Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 31, 2014

နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား ကောက်ယူ


နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ကောက်ယူခဲ့ကြောင်း သိရသည်။

ထို့သို့ အင်းလျားကန်ပေါင်တွင် အမှိုက်ကောက်ရာတွင် နာရေးကူညီမှုအသင်း အပါအ၀င် အခြားလူမှုရေး အသင်းအဖွဲ့များမှ လူငယ်များပါဝင်ကြပြီး စုစုပေါင်းလူဦးရေ ၇၀ ခန့်မှ ကောက်ယူကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ သင်္ဘောဆိပ်တွေမှာ ပထမဆုံးကောက်ခဲ့တယ်။ နောက်တော့ မဟာဗန္ဓုလလမ်းမှာကောက်နေတုန်း စည်ပင်ကလာတားတယ်။ အခုနောက်ပိုင်း နာရေးကူညီမှု အသင်းရှိတဲ့ မြောက်ဒဂုံ ၄၂ ရပ်ကွက်မှာ တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ဖြစ်ပါတယ်။ ဒီကန်ပေါင်မှာ စနေ၊ တနင်္ဂနွေနေ့တွေမှာဆို လာတဲ့လူတွေ ပိုများတယ်။ အဲဒီလူတွေချခဲ့တဲ့ အမှိုက်တွေကို ကျွန်တော်တို့ လာကောက်တာပါ။ ရန်ကုန်မြို့ကြီး အမှိုက်တွေကင်းသွားအောင် မြို့နယ်တွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ကောက်သင့်ပါတယ်။ ပြီးတော့ အမှိုက်ကောက်တဲ့သူကကောက်ရင် အခြားလူတွေကလည်း အမှိုက်မချတော့ရင် မကြာခင် အမှိုက်တွေ ကင်းစင်လာမှာပါ” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

နာရေးကူညီမှုအသင်းက ဦးဆောင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြောက်ဒဂုံ (၄၂) ရပ်ကွက်တွင် အမှိုက်များ ကောက်ယူလျက်ရှိပြီး အခြားလူမှု အဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။ 

No comments:

Post a Comment