ရှည်လျားပြီး နက်မှောင် နေသော ဆံနွယ်များ က တရုတ်နိုင်ငံကျေး လက်လယ်သမားများအတွက် တကယ့်ငွေတုံးငွေခဲများဖြစ်ပါ သည်။ တရုတ်ပြည်ကျေးလက် ဒေသလမ်းများပေါ်တွင် ပြည့် လျှံမို့မောက်နေသော ဆံပင်ထည့် ထားသည့် အိတ်များသည် တရုတ် နိုင်ငံကို ကမ္ဘာပေါ်မှာဆံပင်နှင့် ပတ်သက်သော ထုတ်ကုန်များကို အများဆုံးတင်ပို့သည့် နိုင်ငံတစ်ခုဖြစ်လာအောင် ကူညီလုပ်ဆောင် ပေးနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံတိုင်ဟီမြို့ရှိ နံနက်ဈေးမှာ နံနက်အရုဏ်တက် ချိန်ကတည်းက တရုတ်နိုင်ငံတစ် ဝန်းမှ ကုန်သည်များ သယ်လာ သည့် ဆံပင်များကို ဈေးဆစ်ကြ၊ ငြင်းကြ၊ ခုံကြနှင့် ရောင်းဝယ်နေ ကြသည်။
‘‘ဆံပင်တွေကို ဈေးဆစ်ဝယ် ရတယ်။ ကျွန်တော်တို့မှာ ဒီဆံပင် တွေကို ပြုပြင်ပုံသွင်းပြီး နိုင်ငံခြား ကိုတင်ပို့တဲ့ စက်ရုံရှိပါတယ်’’ဟု အဆိုပါဆံပင်ဈေးသို့ နံနက် ၅ နာရီခွဲကတည်းက ဝယ်ဖို့ရောက် လာသူ ဆံပင်အဝယ်တော် အသက် (၃၅)နှစ်အရွယ်ရှိ လျူရန် ဝမ်က ပြောကြားသည်။ ဖြောင့်ပြီးနဂိုစင်းသောဆံပင်များကို လိုက် ရှာရင်း သူက ပြောလိုက်ခြင်းဖြစ် သည်။
ဆံပင်များကို ချရောင်းနေသူ ဂေါက်ပူဆိုသူကတော့ ဆံပင်တွေ ကို ပြောင်နေအောင်ရိတ်ထား၏။ ဆံပင်စည်းများ ဒါဇင်နှင့်ချီပါ သောအိတ်ကြီးကိုဖွင့် မြေပေါ်ကို ချခင်းပြီး အော်ရောင်းနေပါသည်။
‘‘လာနော် လာနော် ဒီဆံပင် တွေက တရုတ်လူမျိုးတွေဆီက ဆံပင်တွေ’’
အရှည်လက်မ ၂၀ ခန့်ရှည် သော ဆံပင်တစ်ကီလိုဂရမ်ကို အမေရိကန်နှစ်ဒေါ်လာနီးပါး (တရုတ်ယွမ်ငွေ ၅,၄၀၀) ဈေး အထိ ပေါက်ပါသည်။
တရုတ်နိုင်ငံ အန်ဟူပြည် နယ်အရှေ့ပိုင်းက တိုင်ဟီမြို့တွင် ဆံပင်များကို ပြုပြင်ထုတ်လုပ်ကြ သော ကုမ္ပဏီလေးရာကျော်ရှိပါ သည်။ သူတို့က ဆံပင်တွေကို ကောက်ဖြောင့်ပုံစံအမျိုးမျိုးလုပ် ပြီး အမေရိက၊ ဥရောပနှင့် အာဖ ရိကတို့သို့ တင်ပို့ပါသည်။
အသက် (၆၄)နှစ်အရွယ်ရှိ ဖူကွမ်ကိုက သည်ဆံပင်အရောင်း အဝယ်ကို စလုပ်ခဲ့သည်မှာ ၁၉၇၀ ပြည့်နှစ်လောက်ကတည်း က ဖြစ်ပါသည်။ ယခုတော့ သူ လည်း ဆံပင်ဖြူတွေက သူ့ခေါင်း မှာ ဟိုတစ်ကွက်သည်တစ်ကွက် ပင်မြင်နေရပြီ။
