Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 4, 2014

ဆံပင်ကို ဆွဲထားတဲ့ iPhone 6 Plus



နောက်တစ်မျိုးလာပြန်ပြီ။ iPhone 6 Plus က ဖုန်းပြောဖို့ နားရွက်နား ကပ်လိုက်တဲ့အချိန် ဆံပင်ကို ဆွဲထားပါသတဲ့။ ပြောပြီးလို့ လက်ပြန်ချလိုက်တဲ့အချိန် ဆံပင်ကျွတ်တယ်လို့ http://9to5mac.com/community/my-iphone-6-plus-is-yanking-out-my-hair/
 
ပို့စ် မှာ စတွေ့လာရပါတယ်။
.
အစကတော့ ဖုန်းမှာ ကပ်ထားတဲ့ Screen Protector ကြောင့်လို့ထင်နေပါသေးတယ်။ သေချာလေ့လာကြည့်တော့မှ iPhone 6 Plus က မှန် နဲ့ အလူမီနီယမ် ကြားက ဆက်ကြောင်းက ဆိုတာ တွေ့ရတယ်လို့ ရေးထားပါတယ်။ ကာယကံရှင် အမျိုးသမီးက သူမ တစ်ယောက်တည်းမဟုတ်ပါဘူး လို့လည်း ဆိုထားပါတယ်။ .
.
iPhone 6 Plus ဝယ်ကိုင်ကြတဲ့ ရွှေမြန်မာများရော ဘယ်လိုထင်ပါသလဲ?

No comments:

Post a Comment