Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 22, 2014

လက်ပံတောင်း တောင်ကြားစေတီ ထီးတင်ပြီ


Friday, August 22, 2014
စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းလို့ ပြောင်းရွှေ့ပေးလိုက်ရတဲ့ လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ လက်ပံတောင်းတောင်ကြားက စေတီ ထီးတော်တင်ပွဲကို လုံခြုံရေးအင်အားများစွာ အသုံးပြုခဲ့ပါတယ်။
“ကျော်ရွာကို မရောက်ခင် တံတားလေးနားမှာ ရဲတပ်ဖွဲ့တွေ ယူနီဖောင်း အစုံအလင်နဲ့ အင်အားများစွာ နေရာယူ ထားပြီး၊ သံဆူးကြိုးတွေတော့ ချထားတယ်” လို့ လက်ပံတောင်းဒေသခံတစ်ဦးက ပြောပါတယ်။ 
“ပုံမှန်အတိုင်း လမ်းသွားလမ်းလာတွေ ဆိုရင်တော့ ဖွင့်ပေးပါတယ်၊ ဒေသခံတွေ စုဝေးလာမှာကို တားဆီးဖို့ လုံခြုံရေးချထားတာလည်း ဖြစ်နိုင်တယ်” လို့ သူကဆိုပါတယ်။
ဆန္ဒထုတ်ဖော်မှုပေါင်း ရာဂဏန်းကျော် အထိဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနဲ့ မလွတ်ကင်းလို့ ရွှေ့ပြောင်းခဲ့ရတဲ့ လက်ပံတောင်း တောင်ကြားစေတီ ထီးတင်ပွဲအတွက် လုံခြုံရေးတင်းကျပ်စွာ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ထီးတော်တင်ပွဲ အခမ်းအနားသို့ ဝင်ရောက်တဲ့ ဂိတ်တွေမှာလည်း လုံခြုံရေးအများကြီးချပြီး စိစစ် ခွင့်ပြုတယ်လို့ ထီးတင်ပွဲ အခမ်းအနား တက်ရောက်သူတွေက ပြောဆိုကြပါတယ်။
ထီးတော်တင်လှုပွဲ အခမ်းအနားသို့ ဒေသခံ ကျေးရွာတွေကို လိုက်လံ ဖိတ်ကြားထားတာ မရှိပေမယ့် ထီးတင်ပွဲကို လာချင်တဲ့သူတွေကို စစ်ဆေးပြီးရင် လွတ်လပ်စွာ ဝင်ခွင့်ပြုတယ်လို့ ယင်းမာပင် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှာ ထီးတော်တင်လှူ ပူဇော်ခဲ့ကြပါတယ်။
လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တယ်လို့ ဒေသခံတွေက သတ်မှတ်ကြတဲ့ လက်ပံတောင်း တောင်ကြားမှာရှိတဲ့ စေတီတော်နဲ့ သိမ်တော်ဟာ ကြေးနီတူးဖော်ရေး စီမံကိန်းနဲ့ မလွတ်ကင်း ဆိုပြီတော့ ဒီနှစ် မေလ ၃၀ ရက်နေ့က သိမ်နှုတ်ခဲ့ကြပါတယ်။
The Voice Weekly

No comments:

Post a Comment