‘‘အရင်တုန်းကတော့ ကျွန် တော်တို့က ဒီဆံပင်တွေကို ပြည် တွင်းကပဲဝယ်တယ်။ အခုတော့ ဒီဆံပင်တွေက နိုင်ငံအမျိုးမျိုးက လာတယ်။ မြန်မာတို့၊ ဗီယက်နမ် တို့လို နိုင်ငံတွေမျိုးတွေကပေါ့။ အရင်တုန်းက ဆံပင်တွေတို့ ပုံ သွင်းရတာက ခက်တယ်။ လက် နဲ့လုပ်ကြတာကိုး။ ဟော.. အခု တော့ လုပ်ငန်းသေးသေးကနေ ကြီးလာပြီ’’ဟု သူက ရှင်းပြသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ချုပ် နိုင်ငံတကာကုန်သွယ်ရေး ဌာန၏ စာရင်းဇယားများအရ တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ် တွင် ကမ္ဘာပေါ်က ဆံပင်တု၊ အမွေးအတောင်၊ ပန်းတုများ၏ ၇၅ ရာခိုင်နှုန်းကို တင်ပို့ခဲ့သည်ဟု သိရသည်။
ယခုလို ထိုင်ဟီမြို့က ခပ် ရိုးရိုးဆံပင်ဈေးများ၊ ဆံပင်ပြုပြင် အလုပ်ရုံများနှင့် စက်ရုံများက ထုတ်လုပ်လိုက်သော ထုတ်ကုန် များသည် ၂၀၁၂ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာသန်း ၁၁၀ ခန့်ရှိပြီး တရုတ်တစ်နိုင်ငံလုံး ဆံပင်ထုတ် လုပ်မှု၏ ထက်ဝက်ခန့်ရှိသည်ဟု တရုတ်အစိုးရက ဆိုသည်။ ထို ဆံပင်လုပ်ငန်းသည် တရုတ်ပြည် ပပို့ကုန်စီးပွားရေးဖွံ့ဖြိုးလာသည့် အခါ ထုတ်ကုန်တစ်ခုတည်းကို အသားပေးထားသည့် နိုင်ငံ၏ စက်မှုလုပ်ငန်းတစ်ခုဖြစ်လာ၏။
များသောအားဖြင့် ထိုလုပ် ငန်းများသည် ဆင်းရဲသည့် တရုတ်နိုင်ငံအရှေ့ပိုင်း၌ ၁၉၈၀ ပြည့်နှစ်က လယ်သမားတို့ ပထမ ဆုံးစတင်လုပ်ကိုင်ခဲ့သော လုပ် ငန်းအသေးစားများဖြစ်သည်။ ယခုအခါတွင် ထိုဒေသတစ်ခုလုံး က မီးသီး၊ ခြေအိတ်၊ မီးခြစ်၊ ဘရာစီယာချိတ်စသောထုတ်ကုန် များကို ဖန်တီးထုတ်လုပ်နေကြ သည်။
တစ်နေ့ဆံပင် တစ်နေ့ရွှေ
ဖူ၏ဆံပင်လုပ်ငန်းအမွေကို ဆက်ခံသူသားဖြစ်သူအသက် (၃၆)နှစ်အရွယ် ဖူကွင်ဝေက အင်္ဂ လိပ်နာမည်အန်နာဟုအမည်ပေး ထားသည့် ဆံပင်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သည်။ သူတို့ ကုမ္ပဏီက တစ်နှစ်ကို ပြည် ပသို့ဒေါ်လာရှစ်သန်းဖိုးခန့်တင်ပို့ပြီး အများစုက အမေရိကသို့ ဖြစ်သည်။
‘‘နိုင်ငံတိုင်းက ဆံပင်အရှည် အထူနဲ့ အရည်အသွေးကို ပုံစံ အမျိုးမျိုး မှာကြတယ်’’ဟု ဖူက ပြောကြားသည်။
အာဖရိကသို့ တင်ပို့သော ဆံပင်များက များသောအားဖြင့် အခွေအကောက်များဖြစ်သည်။ အာဖရိက,က ဆံပင်အကြမ်းတွေ ကို တရုတ်သို့တင်ပို့သလို တရုတ် နိုင်ငံက ပြုပြင်ပြီးသား ဆံပင် အတုတွေကိုလည်း ဝယ်သည်။
‘‘အာဖရိကစီးပွားရေးတက် လာတော့ ဈေးကွက်ကလည်းတိုး တက်လာသလို အရည်အသွေးက လည်း မြင့်လာတယ်’’
