Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 14, 2014

အမေရိကန်စစ်သားများအတွက် Iron Man ဝတ်စုံ



အမေရိကန် စစ်သားများအတွက် Iron Man ဝတ်ဆုံများ ဖန်တီးမှုကို Iron Man ဇာတ်ကောင်မပေါ်ခင် ကတည်းက ပြုလုပ်နေတာ ပါ။ ပြီးခဲ့ တဲ့ မေလကတော့ တရားဝင်မိတ်ဆက် ပြသ သွားပါတယ်။

Tactical Assault Light Operator Suilt လို့အမည်ပေးထားပြီး ဦးဆောင်တီထွင်သူကတော့ ရှေ့ တမ်း စစ်ဗိုလ် ဟောင်း တစ်ဦး ဖြစ်တဲ့ Adm. Bill MaRaven ဖြစ်ပါတယ်။ Special Ops အတွက် top officer ဖြစ်ခဲ့ဖူးပြီး သူ့ တပ်သား တစ်ဦးကို မမျော်လင့်ပဲ ဆုံးရှုံးခဲ့ဖူးပါတယ်။ အိမ်ထဲမှာအဖမ်းခံထားရတဲ့ ဓားစာခံကို ကယ်တင်ဖို့ တံခါး ပေါက် ဖွင့်ဝင်ချိန် အတွင်းက စောင့်ဆိုင်းနေတဲ့ သေနတ်သမား များကြောင့် ကျည်ဆံ အချက်ပေါင်းများစွာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းပုံရိပ်တွေကို ပြန်လည် အမှတ်ရနေတဲ့ Adm. Bill ဟာ နောက်ထပ် စစ်သားများ မဆုံးရှုံးရအောင် ယခုလို ကြိုးပန်းဖန်တီးခြင်း ဖြစ်ပါတယ်။ MIT က ပညာရှင်များအပြင် အခြားသော တက္ကသိုလ်များမှ ပညာရှင်များလည်း ပါဝင်ပါတယ်။ အိုင်တီနည်းပညာအပြင် ဓာတုဗေဒ ပစ္စည်းများ ပါဝင်ပေါင်းစပ်ထားတဲ့ ယင်းဝတ်ဆုံဟာ တကယ့် Iron Man လို ဗုံးဒဏ်ကျည်ဒဏ် ခံနိုင်မှာ ဖြစ်ပါတယ်။ မိုးပေါ်တာ့ ပျံနိုင်အုံးမှာ မဟုတ် ပါဘူး။

သာမန်လူတစ်ယောက်ရဲ့ လှုပ်ရှားမှုအတိုင်း အသုံးပြုနိုင်မယ့် Iron Man suit commercial TV ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/bPjatYDHJKo

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment