Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 29, 2014

မုံရွာတွင် ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်နဲ့ မုံရွာနည်းပညာတက္ကသိုလ်တို့က ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာတက္ကသိုလ်ကျောင်းသား များသမဂ္ဂ၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ မုံရွာ နည်းပညာတက္က သိုလ် ကျောင်းသားများ သမဂ္ဂ ကျောင်း သုံးကျောင်း ပေါင်း ထားတဲ့ တကသများ ကွန်ရက်အဖွဲ့တွေက ဒီကနေ့ ညနေပိုင်း ၃ နာရီကစ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ဦးဆောင်သူတဦးဖြစ်တဲ့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုခန့်ဝေဖြိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က ဗဟိုချုပ်ကိုင်မှု ပပျောက်ဖို့ရယ်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ကျောင်းသားထု အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းဖို့၊ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတွေကို မဏ္ဍိုင်ပြုပြီး သင်ကြားတဲ့စနစ် အဲဒီအချက်တွေ မပါခဲ့တဲ့အတွက် ဒီလိုဆန္ဒ ထုတ်ဖော်ရတာပါ။”

အခု ကြွေးကြော်အော်တဲ့အတိုင်း အမျိုးသားပညာရေးကော်မရှင် အဆင့်မြင့် ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အဲဒါတွေကို ဖျက်သိမ်းပေးဖို့နဲ့ ကျနော်တို့ ကျောင်းသား သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိဖို့တွေပါ။”

ဒီဆန္ဒပြပွဲကို မုံရွာစီးပွားရေးသက္ကသိုလ်ကနေ ဗိုလ်ချုပ်ကြေးရုပ်အထိ ချီတက်ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ကျောင်းသားသမဂအဖွဲ့ဝင်တွေက ရန်ကုန်၊ မန္တလေး မြို့တွေမှာလည်း အလားတူ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ပြည်ထောင်စုလွတ်တော်က် အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်ေ တာ် ပညာရေးမြှင့်တင်ရေးကော်မတီနဲ့ အစိုးရပညာရေးဝန်ကြီးဌာနတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းထားတာဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/63691

No comments:

Post a Comment