သူက လူမည်းအမျိုးသမီး ပြုံးနေသည့်ပုံစံဖြင့် သရုပ်ဖော် ထုတ်လုပ်ထားသော အာဖရိက ပုံစံဆံပင်အကောက်များကိုထည့် ထားသည့် သေတ္တာဘေးမှာ မတ် တတ်ရပ်ရင်း ပြောကြားလိုက်ပါ သည်။
ဆံပင်စက်ရုံတွင် ပထမဦး စွာ ဆံပင်တွေကို ရေနွေးဖြင့် အလုပ်သမားများက ဆေးကြော ပြီး ပိုးသတ်သည်။ ထို့နောက် အညိုကနေ အနက်အထိ အ ရောင်မျိုးစုံဆေးဆိုးသည်။ ပြီးတော့ အာဗင်ထဲမှာထည့် အခြောက်မခံခင် အမျိုးသမီးအလှပြင်ပစ္စည်း ဖြင့် ဆံပင်ကိုပုံသွင်းကြသည်။
‘‘ကျွန်မက ဆံပင်တွေကို ပြန်ဆက်တယ်။ တစ်နေ့ကို အခု ၁,၅၀၀ လောက်ပြီးတယ်’’ ဟု ဆံပင်များကို စက်တစ်လုံးဖြင့် ပြန်ဆက်နေသူ အသက်(၂၃)နှစ် အရွယ် အလုပ်သမလေး ဇနိကျန် က ဆိုပါသည်။
အလုပ်သမဇုန်ဟုန်မေ၏ ခုံပုလေးဘေးမှာတော့ ဆေးဆိုး ထားသော အနီရောင်ဆံပင်များ က ပုံနေသည်။ သူက ထိုဆံပင် တွေကို ဝက်မှင်ဘီးကြီးတစ်ခုသုံး ပြီး ဖြောင့်ပေး၏။ စက်ရုံအခြား အလုပ်သမားများလိုပဲ သူက အရင်ကလယ်ကွင်းထဲမှာ အလုပ် လုပ်ခဲ့ရသူဖြစ်သည်။
‘‘ဒီမှာ အလုပ်မလုပ်ဘူးဆို ရင် လယ်ထဲမှာ အလုပ်လုပ်နေရ မှာ။ ဒီမှာက သက်သာတယ်၊ ပိုက်ဆံလည်းပိုရတယ်’’
တရုတ်နိုင်ငံအရှေ့ပိုင်း တိုင် ဟီမြို့ ဆံပင်လုပ်ငန်းက ယခု အချိန်တွင် အကြီးဆုံးစက်မှုလုပ် ငန်းဖြစ်လာပြီဟု ဖူဆံပင်လုပ်ငန်း တာဝန်ရှိသူက ပြောပါသည်။ ထို့ကြောင့် ဒေသအာဏာပိုင်များ က ဆံပင်လုပ်ငန်းအတွက် အကြီး ဆုံးစက်မှုမြို့တော်တစ်ခုတည် ထောင်ရန် ပြင်ဆင်စိုင်းပြင်းနေ သည်။
သူတို့လုပ်ငန်းစတင်လုပ် ကိုင်စက ၁၉၈၀ ပြည့်နှစ်လောက် ကအခြေအနေကိုဖူက သတိရစွာ ပြန်ပြောင်းအောက်မေ့ပြီး ပြောပြ ပါသည်။
‘‘အဲဒီတုန်းကဆို ပြောင်းဖူး မစားရဘဲ ဆန်စားနိုင်ရင်တောင် ကျွန်တော်တို့မှာ ပျော်နေရတာ’’
ယခုအချိန်မှာတော့ သူက အချိန်ပြည့်အလုပ်သမား ၂၀၀ ကျော်ဖြင့် လုပ်ငန်းများလုပ် ဆောင်နေပြီး သူ၏နိုင်ငံခြားသား ဖောက်သည်များနှင့်အတူ နိုင်ငံ ခြားဖြစ်ကားတစ်စီးဖြင့် ဒေသစား သောက်ဆိုင်များတွင် ညစာသွား စားလေ့ရှိပါသည်။
‘‘ကျွန်တော့်ဝင်ငွေက ဆံပင် လုပ်ငန်းကနေ ရလာတာပါ။ ဘာလို့လဲဆိုတော့ ဆံပင်တန်ဖိုး ကတက်လာပြီလေ။ ဒါကြောင့် လူတွေက ဆံပင်ကို ရွှေမဲလို့ တောင်ခေါ်နေကြပြီ’’
(အေအက်ဖ်ပီသတင်းဆောင်းပါး ဖြစ်သော Rural Chinese county thrives on ‘black gold’ ကို ထားထားမြင့် ဘာသာပြန်ဆို သည်။)
7day daily
No comments:
Post a Comment