Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 24, 2014

အမေရိကန်ဗီဇာကံစမ်းမဲ လာမယ့်ရက်ပိုင်းအတွင်း ထိုးနိုင်ပြီ

 


၂ဝ၁၆ ခုနှစ် အမေရိကန်ဗီဇာ ကံစမ်းမဲကို လာမယ့်ရက်ပိုင်းအတွင်း ထိုးလို့ရပါပြီ။

အောက်တိုဘာ  ၁ ရက်နေ့  ဗုဒ္ဓဟူးနေ့မှာ အစပြုပါမယ် တဲ့။
အဆုံးသတ်မယ့်နေ့က နိုဝင်ဘာ ၃ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

လျှောက်လွှာကို အင်တာနက်ကနေပဲ လျှောက်ခွင့်ရှိပါလိမ့်မယ်။

နောက်ဆုံးအချိန်အထိ စောင့်မနေနဲ့၊ အဲဒီနေ့တွေမှာဆို လျှောက်တဲ့သူ များလွန်းလို့ ကံစမ်းမဲလျှောက်လွှာလက်ခံတဲ့ အင်တာနက်စာမျက်နှာ အလုပ်လုပ်မှုနှေးကွေးသွားတာမျိုး ဖြစ်တတ်တာကြောင်ပါ တဲ့။

လိပ်စာက www.dvlottery.state.gov ဖြစ်ပါတယ်။

တခြားနှစ်တွေလိုပဲ ဒီနှစ်မှာလည်း .... လူ ၁ ဦးကို ၁ ကြိမ်ပဲ လျှောက်နိုင်တယ်၊ ပိုလျှောက်ရင် ပယ်မဲ ဖြစ်ပါမယ်။

လျှောက်လွှာတင်တဲ့အတွက် ငွေပေးစရာ မလိုဘူးလို့ ဆိုပါတယ်။
(ငွေတောင်းတဲ့ ၀က်ဆိုက်တွေ ရှိတဲ့အတွက် အဲဒီလို သတိပေးတာ ဖြစ်ပါလိမ့်မယ်။
ဖောင်ဖြည့်တာ၊ ဓာတ်ပုံအရွယ်အစားပြင်ဆင်တာ၊ အင်တာနက်ကနေ လျှောက်လွှာတင်တာတွေ ဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေသူ အများအပြား ရှိတဲ့အတွက် အင်တာနက်ဆိုင်တချို့က  ဝန်ဆောင်မှုပေးတတ်ပါတယ်။ အဲဒီမှာတော့ ဆိုင်ကို ၀န်ဆောင်ခ ပေးရပါလိမ့်မယ်။)

အသေးစိတ်အချက်အလက် ဖတ်ရှုလိုသူများ http://go.usa.gov/pzTY ကို သွားနိုင်ပါတယ်။

အပေါ်ပုံကို ရန်ကုန် အမေရိကန်သံရုံးအွန်လိုင်းကနေ ယူပါပီ တဲ့။

ဧရာဝတီဘလော့ http://blog.irrawaddy.org လာရောက် ဖတ်ရှုသူများထဲ ဒီကံစမ်းမဲအကြောင်း စိတ်ဝင်စားသူတွေ ရှိနိုင်တာကြောင့် ပြန်လည် ဖောက်သည်ချလိုက်ရခြင်းပါ။

သတင်းတပုဒ်မှာ ရေးထားတာကတော့ DV-2015 တုန်းက ရောက်လာတဲ့ လျှောက်လွှာတွေထဲမှာ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ လျှောက်လွှာအရေအတွက်က 9,388,986 ရှိတယ်လို့ ဆိုတယ်။ ဆယ်သန်းနီးပါးပေါ့။
အဲဒီထဲက  မဲပေါက်တဲ့ အရေအတွက်က 125,514 ရှိတယ်လို့ ဆိုတယ်။

ယခင် ကံထူးသူများရဲ့ အပြောအရတော့ ..... မဲပေါက်တိုင်း အမေရိကန်ဗီဇာရတယ်လို့လည်း မဆိုနိုင်ပါဘူး။
မဲပေါက်သူတွေကို သံရုံးက အင်တာဗျူးပါလိမ့်မယ် တဲ့။

အင်တာဗျူး အဆင်ချောရင် ဗီဇာ ရမယ်၊ အမေရိကန်သွားရမယ်၊  ဟိုရောက်ရင် အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကတ်) ရမှာ ဖြစ်ပါတယ်။
http://blog.irrawaddy.org/2014/09/blog-post_761.html
 

No comments:

Post a Comment