်၊ ပန်းပင်တွေ လေဟပ်ပီးပြားချပ်ကုန်လို့ ဘုရင်မကြီးတောင် အတော်စိတ်ဆိုးသွားပါ
သတဲ့။
ထူးခြားတာက အကြမ်းဖက်မှု တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတယ့် အိုဘားမားစီးလာတဲ့ The Beast စီးတော်ယာဉ်ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို့ အမေရိကန်သံရုံးကအထွက် တံခါးဝမှာတင် ကားဗိုက်နဲ့ တံခါးအထွက် အရှိန်တားတုံးနဲ့
တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်သတင်းစာတွေက အားမနာတမ်း လှောင်တာ ခံလိုက်
ရပါတယ်.။
အိုင်ယာလန် အမေရိကန်သံရုံးကအထွက် တံခါးဝမှာ ထိုးရပ်သွားတယ့် အိုဘားမား
ကားကြီးဟာ အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းသမားတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီးတဲ့ကားတန်းတွေထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတယ့် ကားထဲမှာ အိုဘားမား ပါသလား၊ ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွေ သံရုံးရှေ့က ကြည့်နေ
တဲ့ကြားက မျက်စေ့လည်သွားအောင် လုံခြုံရေးစနစ်ကစားသွားပါသတဲ့။
အိုဘားအားရဲ့ ကိုယ်ရံတော်တွေ အဖြစ်သဲမှုဟာ အင်္ဂလိပ်သတင်းသမားတွေတောင်
ဆွေ့ဆွေ့ ခုန်သွားပါသတဲ့။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရပါတယ့်ကွယ်...(ပြီးပါပြီ) ကျန်းမာချမ်းသာကြပါစေ......
စာရေးဆရာ ဂျိမ်းဝေဦး
သတင်းဘုရင် - November 7
သတင်း၊Steven Chan
နိုင် နိုင် facebook မှ

No comments:

Post a Comment