အိမ်အကူ မိန်းကလေး ကို လက်ကျိုးအောင်ရိုက်နှက်ခဲ့ သည့်အပြင်
မျက်နှာပျက်စီးသည် အထိ နှိပ်စက်ခဲ့သည့် အိမ်ရှင် ဆရာဝန်လင်မယားနှင့် အမျိုး
သမီးကြီးတစ်ဦးကို ထောက်ကြံ့ ရဲစခန်းတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
မင်္ဂလာဒုံမြို့နယ် ပုလဲ(၃)ရပ် ကွက် ခိုင်သဇင်လမ်းနေ အိမ်ရှင် လင်မယားနှင့်
၎င်းတို့၏ မိခင် အမျိုးသမီးကြီးကို (၁၄)နှစ်အရွယ် အိမ်အကူမိန်းကလေးအား လက်
နက်ဖြင့် အပြင်းအထန်နာကျင် စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှုတို့ဖြင့်
အမှုဖွင့်စစ်ဆေးနေခြင်း ဖြစ်သည်ဟု ထောက်ကြန့် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက
ပြောကြားသည်။
‘‘အိမ်ပေါ်က ပြုတ်ကျလို့ ရန်ကုန်ဆေးရုံကြီးမှာ ပို့ထားတယ်လို့
ပွဲစားကအကြောင်းကြားလို့ ရန်ကုန်လိုက်လာတော့မှ သိတာ။ မျက်နှာမှာလည်း
ဒဏ်ရာတွေ ရထားတယ်။ ကလေးကတော့ သူ့ပါးစပ်ကို အိမ်ရှင်တွေက ငရုတ်ကျည်ပွေ့နဲ့
ထုတာလို့ ပြောတယ်။ အိမ်ကထွက်သွားတုန်းကနဲ့ မတူတော့ဘူး။ ကလေးက
မျက်နှာပုံစံပါ ပျက်သွားတာ’’ ဟု နှိပ်စက်ခံရသူ မိန်းကလေး၏ ဦးလေးတော်စပ်သူက
ပြောသည်။
နှိပ်စက်ခံရသည့် ကလေး ငယ်မှာ ဧရာဝတီတိုင်းဒေသကြီး
မြန်အောင်မြို့ဇာတိဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အဆိုပါ အိမ် တွင် အိမ်အကူ
လုပ်ခဲ့သူ ဖြစ် သည်။ လွန်ခဲ့သည့် ရက်နှစ်ဆယ် ခန့်က အိမ်ပေါ်လှေကားမှ ပြုတ်
ကျ၍ ဒဏ်ရာရသည်ဟုဆိုကာ အိမ်ရှင်က ပွဲစားထံပြန်အပ်ပြီး ပိုက်ဆံပေး၍
ရန်ကုန်ဆေးရုံကြီး တွင် ဆေးကုခိုင်းခဲ့သည်။ နယ်မှ မိဘများ ရန်ကုန်သို့
လိုက်လာခဲ့ပြီး ကလေး၏ ကိုယ်ခန္ဓာပေါ်ရှိ ဒဏ် ရာများမှာ အိမ်ပေါ်မှ ပြုတ်ကျ
သည့် ဒဏ်ရာ မဖြစ်နိုင်သော ကြောင့် ဆရာဝန်ဆေးစစ်ချက်ယူ ကာ
မိခင်ဖြစ်သူကိုယ်တိုင် တရား လိုပြုလုပ်၍ ထောက်ကြန့်ရဲစခန်း တွင်
အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
‘‘ကလေးကို မေးကြည့်တော့ ခိုင်းတာမေ့ရင်လည်း ရိုက်တယ်။ အလုပ်မပြီးလည်း
ရိုက်တယ်။ အ၀တ်လျှော်၊ အိုးတိုက်လို့ မပြောင်တာ ရိုက်တယ်။
ဟင်းခိုးစားလို့လည်း ရိုက်တယ် ပြောတယ်။ ရွာက ထွက်သွားတုန်းကနဲ့ မတူတော့ဘူး။
လက်ချောင်းလေးတွေ ကျိုးတာက ငရုတ်ကျည်ပွေ့နဲ့ ထုတာလို့ ပြောတယ်။
နှုတ်ခမ်းကွဲနေတာက ယောက်မနဲ့ ရိုက်တာလို့ ပြောတယ်ဗျာ။ ဒါကြောင့်
မခံနိုင်လို့ အမှုဖွင့်လိုက်တာ’’ ဟု အဆိုပါ အမှုအားလိုက်၍ ကူညီပေးနေသည့်
ကိုမင်းနိုင်စိုးက ပြောကြားသည်။
ထိုအမှုကို ထောက်ကြန့်မြို့ နယ် ရဲစခန်းတွင် ဥပဒေပုဒ်မ ၁၁၄/၃၂၆/၃၂၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
7day daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 6, 2014
အိမ်အကူမိန်းကလေးကို မျက်နှာပျက်စီးသည်အထိ နှိပ်စက်မှုဖြင့် ဆရာဝန် လင်မယားအား အမှုဖွင့်
အိမ်အကူမိန်းကလေးကို မျက်နှာပျက်စီးသည်အထိ နှိပ်စက်မှုဖြင့် ဆရာဝန် လင်မယားအား အမှုဖွင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 06, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 06, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment