Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 11, 2014

တရုတ်နိုင်ငံလမ်းစဉ် နှင့် ကိုက်ညီသည့် ခရစ်ယာန်ဘာသာ တည်ထောင်မည်ဟုဆို


တရုတ်နိုင်ငံက ၎င်းင်းတို့နှင့်ကိုက် ညီသည့် တရုတ်ခရစ်ယာန် ဘာသာ ရေးလေ့လာမှုအား တည်ထောင်သွား မည်ဟု နိုင်ငံပိုင်မီဒီယာက ကြာသ ပတေးနေ့တွင် ဖော်ပြသည်။ တရုတ် နိုင်ငံတွင် ခရစ်ယာန်ဘာ သာဝင်အရေ အတွက်တိုးလာသည်နှင့်အတူ အာ ဏာပိုင်များနှင့် တင်းမာမှုလည်းတိုး လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ပရို တက်စတင့် ဘာသာဝင် ၂၃ သန်းမှ သန်း ၄၀ ထိရှိပြီး လူဦးရေ၏ ၁.၇ ရာခိုင်နှုန်းမှ ၂.၉ ရာခိုင်နှုန်းထိဖြစ် သည်ဟု နိုင်ငံပိုင် တရုတ်နေ့စဉ်သ တင်းစာတွင်ဖော်ပြသည်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ ဘာ သာရေးမူဝါဒကို အကောင်အ ထည် ဖော်ရင်း ပရိုတက်စတင့်ဘုရားရှိခိုး ကျောင်းတွေ လျင်လျင်မြန်မြန်တိုး ပွားလာနေပါတယ်” ဟု ဘာသာရေး စီမံကွပ်ကဲမှုရုံးမှ ဒါရိုက်တာဝန်ဇူအွန် ကဆိုသည်။ ၎င်းင်းက “တရုတ်ခရစ်ယာန် ဘာသာရေးလေ့လာမှုဟာ နိုင် ငံရဲ့အခြေအနေနဲ့ကိုက်ညီရမှာဖြစ်ပြီး တရုတ် ယဉ်ကျေးမှုနဲ့ ပေါင်းစပ်သင့်ပါ တယ်” ဟု ထပ်လောင်းပြောကြားခဲ့ သည်။

တရုတ်အာဏာရကွန်မြူနစ်ပါတီ သည် တရားဝင်အားဖြင့် ဘာသာမဲ့ ဖြစ်ပြီး ၎င်းင်း၏ အာဏာအားစိန်ခေါ်လာ နိုင်မည်ကိုစိုးရိမ်၍ ဘာသာရေးယုံ ကြည်မှုများအပေါ် တင်းတင်းကျပ် ကျပ် ချုပ်ကိုင်လေ့ရှိသည်။ ဘာသာ ရေးယုံကြည်သက်ဝင်သူများသည် အစိုးရက သတ်မှတ်ထား သည့်နေရာ တွင်သာ ၀တ်ပြုဆုတောင်းမှုပြုလုပ် ခွင့်ရှိပြီး ၀တ်ပြုမှုအား အစိုးရကစောင့် ကြည့်နေလေ့ရှိသည်။

ဘုရားရှိခိုး ကျောင်းများ အား တရားဝင်ပိတ်ပင် ထားသည့်အပြင် အစိုးရထိန်းချုပ်မှု အောက်တွင် မရှိ သည့် တရားမ၀င်ဘု ရားရှိခိုးကျောင်းများနှ င့် နေအိမ်များ တွင် ဖွင့်လှစ်ထား သည့် ဘုရား ရှိခိုး ကျောင်းများအား မကြာခဏ စီးနင်း ကာ ပိတ်ပစ်လေ့ရှိ သည်။

ခရစ်ယာန် ဘာသာဝင် တစ်သန်းကျော်နေထိုင် ပြီး တရုတ်နိုင်ငံ၏ ဂျေ ရုဆလင်ဟု ထင်ရှားသည့် နိုင်ငံအရှေ့ပိုင်း ၀န်ဇူ မြို့တွင် ဧပြီလက ဘုရားရှိခိုးကျောင်း တစ်ခုအား တရားမ၀င်ဟုဆိုကာ အာဏာပိုင်များက ဖြိုချခဲ့သည်။ ထိုဘု ရားရှိခိုးကျောင်းသည် ခွင့်ပြုထားသည့် အရွယ်အစားထက် အလွန်ကြီးမား နေသည် ဟု နိုင်ငံပိုင်မီဒီယာ များတွင် ဖော်ပြသည်။

သြဂုတ်လ-၈ ရက်နေ့ထုတ်
အတွဲ ၂ အမှတ်စဉ် ၂၅၊
သည်လေဒီးစ် နယူးစ်ဂျာနယ်

No comments:

Post a Comment