Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 21, 2014

ငွေကြေးခ၀ါချမှုများကို စုံစမ်းဖော်ထုတ်အရေးယူတော့မည်

  မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦးပါ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို အခုနှစ် သြဂုတ်လ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်တွေကို တာဝန်ပေးထားပြီး ဖြစ်ပါတယ်။

ဒီဗဟိုအဖွဲ့ က ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့၊ စိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ သတင်းပို့အဖွဲ့ အစည်းတွေကို ဥပဒေအရ ဖွဲ့စည်း တာဝန်ပေး အပ်ပြီးတော့ ငွေကြေး ခ၀ါချမှုနဲ့ အကြမ်း ဖက်မှုတွေ မှာ ငွေကြေးထောက်ပံ့သူတွေကို စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါကြောင့် ဗဟိုအဖွဲ့အနေနဲ့ ပြည်တွင်းမှာ ငွေကြေးခ၀ါချမှုနဲ့ပတ်သက်လို့ ဘယ်အချိန်မှာ စတင် စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားဖို့ ရှိပါသလဲဆိုတာနဲ့စပ်လျဉ်းပြီး အဖွဲ့ဝင်တဦးဖြစ်တဲ့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

By သိုက်ဇင် (ဒီဗွီဘီ)

အသံဖိုင်နားဆင်ရန်
1

No comments:

Post a Comment