Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 31, 2014

တရုတ်ပြည်မှ အမေရိကန် Call Center တစ်ခုသို့ ဖုန်းခေါ်ခြင်း



အမေရိကန် ရှိ Call Center သို့ တရုတ်ပြည်မှ အမျိုးသမီး တစ်ဦး ဖုန်းဆက်သည်။ 

ခေါ်ဆိုသူ - ဟယ်လို၊ ကျမ Annie Wan နဲ့ စကားပြောချင်လို့ပါ။

Operator - ဟုတ်ကဲ့ပါ။ ကျမကိုပြောနိုင်ပါတယ်။

ခေါ်ဆိုသူ - မဟုတ်ဘူး။ ကျမက Annie Wan နဲ့ ပြောချင်တာပါ။

Operator - ဟုတ်ကဲ့ရှင့်။ လူကြီးမင်းက ဘယ်သူဖြစ်ဖြစ် (Anyone) နဲ့ စကားပြောချင်တယ်ဆိုတာ သိပါတယ်။ ခုကျမကို ပြောနိုင်ပါတယ်။ ခုခေါ်ဆိုနေတာ ဘယ်သူလဲ သိပါရစေ။

ခေါ်ဆိုသူ - ကောင်းပြီ။ ကျမက Sam Wan ပါ။ ကျမ အမ Annie Wan ကိုပြောပေးပါ။ အစ်ကို ဖြစ်သူ Noe Wan က ကားဆက်ဆီးဒန့်ဖြစ်ပါ တယ်လို့။ အဲဒါ Noe Wan ကိုဆေးရုံတင်ထားတယ်။ အဲဒါ မြန်မြန်လာခဲ့ ပါလို့။ အရေးကြီးလို့ပါ။

Operator - ဘယ်သူမှ (No One) က ကားအက်ဆီးဒန့်ထဲမပါဘူး။ ဘယ်သူမှလည်း ဆေးရုံမရောက်ဘူး။ ခုဆက်နေတာကလည်း တစ်ယောက်ယောက် (Some One)။ အော်ပရေတာကို အဲ့လိုနောက်ရလား ရှင်။ ကျမတို့မှာ အချိန်မရှိပါဘူး။ ရှင့်နာမည်လေး ပြောခဲ့ပါလား။

ခေါ်ဆိုသူ- မင်းဟာ အလွန်ရိုင်းစိုင်းတဲ့ သူတစ်ယောက် ဖြစ်တယ်။ မင်းဘယ်သူလဲ။

Operator - ကျမ Saw Ree ပါ။ (I'm Saw Ree)

ခေါ်ဆိုသူ - ဒါပေါ့ ရှင်တောင်းပန်သင့်တယ်။ သို့ပေမယ့် နာမည်ပေးခဲ့ပါ။

Operator - အဲဒါကြောင့်ပြောတာလေ။ ကျမက Saw Ree ပါလို့။

---
Ref: joke
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment