ဘရာဇီးလ်က လင်မယားစုံတွဲက ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့တဲ့ သူတို့ရဲ့အမေ
တွေကို ကိုယ်စီရှာလာကြတာ နှစ်ပေါင်းအတော်လေး ကြာနေခဲ့ပါပြီ။ အိမ်ထောင်သက်
၁၀ နှစ်အတွင်းမှာလည်း ခြောက်နှစ်အရွယ်သမီးကလေးရတဲ့ အထိကို မိခင်ဖြစ်သူတွေ
ကို တတ်နိုင်တဲ့ နည်းလမ်းမျိုးစုံသုံးကာ လိုက်ရှာနေခဲ့တာပါ။
အသက် ၃၉ နှစ် ရှိ ဇနီးသည် အန်ဒရီရာနာနဲ့ အသက် ၃၇ နှစ်အရွယ်ရှိ ခင်ပွန်း
လီအန် ဒရိုတို့နှစ်ဦးက ငယ်စဉ်အချိန်ကတည်းက မိဘအရင်းဖြစ်သူတွေနဲ့
ကွဲလာတဲ့သူတွေ ဖြစ်ကြရာ လီအန်က အသက် တစ်နှစ်သားအရွယ်ကတည်းက
မိထွေးဖြစ်သူဆိုသူ အ မျိုးသမီး ထံမှ ကြီးပြင်ခဲ့တာဖြစ်ပြီးတော့
အန်ဒရီရာနာကတော့ ဖခင်ဖြစ်သူလက်ထဲမှ ကြီးပြင်းလာခဲ့ကြတာပါ။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို
သူတို့နှစ်ဦးစလုံးရဲ့မိခင်တွေကပျောက်ဆုံးနေတာဖြစ်ပြီး တော့ ရဲ့ နာမည်တွေက
မာရီယာ ဆိုကာတူနေခဲ့တာဖြစ်ပါတယ်။ နာမည်တူမရှား လူ တူမရှားဆိုကာ
သူတို့နေထိုင်တဲ့ဘရာဇီးလ်နိုင်ငံ ဆော်ပိုလိုမြို့တော် လူပျောက်ရှာဖွေ
ရေးမီဒီယာကနေတဆင့်ရှာဖွေခဲ့ရာ တကယ်တမ်းတွေ့ရှိသွားချိန်မှာတော့
သူတို့ရဲ့မိခင် မာရီယာက တစ်ယောက်တည်း ဖြစ်နေခဲ့ပါတော့တယ်။
ဒီလိုမျိုးတစ်ယောက်တည်းဖြစ်နေတဲ့ မိခင်အရင်းကို တွေ့သွားချိန်မှာတော့
မိခင်ရဲ့ဝမ်း ကနေ တစ်အူထုံဆင်းလာတဲ့ မောင်နှမနှစ်ယောက်က အခုအချိန်မှာ
လင်မယားဖြစ်နေ ကာ သမီးတစ်ယောက်တောင်ထွန်းကားနေတဲ့ မိသားစုတစ်စုဖြစ်တဲ့အတွက်
လီအန်ဒရို တို့ဇနီးမောင်နှံကို ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင်
ဖြစ်ခဲ့ရတယ်လို့ဆိုပါ တယ်။
“ကျွန်မတို့အတွက် ဘုရားသခင်က ဘယ်လိုများလွဲချော်မှုတွေ ပေးခဲ့ရတာလဲ။ ဒါကရုပ်
ရှင်တွေ ဇာတ်လမ်းတွေထဲမှာပဲ ရှိတယ်ထင်တာ အခုတော့ ကျွန်မတို့ ကိုယ်တိုင်လက်
တွေ့ပါပဲ။ တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ ဘယ်လိုမျိုးအခြေမျိုးကို
လက်ခံပေးရ မယ်မှန်းတောင် မသိတော့ပါဘူး” လို့ အန်ဒရီရာနာက ရင်ဖွင့်ခဲ့တယ်။
credit: phothutaw
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 8, 2014
ကွဲကွာနေခဲ့ကြသော အမေကိုပြန်ရှာတွေ့မှ မောင်နှမဖြစ်နေမှန်းသိခဲ့သော ဇနီးမောင်နှံ
ကွဲကွာနေခဲ့ကြသော အမေကိုပြန်ရှာတွေ့မှ မောင်နှမဖြစ်နေမှန်းသိခဲ့သော ဇနီးမောင်နှံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment