Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

လိပ်ကျွန်းလူသတ်မှု အဖမ်းခံ မြန်မာ ၂ ဦး မိမိကိုယ်မိမိ သတ်သေမှာ ထောင်ပိုင် စိုးရိမ်နေ

လိပ်ကျွန်း လူသတ်မှုနဲ့ တရားခံ အဖြစ် ဖမ်းဆီးခံထားရသူ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ ၂ ဦး ဟာ မိမိကိုယ်မိမိ သေကြောင်းကြံမှုဖြစ်နိုင်တာကြောင့် သူတို့ကို ထိန်းသိမ်းထားရာ အကျဉ်းထောင်
ထောင်ပိုင် က စိုးရိမ်ပြီး အနီးကပ်စောင့်ရှောက်မှု လုပ်နေရပါတယ်။

ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ထိုင်းအခြေစိုက် khaosod သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ကော့စမွေ ခရိုင်အကျဉ်းထောင် ထောင်ပိုင် Chanin Liangsuwan က “ ဒီ မြန်မာ ၂ ဦးကို စောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုနဲ့ပတ် သက်ပြီး အပြစ်ရှိတယ်လို့ ခံစားနေရတယ်ထင်တယ်။ သူတို့ကြည့်ရတာ စိတ်ဖိစီးမှုတွေ
တော်တော် ရှိနေတာ တွေ့ရ တော့ ကိုယ်ကိုယ်ကို သတ်သေမှာ ကျနော်လည်း စိုးရိမ်တယ်” လို့ ပြောထား တယ်။

အဲဒီလို ထောင်ပိုင်က ပြောဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးရဲ့ အသက် အန္တရာယ်ကို မြန်မာအသိုင်းအ၀ိုင်းနဲ့ ထိုင်း လူမှု အသိုင်းအ၀ိုင်းကလည်း စိုးရိမ် လာနေပါတယ်။

လိပ်ကျွန်းလူသတ်မှုကိစ္စမှာ သူတို့ ၂ ဦးကို ထိုင်းရဲ့ ဖမ်းဆီးပြလိုက်တဲ့အပေါ် ထိုင်းနိုင်ငံသားတွေ အပါဝင်
မြန်မာတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ယုံကြည်မှု မရှိဖြစ်နေတာပါ။

ဒီအပြင် ဒီအမှုကြောင့် ထိုင်းရဲတပ်ဖွဲ့လည်း လူထုနဲ့ နိုင်ငံ တကာယုံကြည်မှု ကျဆင်းယိုယွင်းခဲ့သလို ထိုင်း အစိုးရ ပါ မျက်နှာပျက်ရတဲ့အခြေစိုက်နေခဲ့တာပါ။

အကယ်၍ ဒီ ၂ ဦးဟာ မိမိကိုယ်မိမိသတ်သေတယ်ဆိုတဲ့ပုံစံနဲ့ သေဆုံးသွားခဲ့မယ်ဆိုရင် မြန်မာအပါ အ၀င်
နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ လိပ်ကျွန်းလူသတ်မှုရဲ့ အဓိက လူတွေ မရှိတော့လို့ ပြဿနာဟာ ပိုကြီး လာနိုင် တယ်လို့ သုံးသပ် နေကြပါတယ်။

ဒီလို သတင်းထွက်ပေါ်လာမှုဟာ မြန်မာ ၂ ဦးကို အကြောင်းတခုခုနဲ့သတ်ဖို့အတွက် နှပ်ကြောင်းပေးလိုက် တာ လား ဆို ပြီးတော့လည်း မှတ်ချက်ပေးနေကြတယ်။

အခု လိပ်ကျွန်းလူသတ်မှုမှာ မြန်မာ ၂ ဦးကို လူသတ်တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားတဲ့အပေါ် မြန်မာ အပါ အ၀င် ထိုင်းလူမှု အသိုင်းအ၀ိုင်း၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာနေသူတွေနဲ့ မီဒီယာတွေက အရမ်းအာရုံစိုက်နေကြတာပါ။

အခု ကိစ္စမှာ မြန်မာ အစိုးရကလည်း အရင်ကနဲ့ မတူပဲ ထူးထူး ခြားခြား ၀င်ရောက် ကူညီဖြေရှင်းမှုတွေ ရှိလာနေတာ ကြောင့် ထိုင်းတွေလည်း အလွန်ပဲ အံ့သြနေကြတယ်လို့ ထိုင်းလူမှု ကွန်ယက်တွေမှာ ရေးကြ ပါ တယ်။

အိမ့်သံစဉ် ~

No comments:

Post a Comment