Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 25, 2014

ဒေါ်မိမိကြည်အမှု ဌာနဆိုင်ရာခုံရုံးဖွဲ့ စစ်ဆေးပြီး



Tuesday, August 26, 2014

ဂါရ၀မဲ့ အပြုအမှုများ လုပ်ဆောင်ခဲ့သည် ဆိုသည့် အထက(၁)မော်လမြိုင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်ကို ဌာနဆိုင်ရာ ခုံရုံးဖွဲ့ စစ်ဆေးပြီး သွားပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိ ချက်များကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အထက(၁) မော်လမြိုင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ကြည်နှင့် အဆိုပါကျောင်းမှ ဆရာ၊ဆရာမများကို သြဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တွင် ဌာနဆိုင် ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ နှစ်ရက်ကြာ ထပ်မံစစ်ဆေးခဲ့ပြီး နောက် အမှတ်(၁) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှတ်ချက်နှင့်အတူ ပညာရေးဝန် ကြီးဌာနသို့ တင်ပြထားကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘အခုအမှုစစ်ပြီးတော့ အမှာ စာနဲ့ ၀န်ကြီးရုံးတင်လိုက်ပြီ။ ဒါကို အလုပ်အမှုဆောင်အစည်းအဝေး မှာ တင်ပါလို့ ထွက်လာရင် ဘယ် လိုဆုံးဖြတ်မယ်ဆိုတာကို စက် တင်ဘာလဆန်းမှာ လုပ်မယ့် အလုပ်အမှုဆောင်အစည်းအဝေး မှာ ဆွေးနွေးကြမယ်’’ဟု အမှတ် (၁) အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြော သည်။ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်း အစည်းအဝေးများတွင် ထိုင်ခုံ တစ်ခုံသာထားရှိ၍ အဆိုပါထိုင်ခုံ ၌ ၎င်းကထိုင်ပြီး ကျန်ဆရာ၊ဆရာ မများကို ကြမ်းပြင်တွင် ထိုင်စေ ကာ အစည်းအဝေးလုပ်ခြင်း၊ ဇူ လိုင် ၃၀ ရက်တွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ဆူပူ ငေါက်ငမ်းခဲ့သောကြောင့် နှလုံး အခံမကောင်းသည့် သတ္တမတန်း နှင့် အဋ္ဌမတန်းမှ အင်္ဂလိပ်ဘာ သာသင် ဆရာမနှစ်ဦးဖြစ်သည့် ဒေါ်ခင်နုဆွေနှင့် ဒေါ်သီသီမြင့်တို့ ရှော့ခ်(Shock) ရရှိပြီး ဆေးရုံသို့ ပင် ပို့ဆောင်ပေးခဲ့ရကြောင်း လူ မှုကွန်ရက်စာမျက်နှာများတွင် ပုံ နှင့်တကွ ပျံ့နှံနေသည်။

‘‘တီချယ်ကြီးတော့ ဘယ်လို ဆုံးဖြတ်ချက်ချမယ်ဆိုတာ မသိ သေးဘူး။ သူတို့အဖွဲ့ဖွဲ့ပြီး စစ် သွားတယ်။ မေးတာ တီချယ်ကြီး ရယ်၊ ကျောင်းက ဆရာမတွေရယ်ဖြေတယ်။ အခုထိတော့ ဘာမှ မသိသေးဘူး’’ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်က ပြောသည်။

အမှတ်(၁) အခြေခံပညာ ဦးစီးဌာနက မွန်ပြည်နယ် မော်လ မြိုင်မြို့ အထက(၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ကြည်ကို ကနဦးစုံစမ်းစစ်ဆေး ရေး အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးပေးရန် ညွှန်ကြားစာကို သြဂုတ် ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး နောက် သြဂုတ် ၅ ရက်တွင် စ တင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်၏ ဂါရ၀မဲ့အပြုအ မူ၊ လုပ်ဆောင်ချက်များနှင့် ပတ် သက်ပြီး ပြစ်မှုထင်ရှားပါက ဌာန ဆိုင်ရာခုံရုံးဖွဲ့စစ်ဆေးသွားမည် ဖြစ်ပြီး ပြစ်ဒဏ်အတိမ်အနက် အလိုက်ဌာနဆိုင်ရာပြစ်ဒဏ်ခုနစ် မျိုးဖြင့် အပြစ်ပေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီး ဌာနမှအဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။

7Day Daily

No comments:

Post a Comment