Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 4, 2014

ဆရာဝန်လင်မယားနှိပ်စက်ခြင်းခံရသော အိမ်အကူမိန်းကလေးကို ၀ိတိုရိယဆေးရုံ အခမဲ့ခွဲစိတ်ပေးမည်

နှိပ်စက်ခံခဲ့ရသော အိမ်အကူမိန်းကလေးကိုတွေ့ရစဉ်(ဓာတ်ပုံ − အောင်သစ်လွင်)

ဆရာဝန်လင်မယား၏ နှိပ်စက်မှုကြောင့် ဒဏ်ရာများရရှိခဲ့ သူ  အိမ်အကူကလေးငယ် မသန်း သန်းစိုး၏မျက်နှာကို အမေရိကန်နိုင်ငံ ဆရာဝန်ကြီးများက အခမဲ့ခွဲ စိတ်ကုသရန် လာရောက်ကြည့် ရှုရန်ရှိကြောင်း ၀ိတိုရိယဆေး ရုံကြီးမှ သတင်းရရှိသည်။
‘‘ဆရာဝန်တွေက ကလေး ကို သူတို့အနေနဲ့ ခွဲစိတ်လို့ရနိုင်၊ မရနိုင် အရင်ကြည့်မယ်။ မသန်း သန်းစိုးကို ခွဲပေးလို့ရ၊ မရကတော့မသေချာသေးဘူး။ စမ်းသပ်တာ ရော၊ ခွဲစိတ်ဖြစ်ခဲ့မယ်ဆိုရင်ရော အကုန်အခမဲ့လုပ်ပေးမှာပါ’’ဟု ၀ိတိုရိယဆေးရုံမှတာဝန်ရှိသူ ဒေါက်တာပြည့်ဖြိုးဆွေကပြောသည်။
အမေရိကန်ဆရာဝန်ကြီး များခွဲစိတ်ရန် အဆင်ပြေခြင်းမရှိပါက ပြည်တွင်းဆရာဝန်ကြီးများနှင့်ခွဲစိတ်နိုင်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဝိတိုရိယဆေးရုံအစီအစဉ် ဖြင့် အမေရိကန်ဆရာဝန်ကြီးများနှင့် ပူးပေါင်းကာ နှာခေါင်းကွဲ၊အာခေါင်ကွဲကလေးများအား ခွဲစိတ်ရန် လာရောက်ချိန်တွင် မ သန်းသန်းစိုး၏ ဒဏ်ရာအနေအ ထားကိုကြည့်ကာ ၎င်းတို့အနေ ဖြင့် ခွဲစိတ်နိုင်ခြင်း ရှိ၊ မရှိ ကြည့်ရှုသွားမည်ဖြစ်သည်။
‘‘ခွဲပေးမယ်ဆိုရင်တော့ အ ရမ်းဝမ်းသာတာပေါ့။ ကလေးအ ခြေအနေနဲ့ဆို ဘယ်လိုမှကုဖို့မဖြစ်နိုင်တဲ့ အခြေအနေလေ။ ဒဏ်ရာ တွေက လူတောထဲမ၀င်ရဲအောင် ဖြစ်နေပြီ’’ဟု မသန်းသန်းစိုး၏ ဦးလေးဖြစ်သူက ပြောသည်။
မသန်းသန်းစိုးသည် အိမ်ရှင် ဆရာဝန်လင်မယားနှိပ်စက်မှုများကြောင့် မွေးရာပါနှုတ်ခမ်းကွဲပုံစံ သို့ ရောက်ရှိသွားပြီး ရိုက်နှက်မှု များကြောင့် လက်များကျိုးကာ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူ တစ် ဦးအသွင်သို့ ရောက်ရှိနေသည်။
မသန်းသန်းစိုးကို နှိပ်စက်မှု ဖြင့် ဆရာဝန်လင်မယားကို ပုဒ်မသုံးခုဖြင့် တရားစွဲထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်း ဆရာဝန်လင်မယားအား စစ်ဆေးလျက်ရှိကြောင်း စခန်းမှူး ရဲအုပ် ၀င်းဋ္ဌေးကဆိုသည်။
အသက် (၁၄) နှစ်သာရှိသေးသော မသန်းသန်းစိုးသည် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်လင်မယားအိမ်၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် သြဂုတ်လအထိ အိမ် အကူလုပ်ကိုင်ခဲ့သည်။
7Day Daily

No comments:

Post a Comment