Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

မက္ကဆီကိုအလိုရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိ




မက္ကဆီကို အာဏာပိုင်များ၏ အလိုရှိဆုံးပုဂ္ဂိုလ်များမှ တစ်ဦးဖြစ် ပြီး ဘဲလ်ထရန်လေဗာမူးယစ်ဂိုဏ်း ၏ခေါင်းဆောင်ဟု သံသယရှိသူ အား မက္ကဆီကိုစစ်သားများက ဖမ်း ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဖမ်းခံခဲ့ရသည့် ဟက်တာ သည် ဆုကြေးငွေ ဒေါ်လာခုနစ် သန်းကျော်ထုတ်ပြန်ခြင်းခံထားရသူ လည်း ဖြစ်သည်ဟု မက္ကဆီကို ရှေ့နေများက ပြောသည်။

အဖမ်းခံခဲ့ရသူ ဟက်တာသည် သူ၏အစ်ကိုများသေဆုံးခြင်း၊ အဖမ်း ခံခဲ့ရခြင်းတို့ကြောင့် ဘဲလ်ထရန် လေဗာဂိုဏ်း၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၄င်းကို ဆန်မီဂွယ်ဒီအယ်လန်ဒီမြို့တွင် ဖမ်း မိခဲ့သည်ဟု သိရသည်။

ဟက်တာသည် 'H" ဟု လူသိ များပြီး ၄င်းကို ဖမ်းနိုင်သူအား ဆု ကြေးငွေဒေါ်လာ ၂ ဒသမ ၂ သန်း ပေးမည်ဟု မက္ကဆီကိုအာဏာပိုင် များက ထုတ်ပြန်ထားသည်။

ယင်းအပြင် ဟက်တာကို ၁၁ လကြာ နောက်ယောင်ခံလိုက်ပြီး နောက် ထောင်ချောက်ဆင်ဖမ်းဆီး နိုင်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ပြော ရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့အပြင် ၄င်းက ဟက်တာ ၏ ဘဲလ်ထရန်လေဗာဂိုဏ်းသည် တောင်အမေရိကမှ ကိုကင်းကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချနေသည့်အဖွဲ့ဟုလည်း ဆို သည်။

၂ဝဝ၉ခုနှစ်တွင် မက္ကဆီကိုအာ ဏာပိုင်များက ဟက်တာ၏အစ်ကို တစ်ဦးကို ပစ်သတ်ခဲ့ပြီး ကျန်အစ်ကို နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ယင်း ကြောင့် ဟက်တာသည် ဘဲလ်ထရန်၏ခေါင်းဆောင်ဖြစ်လာ ပြီး အမေရိကန်နိုင်ငံက ၄င်းအ တွက် ဆုကြေးငွေ ငါးသန်း ထုတ်ပြန် ထား သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ၏ အဆိုအရ ဟက်တာသည် အသက် ၄၉နှစ်အရွယ်ရှိပြီဟု သိရပြီး ၄င်းကို မည်သည့်အချိန်တွင် ဖမ်းမိခဲ့သည် ကို အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Ref: AFP

#Democracytoday

No comments:

Post a Comment