Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 30, 2014

ဘာကြောင့် GoPro ကင်မရာကိုအသုံးပြုသင့်တာလဲ


၁။ စွယ်စုံအသုံးပြုနိုင်ခြင်း
GoPro ဟာတွဲဖက်အသုံးပြုတဲ့ဆက်စပ်ပစ္စည်းများနဲ့ တပ်ဆင်အသုံးပြုတဲ့အရာဝတ္ထု၊ နေရာအပေါ်မှာမူတည်ပြီး စွယ်စုံ အသုံးပြုနိုင်တဲ့ အငယ်စားကင်မရာတစ်ခုဖြစ်ပါတယ်။ တခြားသောကင်မရာများနဲ့ ရိုက်ကူးဖို့ခက်ခဲတဲ့နေရာ၊ တပ်ဆင်ရခက်ခဲတဲ့ အခြေအနေတွေမှာ GoPro ဟာအလွန်အသုံးဝင်တဲ့ကင်မရာတစ်ခုဖြစ်ပါတယ်။
၂။ လူတိုင်းလက်လှမ်းမီနိုင်သောဈေးနှုန်းရှိခြင်း
ကျပ် သုံးသိန်းခွဲနှင့် လေးသိန်းခွဲ ဝန်းကျင်ပဲကျသင့်မှာဖြစ်တဲ့အတွက် တခြားသောလုပ်ဆောင်ချက်တူ ကင်မရာများနဲ့ နှိုင်းယှဉ်ကြည့် မယ်ဆိုရင် GoPro တစ်ခုသာလူတိုင်းဝယ်ယူနိုင်တဲ့ဈေးနှုန်းရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။
၃။ ပေါ့ပါးပြီးလွယ်ကူစွာသယ်ဆောင်နိုင်ခြင်း
၂.၂ အောင်စသာအလေးချိန်ရှိတဲ့အတွက် ခရီးထွက်တဲ့အခါမျိုးတွေမှာတောင် လက်တစ်ဖက်ထဲမှာအလွယ်တကူသယ် ဆောင်ရိုက်ကူးသွားနိုင်တဲ့ အသုံးဝင်ကင်မရာတစ်မျိုးလည်းဖြစ်ပါတယ်။
၎။ ရေစိုခံနိုင်ခြင်း
GoPro Hero3+ ဟာရေအောက် ၁၃၁ပေ (သို့) မီတာ ၄၀ အနက်ထိရောက်အောင်သယ်ဆောင်ပြီးရိုက်ကူးသွား ရင်လည်း လုံးဝရေဝင်ခြင်းမရှိဘဲကောင်းမွန်တဲ့ရုပ်ထွက်အရည်အသွေးကိုရရှိမှာဖြစ်ပါတယ်။
၅။ မြင်ကွင်းကျယ်ရိုက်ကူးနိုင်ခြင်း
GoPro ကင်မရာမှာ မြင်ကွင်ကျယ်ရိုက်ကူးနိုင်တဲ့ Wide Len ပါဝင်ပြီးသားဖြစ်တဲ့အတွက် ကြီးမားကျယ်ပြန့်တဲ့ရှုမျှော်ခင်း များကို ကြည်လင်ပြက်သားစွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
၆။ Time Lapse ရိုက်ကူးနိုင်ခြင်း
နေဝင်နေထွက်ချိန်တွေ၊ ယာဉ်အသွားအလာများတဲ့လမ်းမကြီးတွေ၊ နီယွန်မီးရောင်စုံထွန်းညှိထားတဲ့မြို့တော်ကြီးတွေရဲ့ အချိန်ကာလတစ်ခုအတွင်းမှာပြောင်းလဲနေတဲ့ပုံရိပ်တွေကို GoPro ကင်မရာရဲ့Time Lapse mode ကိုအသုံးပြုပြီးတော့ အမိအရ ဖမ်းဆုပ်ရိုက်ကူးသွားနိုင်မှာဖြစ်ပါတယ်။
၇။ အလွယ်တကူမပျက်စီးနိုင်ခြင်း
GoPro ဟာအလွယ်တကူမပျက်စီးနိုင်အောင် စီမံပြုလုပ်ထားတာဖြစ်တဲ့အတွက် ပလက်ဖောင်းပေါ်လွတ်ကျတာမျိုး၊ ရေထဲပြုတ်ကျတာမျိုးဖြစ်ခဲ့ရင်တောင်မှ ဘာမှမဖြစ်ဘဲနဲ့ပုံရိပ်တွေကို အကောင်းဆုံးဖမ်းယူသွားနိုင်မှာဖြစ်ပါတယ်။
၈။ ကောင်းမွန်သောရုပ်ထွက်အရည်အသွေးရှိခြင်း
GoPro ကင်မရာဟာ 1080p60 နဲ့အထက်ရှိတဲ့ အရည်အသွေးနဲ့ ပုံရိပ်တွေကိုဖမ်းယူပေးနိုင်မှာဖြစ်တဲ့အတွက် အခြား သောနည်းပညာမြင့်ကင်မရာများနည်းတူ ကောင်းမွန်သောရုပ်ထွက်အရည်အသွေးရှိတဲ့ကင်မရာတစ်ခုဖြစ်ပါတယ်။
၉။ ရုပ်ငြိမ်ဓါတ်ပုံရိုက်ကူးနိုင်ခြင်း
GoPro ကင်မရာဟာ ဗီဒီယိုရိုက်ကူးရုံသာမက၊ ရုပ်ငြိမ်ဓါတ်ပုံများကိုလည်း 10MP အရည်အသွေးနဲ့ တစ်စက္ကန့်အတွင်း မှာ ၁၀ ပုံနဲ့အထက်ရိုက်ကူးနိုင်မှာဖြစ်တဲ့အတွက် လျှပ်တစ်ပြတ်ပုံရိပ်များ၊ ရေအောက်ပုံရိပ်များကို အံ့သြစရာရုံငြိမ်ဓါတ်ပုံများ အဖြစ်မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်။
၁၀။ အဆုံးမဲ့ပျော်ရွှင်မှုကိုရရှိနိုင်ခြင်း
GoPro ကင်မရာဟာအလွန်အသုံးဝင်တဲ့အပြင်
မဆုံးနိုင်တဲ့ဖြစ်နိုင်ခြေမျိုးစုံမှာ မရိုးနိုင်အောင်အသုံးပြုနိုင်တာဖြစ်တဲ့ အတွက် သင့်ရဲ့ပျော်ရွှင်မှုတွေကိုလည်းအဆုံးမဲ့ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

Aung Nay Myo

No comments:

Post a Comment