Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 21, 2014

အူရီဒူးဆင်းကတ် မသုံးဘဲ ငွေဖြတ်နေခြင်းမှာ စက်ပိုင်း စမ်းသပ်မှုကြောင့်ဟု ကုမ္ပဏီ ပြော

အူရီဒူးဆင်းကတ်တွင် ဖုန်းမပြော၊ အင်တာနက်မသုံးဘဲ ငွေဆုံးရှုံးမှုဖြစ်ပွား ရခြင်းမှာ စက်ပိုင်းဆိုင်ရာစမ်းသပ်မှုကြောင့်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
”စမ်းသပ်သုံးစွဲခွင့်ပေးထားတဲ့ ကာလမှာတုန်းက ဘာမှမဖြစ်ဘူး။ အခု ငွေဖြည့်သုံးတဲ့ ကာလမှာသွားပြီး စမ်းသပ်လိုက်မိတယ်ထင်ပါတယ်။ အခု ဒါကို ရပ်ဆိုင်းထားပြီး သုံးစွဲသူတွေ အဆင်ပြေအောင် လုပ်သွားမှာပါ”ဟု  အူရီဒူး ကုမ္ပဏီမှ အရောင်းညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။
ဆုံးရှုံးသူများအနေဖြင့် Call  Center  သို့အကြောင်းကြား စစ်ဆေးနိုင် ပြီး သုံးစွဲမှု အတိအကျနှင့် ငွေနုတ်ယူမှု အတိအကျကို Call  Center  မှ သေချာ စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း လက်ရှိတွင်ငွေနုတ်ယူ၊ ငွေဖြတ်တောက်မှုများ ရှိတော့မည်မဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
”ဖုန်းနံပါတ်ဘယ်လောက်ပါ။ ခုနက ဖုန်းပြောတာ ဘီလ်ဘယ်လောက် နုတ်သွားတယ်ဆိုတာသိချင်ပါတယ်ဆိုပြီး Call  Center  ကိုမေးပါ။ ဟိုဘက် က ဖုန်းနံပါတ်နဲ့   သေချာစစ်ပေးသွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။
ယင်းသို့ ပြောဆိုထားသော်လည်း လက်ရှိတွင် အူရီဒူးဆင်းကတ်များမှာ မကြာခဏ ဖုန်းလိုင်းပြတ်တောက်၊ လိုင်းမမိခြင်းများဖြစ်ပေါ်နေသည့်အပြင် အဆိုးရွားဆုံးအေ နဖြင့် ဖုန်းတွင် ငွေဖြည့်သွင်းထားသည်များမှာ အလိုအ လျောက် ငွေများ နုတ်ယူခံနေရသည်အခြေအနေများ၊Facebook  သုံးစွဲခ ဖြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သုံးစွဲသူများ နယ်ပယ်မှ သိရသည်။
”တအားလွန်တယ်။ အင်တာနက်ဖိုးကုန်တာ အသာထား။ ဘီလ်တစ် သောင်းဖိုးဖြည့်ပြီး ဘာမှမပြောရဘူး။ နောက်ရက်မှာ ၂ဝဝ လောက်ပဲ ကျန် တယ်။ ဘယ်လိုပြေ လည်အောင်လုပ်ပေးမလဲဆိုတာကို စောင့်နေတာပါ”ဟု ကျောက်တံတားမြို့နယ်မှ အူရီဒူးဆင်းကတ်သုံးစွဲသူတစ်ဦးက ပြောသည်။
ယင်းအပြင် အင်တာနက်သုံးစွဲမှုအတွက်Weekly Plan  ရွေးချယ်ကာSMS ပေးပို့ခဲ့သော်လည်း ပိုက်ဆံ သုံးထောင် ဖြတ်တောက်မှုသာရှိပြီး Comfirm SMS  ပြန် မလာခြင်း၊ အင်တာနက်လိုင်းပေါ်လိုက်၊ ပျောက်လိုက် ဖြင့် သုံးမရခြင်း စသည့် ပြဿနာများလည်း ပေါ်ပေါက်နေကြောင်း သိရသည်။
ကာတာအခြေစိုက် အူရီဒူးမြန်မာသည် ဖုန်းဆင်းကတ်များကို သြဂုတ် ၂ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး သုံးစွဲသူများကို အခမဲ့ သုံးစွဲခွင့်အချို့ သုံး ခွင့်ပြုခဲ့ပြီး   ငွေကြေး  စတင်ကောက်ခံခြင်းကို ယခုလ ၁၅ ရက်နေ့မှ ပြုလုပ်ခဲ့ သော်လည်း လက်ရှိတွင် ဝေဖန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
အောင်ဇော်
Popular Journal

No comments:

Post a Comment