Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 24, 2014

သက်ရှိတံတားများနဲ့ သဘာဝ ဝန်းကျင်ပုံရိပ်များ..

သက်ရှိတံတားများနဲ့ သဘာဝ ဝန်းကျင်ပုံရိပ်များ..
အိန္ဒိယပြည်အရှေ့မြောက်ဒေသ ဗမာပြည်က မွန်အမျိုးသားတို့နဲ့ မျိုးနွယ်တူ ခါစီလူမျိုးတိုနေထိုင်ရာ ကမ္ဘာ့ မိုးအများဆုံးနဲ့ အစွတ်စိုဆုံးအရပ် မေဂါလေယာပြည်နယ်က သက်ရှိတံတားများနဲ့ သဘာဝ ဝန်းကျင်ပုံရိပ်များ..ဟိုတုန်းက တနှစ်ကို အသွားအပြန် သုံးလေးခေါက်ဖြတ်သန်းခဲ့ရာ..ဖျားနာမကျန်းဖြစ်လို့ အုပ်ဖွဲ့ရွာတည်ပေးပြီး ချန်ထားခဲ့ရာ မဟာဗန္ဓုလရဲ့စစ်သည်များနဲ့ ဒေသခံတို့က ပေါက်ဖွားခဲ့တဲ့ မျိုးဆက် ( Marn) မျိုးနွယ်စု အများစုတို့ နေထိုင်ရာ ဒေသ.. ဗမာစကားကတော့ အဖေ..အမေ..ဆေးလိပ်..ထမင်း..ဘုရား..တရား..သံဃာ စသဖြင့် နည်းနည်းလောက်ပဲကျန်တော့ တတ်ကြတော့တယ်..အာသံစကားပြော အာသံတွေလို ဝတ်စားဆင်ယင်မှုတွေဖြစ်နေပြီ..တခြားဗုဒ္ဓဘာသာယဉ်ကျေးမှုတူရာတွေဖြစ်တဲ့ ရှမ်း (ခန္တီး)တွေ ဂျင်ဖောတွေ တန်ဆားနာဂတွေနဲ့ပေါင်းပြီး ဗရမာဆိုပြီး ယဉ်ကျေးမှုမျိုးနွယ်စုတခုလုပ်နေကြတယ်။ သင်္ကြန်လို ကဆုန်လပြည်ဗုဒ္ဓနေ့လို သီတင်းကျွတ်လိုပွဲတွေကို သူအရပ်ကိုယ့်အရပ် အလှည်းကျ စုပေါင်းဆင်နွဲနေကြတယ်။
Kyaw Than

No comments:

Post a Comment