ရှားပါး ပျောက်ကွယ်လုနီးပါးဖြစ်နေသေ
ဖိုးသူတော်ယိမ်းအကကို ဘုန်းကြီးပျံပွဲ၊ အလှူပွဲ၊ ဘုရားထီး တင်ပွဲ စသောဘာသာရေးပွဲများ တွင် ကပြဖျော်ဖြေကြသည်။ ကိုယ် ပိုင်သီချင်း၊ ကိုယ်ပိုင်အကဖြင့် တစ် ဖွဲ့လျှင် အနည်းဆုံး ၁၂ယောက် ပါဝင်ကပြကြပြီး ကြက်တိုက်ဖိုး သူတော်နှင့် ဘုန်းကြီးတစ်ပါးလည်း ပါဝင်ကပြရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရ ပြီးနောက်ပိုင်းတွင် ခေတ်စားလာ သော ယိမ်းအကတစ်ခုဖြစ်ပြီး ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ကပြ ဖျော်ဖြေမှု နည်းပါးလာပြီး ယခုအခါ မုံရွာမြို့ ထန်းတောရပ်ကွက်မှ ဖိုး သူတော်ယိမ်း အကကို ပြန်လည်ဖော် ထုတ်ကပြရာမှ ပြန်လည်အသက် ဝင်လှုပ်ရှားလာသော ယိမ်းအက တစ်ခုဖြစ်သည်။
Democracytoday

No comments:
Post a Comment