Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

ဖခင်ဖြစ်သူက တစ်လအရွယ်သမီးကို ရက်ရက်စက်စက် အနိုင်ကျင့်စော်ကား သတ်ဖြတ်ခဲ့

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်က ကြောက်စရာကောင်းတဲ့ ယုတ်မာရက်စက်မှုကိုကျူးလွန်တဲ့ ဖခင်တစ်ယောက်ရဲ့အကြောင်းကို သ တင်းဖော်ပြချင်ပါတယ်။

ကိုယ့်ရဲ့သမီးအရင်းဖြစ်သူ တစ်လကလေးအရွယ် ကို ဘယ်လိုရာဂစိတ်ကြောင့် လိင်စိတ်ဖြစ်ပြီး အနိုင်ကျင့်စော်ကားလိုက်သ လဲဆိုတာက တကယ့်ကိုတုန်လှုပ်ခြောက်ခြားဖို့ကောင်းပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသား ဒါရီရာ ဘန်နက်က တစ်လအရွယ် သမီးဖြစ်သူ အသက်ရှုရပ်သွားတဲ့အတွက်အရေးပေါ်ခေါ်ခဲ့ပြီး ဆေးရုံတင်ခဲ့ပါတယ်။

နောက်တစ်ရက် ဆေးစစ်ချက်မှတ်တမ်းရဲ့ဖော်ပြချက်အရ က လေးငယ်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံခဲ့ရ တာကို တွေ့ရှိခဲ့ရပြီးနောက် ကလေးငယ် သေဆုံးသွားခဲ့ပါတယ်။

ဒီအင်န်အေနဲ့ ကလေးငယ် အလောင်းသွေးစစ်ဆေးချက်တွေအရ ဖခင်အ ရင်းဖြစ်သူရဲ့ အနိုင်ကျင့်စော် ကားတာကို အတည်ပြုနိုင်ခဲ့ပြီးမြို့တော် ကောင်တီမာရီကော်ပါး တရားရုံးတော်က ပြစ်ဒဏ်ကြီးကြီးချမှတ်ဖို့ အတည် ပြုစစ်ဆေးနေပါတယ်။


phothutaw

No comments:

Post a Comment